အမျိုးသားရာကျော် လှေပြိုင်ပွဲအပါအဝင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄
    အမျိုးသားရာကျော် လှေပြိုင်ပွဲအပါအဝင် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများကို စက်တင်ဘာလ ၂၆ ရက်မှစတင်၍ ဖောင်တော်ဦးဘုရားပွဲတော်ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း လှေပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်
    ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း မှီတင်းနေထိုင်ကြသော အင်းသားတိုင်း ရင်းသားတို့၏ တစ်မူထူးခြားသည့် ခြေ ထောက်နှင့် လှေလှော်ခြင်း ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ကို ဖော်ထုတ်၍ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ တိုင်းရင်းသားတို့၏ ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် အား မာန်ကိုပြသရန်၊ အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်အတွက် အင်းသားရိုးရာလှေ လှော်ပြိုင်ပွဲကို ယခုနှစ် သီတင်းကျွတ်ဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူတစ်ဦးကပြောသည်။
    လှေလှော်ပြိုင်ပွဲတွင် အမျိုးသားရာကျော်လှေ၊ အမျိုးသားလေးကျိပ်ခြောက် တက်လှေ၊ အမျိုးသမီးလေးကျိပ်ခြောက်တက် လှေ၊ ကျောင်းသား နှစ်ကျိပ်ခြောက်တက်လှေနှင့် တစ်ဦးချင်းလှေပြိုင်ပွဲ အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် အင်းလေးကန် အတွင်းရှိ ရေလယ်ဧည့်ခန်းမဆောင်ရှေ့ ရေပြင်ကျယ်၌ လည်းကောင်း၊ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ နန်းကပ်ချောင်း ရေပြင်၌လည်းကောင်း၊ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်များတွင် ဖောင်တော်ဦးမြတ် စွာဘုရား သီတင်းသုံးရာ ရတနာစံကျောင်း တော်ရှေ့ ရေပြင်၌ လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    အင်းလေးဖောင်တော်ဦး မြတ်စွာ ဘုရား ရုပ်ရှင်တော်မြတ်များသည်  စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာ ၉ ရက် အထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံမည်ဖြစ်သည်။ ထူးမြတ်

Total Views ~ 45

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.