၂၀၂၃ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သီတင်းကျွတ်ကာလ ဝင်ရောက်မည့် ခရီးသွား ဧည့်သည်များပြားမှုကြောင့် ဟိုတယ်၊ မိုတယ်အားလုံး၏ ရာခိုင်နှုန်း ၉၀ နီးပါး အခန်းများ ပြည့်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။
"ဧည့်သည်တွေရှိကြပါတယ်။ ဖွင့်တဲ့ဟိုတယ်အားလုံးနီးပါးပြည့်တယ်။ ရာခိုင်နှုန်းနဲ့ ပြောရမယ် ဆိုရင် ရာခိုင်နှုန်း ၈၀ ကျော် ၉၀ နီးပါး ရှိနေပါတယ်။ ရာခိုင်နှုန်း ၉၀ ဝန်းကျင်လောက်တော့ရှိတယ်။ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအားလုံးအတူတူပဲ ပြည့ုတယ်။ အရေအတွက်က ဖွင့်တာက ၈၀ လောက်ရှိတယ်။ ဟိုတယ်ရော၊ တည်းခိုခန်း ရောပါတယ်။ ဧည့်သည်ဝင်ရောက်တာက နိုင်ငံခြားသားက နည်းတယ်။ ပြည်တွင်း Local ကများတယ်"ဟု ပုဂံဇုန်ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။
ယခုနှစ် သီတင်းကျွတ်ကာလတွင် ပုဂံသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်အခန်းကြိုတင် မှာယူထားမှုများရှိနေပြီး အထူးသဖြင့် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ ဘုရားဖူးလည်ပတ်ရန်အတွက် ယခုကတည်းက ကြိုတင်မှာယူထားမှုကြောင့် အခန်းများ ပြည့်နှက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့နှစ်သည့် သီတင်းကျွတ်ရုံး ပိတ်ရက်တွင် ပုဂံဒေသသို့ လာရောက်လည် ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တည်းခိုခန်း၊ စည်ပင်သာယာ၊ ဘုန်ကြီး ကျောင်းတို့တွင် တည်းခိုသူများရှိနေကြ၍ စာရင်းဇယား အတိအကျမ သိရသော်လည်း ပြည်တွင်း ခရီးသွား လေးသိန်း ဝန်းကျင်ရှိခဲ့ကြောင်း ဦးဇော်ဝိတ်က ပြောကြားထားသည်။
ထို့အပြင် ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအလုံးပေါင်း ၁၆၀ ခန့်ရှိ နေပြီး အားလုံး၏ ရာခိုင်နှုန်း ၅၀ ဖြစ်သည့်အလုံးရေ ၈၀ ကို ခရီးသွားရာသီအမီ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲတချို့ ရှိနေသော်လည်း အခန်းခဈေးနှုန်း မတက် စေရန် ထိန်းပြီးလုပ်ကိုင်လည်ပတ်နေဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များအသင်း (ပုဂံဇုန်)မှ သိရသည်။