၂၀၂၅ ဇန်နဝါရီ ၃
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) အား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များရှိ ပုဂ္ဂလိက သက်မွေးပညာကျောင်းများဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်းဝင်များအဖြစ် သက်မွေးပညာသင်ကျောင်းများ၊ အလုပ်ခွင်အတွင်း လေ့ကျင့်သင်ကြားရေး လုပ်ဆောင်နေသော လုပ်ငန်းများ၊ သက်မွေးပညာ ဆရာ ဆရာမများ၊ သက်မွေးပညာ ကျွမ်းကျင်သူများ ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ သက်မွေးပညာ (TVET)) ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သွေးသွေးမောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း( MPTA)ကို စတင်တည်ထောင်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
DTTM ။ ။ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုး တက် အောင်မြင်ဖို့အတွက်ကို သက်မွေးပညာကဏ္ဍ ကျောင်းတွေရယ်၊ ကုမ္ပဏီတွေ စိတ်ပါဝင်စားတဲ့သူတွေက မြန်မာနိုင်ငံမှာ ဒါလေးတစ်ခုတော့ ရှိသင့်တယ်ဆိုပြီးတော့ စတင် ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ သက်မွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
TREND ။ ။ အသင်းတည်ထောင်တာ ၁၀ နှစ်ပြည့်မြောက်သွားပြီလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
DTTM ။ ။ ၂၀၁၄ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်းအနေနဲ့ စိတ်တူကိုယ်တူတွေ စုပေါင်းပြီး အသင်းအဖွဲ့ စတင်ထူထောင်ခဲ့ ပါတယ်။ အဲဒီမှာ TVET နဲ့ပတ်သက်တဲ့ ကျောင်းတွေ၊ Training ရှိတဲ့ ကုမ္ပဏီတွေပါမယ်။ အဲဒါတွေ ပေါင်းစည်း ပြီးတဲ့ အခါကျတော့ စတင်ပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း အနေနဲ့ ၁၀ နှစ်တာကာလမှာဆိုရင် အဖွဲ့ဝင်အနေနဲ့ ဆိုရင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ အဖွဲ့ဝင် ၃၀၀ ကျော်လောက် ဖြစ်သွားပါပြီ။ အဲဒီထဲမှာ ကျွမ်းကျင်ပညာရှင် Training ရှိတဲ့ ကုမ္ပဏီတွေပါမယ်။ ဥပမာ - ကင်မရာရိုက်တတ်တယ်ဆို၊ သက်မွေးပညာ ကဏ္ဍတစ်ခုအနေနဲ့ ရထားတယ်ဆိုရင်၊ သက်မွေးကဏ္ဍမှာ လုပ်ဆောင်နေတယ်ဆိုလို့ရှိရင် ကျွန်မတို့ဆီမှာ အဖွဲ့ဝင်အနေနဲ့ ဝင်လို့ရတယ်။ ဒီလိုမျိုး အဖွဲ့ဝင်မန်ဘာတွေ အားလုံးအတွက် Training တွေ၊ Seminar တွေ ပေးတာရှိပါတယ်။ အဲကွန်း ပြင်တတ်တယ်၊ ဆိုင်ကယ် ပြင်တတ်တယ်၊ ပန်းရန်လုပ်ငန်းပေါ့ ဒါတွေကို စနစ်တကျ လုပ်တတ်ဖို့အတွက်ကို သင်ကြားပေးထားတာ ဖြစ်ပါတယ်။ အလှအပရေးရာနဲ့ ပတ်သက်-ပြီးတော့လည်း ဒီအတိုင်းပဲ ပြင်တော့ပြင်လိုက်တယ်။ ဒါပေမဲ့ စနစ်တကျ ဘယ်လိုပြင်မလဲပေါ့။ သန့် ရှင်းရေး လုပ်မယ်ဆိုလည်း သူ့မှာလည်း အဆင့်ဆင့်လုပ် ဆောင်နည်းတွေ ရှိတယ်။ ကိုယ်ကတော့ ပြင်တာကြိုက်တယ်။ ဒါပေမဲ့ ဈေးကွက်က လက်မခံနိုင်တဲ့ အနေအ ထားဖြစ်တဲ့အတွက် အဆင်မပြေနိုင်ဘူး။ အဲဒါတွေကို ကျွန်မတို့အနေနဲ့ သင်ကြားရေး နည်းစsနစ်တွေ ရှိတယ်။ ဒါပေမဲ့လည်း အများက လက်ခံလာအောင် လုပ်ရသလို ကျွန်မတို့နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ Industry တွေ လက်ခံလာနိုင်အောင်လည်း ကြိုးစားရတယ်။ ပရောဂျက်တွေ ဆိုလို့ရှိရင်လည်း Development ပါတနာတွေနဲ့ တွဲဖက်ထားတာရှိတယ်။ သူတို့နဲ့ တွဲဖက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ တချို့ လိုအပ်တဲ့ ဒေသတွေမှာ သူတို့ဖော် ဆောင်ချင်တဲ့ သက်မွေးပညာနဲ့ ပတ်သက်တဲ့ဟာတွေကို ဖော်ဆောင်တယ်။ အဲဒီလိုမျိုး ၁၀ နှစ်တာ ကာလမှာ ကျွန်မတို့ ဖြတ်သန်းခဲ့ကြတာပေါ့။ အခုဆိုရင် သက်မွေးကဏ္ဍမှာ သင်တန်းဆင်းတဲ့ ကျောင်းသားတွေဆို သုံးသောင်းကျော်လောက်ဖြစ်နေပြီ။ သင်တန်းပေးအပ်တာ တွေဆိုလည်း အများကြီး ဖြစ်နေပြီ။ ဘယ်လိုဖော်ဆောင်လဲဆိုရင် ကော်မတီသုံးခု ရှိတယ်။ Development ကော် မတီ၊ PR ကော်မတီ DT ကော်မတီဆိုပြီး ရှိတယ်။ အဲဒီ ကော်မတီတွေအပြင်ကို ကျွန်မတို့က ၂၀၂၄ မှာ TDI ဆိုပြီး ထပ်မံတည်ထောင်လိုက်ပါတယ်။

TREND ။ ။ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုး (TVET Development Institute (TDI) ) ကို ထပ်မံတည်ထောင်ဖြစ်ပုံလေး ရှင်းပြပေးပါဦး။
DTTM ။ ။ ၂၀၂၄ ခုနှစ်မှာ TDI ဆိုပြီးတော့ ထပ်ပြီးတော့ တည်ထောင်လိုက်တယ်။ အဲဒါကတော့ In-stitute တစ်ခုအနေနဲ့ TVET နဲ့ ပတ်သက်တဲ့ သုတေ သနတွေလုပ်တယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုကို အောင်မြင်တိုးတက်အောင် လုပ်မယ်ဆိုရင်တော့ Research Development ကတော့ မပါမဖြစ်ပေါ့။ အဲ့ဒါကြောင့် သက်မွေးပညာနဲ့ ပတ်သက်ပြီး Research Development တွေလုပ်မယ် TVET နဲ့ ပတ်သက်တဲ့ စံ သတ်မှတ်ချက်တွေ သတ်မှတ်တာတို့ လုပ်ဆောင်သွားနိုင် TDI ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
TREND ။ ။ မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေး ပညာအသင်း (MPTA) မှာ အသင်းဝင်မယ့်သူတွေကိုရော ဘယ်လိုမျိုး လုပ်ဆောင်ရမှာပါလဲ။
DTTM ။ ။ အသင်းဝင်မယ်ဆိုရင် ဝက်ဘ်ဆိုက်မှာလည်း မန်ဘာဖောင်လေးတွေ ထည့်သွင်းထားပါတယ်။ ဖေ့စ်ဘွတ်မှာလည်း ဖောင်ဖြည့်သွင်းပြီး မန်ဘာ ဝင်ရောက်နိုင်ပါတယ်။ သက်မွေးပညာကို စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ်တိုင်လည်း သက်မွေးပညာရပ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ သူတွေအားလုံး အသင်းဝင်ရောက် နိုင်ပါတယ်။ ဒီလိုမျိုးအသင်းကို ဝင်ရောက်ခြင်းအားဖြင့် သင်တန်းတွေကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်သလို ကျွန်မတို့နဲ့ တွဲဖက်လုပ်ဆောင်နေတဲ့ ဆရာတွေကို ခေါ်ပြီးတော့ တွဲဖက်လုပ်ဆောင်တာ ရှိတယ်။ အသင်းထဲမှာလည်း ဖော်ဆောင်နိုင်တဲ့သူတွေ ရှိနေပြီဆို ဒီလူတွေကို ဟန်ချက်ညီညီ ဘယ်လိုသွားရမလဲဆိုတာတွေကို TVET အောင်မြင်ဖို့အတွက် လုပ်ဆောင်လျက်ရှိပါတယ်။
