Breaking

၂၀၂၄ သန်းခေါင်စာရင်းကို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်နိုင်ရန် လမ်းပြမြေပုံတစ်ခုအဖြစ် အကျိုးရှိရှိ အသုံးပြုရန် ယာယီသမ္မတ ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၉ 
    ၂၀၂၄ သန်းခေါင်စာရင်း အစီရင်ခံစာသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်နိုင်ရန် လမ်းပြမြေပုံတစ်ခုအဖြစ် အကျိုးရှိရှိ အသုံးပြုရန် အရေးကြီးကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)( MICC-1) ၌ ပြုလုပ်ခဲ့ရာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
    ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်ပအကူ အညီမပါဘဲ ပြည်တွင်းအားဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက် ဂုဏ်ယူရမည့် အမျိုးသားရေးလုပ်ငန်းစဉ် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စည်းလုံးညီညွတ်သည့် စုပေါင်းအားဖြင့် ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုအဖြစ် ကမ္ဘာ့အလယ်တွင် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခြင်းလည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ယင်းကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာ သုံးသပ်ပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖော်ဆောင်ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့် သွင်းပြောကြားခဲ့ သည်။
    ထိုသို့ဖော်ဆောင်ရာတွင် လူငယ်လူရွယ်များ အရည်အသွေး မြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးကြရန်၊ ပညာရေးကို လုပ်သားဈေးကွက် လိုအပ်ချက်များနှင့် ချိန်ညှိပေးပြီး ခိုင်မာသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ထူ ထောင်ပေးကြရန်၊ နည်းပညာနှင့် မောင်းနှင်သည့် အနာဂတ်ဖြစ်စေရန် မိမိတို့၏ လုပ်သားအင်အားကို ပြင်ဆင်နိုင်အောင် ကြိုးစားကြရန်၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ထိခိုက်လွယ် အုပ်စုများအတွက်လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ တည်ထောင်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    နိုင်ငံတွင်း၌ ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းဖြင့် ရွှေ့ပြောင်းခြင်းကိုအကျိုး ရှိအောင် စီမံခန့်ခွဲပေးကြရန်၊ မိမိတို့နိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုနှင့်အညီ မြေ၊ ရေနှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ မျှတစွာ အသုံးပြုနိုင်အောင် စီမံပေးကြရန်၊ ယနေ့ ကျောင်းစာသင်ခန်းတွင် ရှိနေသည့်ကလေးတိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာ ရှင်၊ အတတ် ပညာရှင်အဖြစ် မှတ်ယူပြီး ပညာရေးကို မြှင့်တင်ပေးကြရန် ယာယီသမ္မတ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရလဒ်များကို မူဝါဒ၊စီမံကိန်းများ ရေးဆွဲချမှတ်သူများ၊ အချက်အလက် အသုံးပြုသူများ အားလုံး အကျိုးရှိရှိ အသုံးပြုနိုင်ရန် ယနေ့ထုတ်ပြန်ပါကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်သည်ဟူ၍လည်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ နဒီ

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

55946

© 2022 - 2025 News. All Rights Reserved.