Madagascar နိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာသင်္ဘောသားနှစ်ဦးအတွက် လွတ်မြောက်ရေး MSFမှ ကြိုးပမ်းနေ၊ အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်ရရှိထား

၂၀၂၃ ၊ နိုဝင်ဘာ ၂၆

    Madagascar နိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာသင်္ဘောသားနှစ်ဦး အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ နိုင်ရေးအတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ ချုပ် MSF မှ ကြိုးပမ်းလျက်ရှိနေပြီး ၎င်းတို့နှစ်ဦးအတွက် အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်ရ ရှိထား ကြောင်း ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင် ကပြောသည်။
    "လောလောဆယ်တော့ မထူးသေးဘူး။ စာရွက်စာတမ်းတွေလုပ်နေတာ မပြီး သေးလို့လေ။ အလှူငွေကတော့ မြန်မာလူမျိုးရဲ့ အကျင့်ပေါ့။ အခု အလှူခံထားတာတော့ သိန်း ၅၀၀ ကျော်လောက်တော့ရပါ ပြီ။ သူတို့လွတ်ဖို့အတွက်ကို ကျွန်တော်တို့က ဒီကောင်လေးတွေကို ထောင်ကလွှတ်ပေး လိုက်ပါဆိုတာမျိုး လုပ်လို့မရဘူးလေ။ ကိုယ့် တိုင်းပြည်မှာလည်း မဟုတ်ဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးအပြည့်အစုံ ရအောင် လုပ်နေရတဲ့ဟာတွေ မပြီးသေးတာ ပေါ့။ ကျွန်တော်တို့ကတော့ အစွမ်းကုန် ကြိုး စားပေးနေပါတယ်ဟု" ၎င်းကပြောသည်။ 
    ၂၀၁၈ ခုနှစ်က Madagascar နိုင်ငံရေပိုင်နက်အတွင်း တာဝန်ထမ်းဆောင် နေသည့် သင်္ဘောပေါ် တွင် အဖမ်းခံရပြီးနောက် ပထမအကြိမ် တရားရုံးအမိန့်ချမှတ်ချက်အရ လေးနှစ်ကြာခန့် အကျဉ်းကျ ခံနေရပြီး ယခုအခါ တရားရုံး ဒုတိယအမိန့်ချမှတ်ပါက နောက်အနှစ် ၂၀ ကျခံရမည့်အခြေအနေ ဖြစ်နေသောကြောင့် AB မောင်ရန်နောင်ဖြိုးနှင့် Oiler မောင်ထွန်းနောင်တို့အား ပြစ်ဒဏ်ချမှတ်ခြင်းမှ လွတ် မြောက်နိုင်ရန်အတွက် တရားရုံးသို့ ဒဏ်ငွေတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ခန့်ကုန်ကျ မည်ဖြစ်သောကြောင့် နှစ်ဦးအတွက်စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀၀ ဒဏ်ငွေအဖြစ် ပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ Madagascar နိုင်ငံရေပိုင်နက်အတွင်း ဖမ်းဆီးခံရသည်မှာ  မြန်မာ သင်္ဘောသားနှစ်ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးရှိကြောင်း သိရသည်။ 
    ဖမ်းဆီးခံရသူ မြန်မာသင်္ဘောသား နှစ်ဦးအနက်မှ AB မောင်ရန်နောင်ဖြိုး၏မိခင် ဒေါ်ပပဝင်းက "ပထမတစ်ခုကတော့ ရေပိုင်နက်ကျူးလွန်မှုပေါ့။ အဲဒါကြောင့် သူတို့က သင်္ဘောကို တစ်စင်းလုံးဖမ်း ထားတယ်။ သူတို့နှစ်ယောက်တည်းမဟုတ်ဘူး။ သင်္ဘောတစ်စင်းလုံးကိုဖမ်းတာ။ သင်္ဘောသားတွေ ရော၊ သင်္ဘောကိုရော ဖမ်းထားတာ။ အဲဒါ ကိုသူတို့က ပထမထောင်ဒဏ်ငါးနှစ်ချတယ်။ အဲဒီငါးနှစ်က သူတို့ကသုံးနှစ်ခွဲ ကျခံပြီးသွားပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဘာနဲ့ အဲဒီငါး နှစ်ကပြီးသွားပြီ။  ဒုတိယအမှု သူတို့က မှောင်ခိုပစ္စည်းတင်တယ်ဆိုပြီးတော့ သံသယရှိတဲ့အမှုပေါ့။ အဲဒါနဲ့ သူတို့က ထောင်ဒဏ်နှစ် ၂၀ ချနိုင်ဖွယ်ရှိတယ်တဲ့။ သင်္ဘောပိုင်ရှင်ကလည်း ရှောင်သွားတယ်"ဟု ၎င်းကပြောသည်။ 
    Madagascar နိုင်ငံတွင် အကျဉ်းကျခံနေရသည့် ညီနောင်သင်္ဘောသားနှစ်ဦးအတွက် ကူညီပံ့ ပိုးနိုင်ရန် မြန်မာနိုင်ငံပင် လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် MSF က ကြေညာချက် ထုတ်ပြန်ထားပြီး အဆိုပါဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၀၀၀၀ စုစည်းရရှိနိုင်ရန်အတွက် ညီနောင်သင်္ဘောသားများမှ တတ်အားသရွေ့ ဝန်းရံ လှူဒါန်းပေးပါရန် တိုက်တွန်းထားသည်။

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43568

© 2022 - 2025 News. All Rights Reserved.