TREND ။ ။ သက်မွေးပညာ (TVET ) က ဖွံ့ဖြိုး ရေးအတွက် ဘယ်လိုမျိုး လုပ်ဆောင်လျက်ရှိပါသလဲ။
DTTM ။ ။ သက်မွေးပညာက လူတွေကြားမှာ အရမ်းကြီးပေါ်ပြူလာ မဖြစ်ဘူး။ ပေါ်ပြူလာဖြစ်တာက အမှတ်များများနဲ့ရမယ့် ဆရာဝန်၊ အင်ဂျင်နီယာ လိုမျိုးတွေကို မိဘတွေကလည်း ဖြစ်စေချင်တာလေ။ ကျောင်းသူကျောင်းသားတွေ အားလုံးကလည်း အောင်မြင်ဖို့ ဒီလိုမျိုးပဲ သွားချင်တယ်။ ဒါပေမဲ့ TVET နဲ့ ပြီး တဲ့သူတွေကကျတော့ ဂုဏ်မရှိဘူးဆိုတဲ့ အမြင်လေးတွေလည်း ရှိတာပေါ့။ တကယ်တော့ သက်မွေးကဏ္ဍမှာ လက်တွဲပြီးတော့ ပြောချင်တာက ဘယ်ပညာရပ်မဆို သေသေချာချာ လေ့လာထားပြီးပြီဆိုလို့ရှိရင် အောင်မြင်အောင် လုပ်လို့ရတယ်။ ဘယ်ပညာရပ်တွေကိုမဆို မတောက်တခေါက်လောက်ပဲ တတ်ထားမယ်ဆိုလို့ရှိရင်တော့ အောင်မြင်ဖို့ မလွယ်ဘူး။ အင်ဂျင်နီယာဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ်၊ စက်ချုပ်ပညာရပ်တွေ ဘာပဲဖြစ်ဖြစ် ပေါ့။ ဒီအပေါ်မှာ သေသေချာချာ သင်ကြားပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်မှသာ သက်မွေး ပညာရပ်မှာ အောင်မြင်နိုင်မယ်။ ထို့နည်းတူ သက်မွေး ပညာရပ်ဖြစ်တဲ့ စက်ချုပ်ပညာဆိုရင်လည်း ဒီဇိုင်နာအ ထိ လုပ်ကိုင်နိုင်သလို၊ အလှပြင်တာလည်း ဒါတွေနဲ့လည်း ပိုက်ဆံတွေ အများကြီးဝင်တာတွေ ရှိပါတယ်။ ဒီလိုမျိုး ဖြစ်လာတော့မှ လူတွေက ဒါတွေကို တစိုက်မတ်မတ်နဲ့ ကြိုးစားပြီး လုပ်လာကြတယ်။ တစိုက်မတ်မတ် လုပ်ဆောင်ဖို့က အမြင်လေးတွေ ပြောင်းလဲဖို့လိုတယ်။
TREND ။ ။ အမြင်လေးတွေ ပြောင်းလဲဖို့ဆို တာက ဘယ်လိုမျိုးကို ဆိုလိုတာလဲ၊ ဒါလေးကိုလည်း ရှင်းပြပေးပါဦး။
DTTM ။ ။ စောစောကပြောသလို ဆိုင်ကယ်ပြင်မယ်ဆိုရင်လည်း ပစ္စည်းကို လက်တွေ့ပြသရတာ ဖြစ်ပါတယ်။ နောက်ပြီး သက်မွေးပညာရပ်ဆိုတာ ဂုဏ်ငယ်တဲ့ဟာတော့ မဟုတ်ပါဘူး။ သက်မွေးပညာရပ်ကို ကျွမ်း ကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်ဆိုလို့ရှိရင် အလုပ်လုပ်လို့ ရမယ်။ ရှေ့ဆက်လို့ရမယ်။ အမြင်လေးတွေ နည်းနည်းပြောင်းလိုက်မယ် ဆိုလို့ရှိရင်တော့ သက်မွေးကဏ္ဍက ပိုပြီးတော့ အောင်မြင်လာမှာ ဖြစ်ပါတယ်။ သက်မွေးပညာကဏ္ဍ တိုးတက်ဖို့အတွက် လုပ်လို့ရမယ့် နည်းလမ်းတွေ အကုန်လုံးသုံးပြီး ကြိုးစားဆောင်ရွက်သွားမှာပါ။
TREND ။ ။ လက်ရှိမှာရော ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါသလဲ။
DTTM ။ ။ ကျွန်မတို့ သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြီးခဲ့တဲ့ ၁၀ နှစ်ပြည့် အခမ်း အနားမှာ MoU အဖွဲ့လေးဖွဲ့ လက်မှတ်ရေးထိုးထားပါ တယ်။ Disabled People's Development Organiza-tion (DPDO) ? Environment, Health and Safety Myanmar - EHS Myanmar ? Zabai Myanmar eJY Myanmar Women Entrepreneurs Network (MYANWEN) အဖွဲ့ ဖြစ်ပါတယ်။ သက်မွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး Seminar တွေပေးတာတို့ Talk Show တွေ ပြောတာတို့ ဒါတွေကိုလည်း ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း သက်မွေးပညာရပ်နဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းတွေ သုံးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တချ-ို့ပညာရပ်တွေဆိုရင် နိုင်ငံခြားကိုသွား ပြီးတော့ တက်တဲ့အခါမှာ ဒေါ်လာပေါင်းများစွာပေးပြီး တက်ရတာတွေလည်း ရှိတယ်။
TREND ။ ။ သင်တန်းပေးတဲ့အခါမှာ ဘယ်လိုပုံစံမျိုးတွေ ပို့ချပေးနေတာလဲ။
DTTM ။ ။ သက်မွေးကဏ္ဍကကျတော့ အွန်လိုင်းနဲ့တော့ သင်တန်းပေးလို့ မရဘူး။ လက်တွေ့ သင်တန်းပေးရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သင်တန်းကျောင်းတွေမှာပဲ သင်တန်းပေးရပါတယ်။ ဆိုင်ကယ်ပြင်တယ်ဆိုရင် Power Point နဲ့ ထိုးပြပြီး သင်လို့မရဘူး။ ဆိုင်ကယ်တစ်စီးလုံးချပြီးတော့ လက်တွေ့သင်ရတယ်။ ဒီပစ္စည်းတွေက နာမည်ဘယ်လိုခေါ်လဲဆိုတာမျိုးကအစ သင်ကြားပေးရတယ်။ နောက်စက်ချုပ်ဆိုလည်း ပိတ်စဖြတ်တာကအစ သေသေချာချာလေးပြောပြီး သင်ကြားပေးတယ်။ ကျွန်မတို့လုပ်တဲ့ သင်တန်းတွေက Development ပါတနာတွေနဲ့ တွဲဖက်ထားတာ ဖြစ်တဲ့ အတွက် အခမဲ့သင်ကြားပို့ချပေးတာ များပါတယ်။ DOT ကြတော့လည်း ဈေးနှုန်း သက်သက်သာသာနဲ့ အခန်း ကြေးလောက်ပဲ ယူတာပါ။ နောက်သင်တန်းတက်ချင်တယ်ဆိုရင် ကျွန်မတို Facebook မှာ အမြဲတမ်း တင်ပေးထားတယ်။ အခမဲ့ သင်တန်းတွေနဲ့အတူ သင်တန်းကြေးကို သက်သက်သာသာနဲ့ ယူပေးတဲ့သင်တန်း တွေ ရှိပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါဦး။
DTTM ။ ။ ရှေ့ဆက်ပြီးတော့ သက်မွေး ပညာအောင်မြင်အောင် အကောင်အထည် ဖော်မယ်။ နိုင်ငံအတွင်းမှာ ဆိုရင်လည်း ကျွန်မတို့ကို နိုင်ငံတော်အနေနဲ့ ပံ့ပိုးမှုရရှိခဲ့ရင်လည်း ပိုကောင်းတာပေါ့။ ပံ့ပိုးမှု ဆိုတာက အသိအမှတ်ပြုတာတို့၊ ဖွံ့ဖြိုးမှုအနေနဲ့ လုပ်ပေးတာတို့ ဒါတွေရရှိအောင် ဆောင်ရွက်သွားမယ်။ ကျွန်မတို့အနေနဲ့ လူငယ်လူရွယ်တွေလည်း သက်မွေးပညာကို စိတ်ဝင်စားလာအောင် မွေးထုတ်ပေးတာတို့၊ သင်ကြားတဲ့ ဆရာ၊ ဆရာမတွေ များများထွက်လာအောင် သင် တန်းတွေပေးတဲ့အခါမှာလည်း ကဏ္ဍအလိုက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ သက်မှူး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )