၂၀၂၅ ၊ စက်တင်ဘာ ၁၉
နိုင်ငံတစ်နိုင်ငံမှာ e-Government ဆိုတာ မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုပါ။ e-Govt ဆိုတာ Web-sites ? Apps နဲ့ Online Systems တွေကို စနစ်တကျသုံးပြီး နိုင်ငံတော်က ပြည်သူအတွက် ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုတွေပေးတာ၊ ပြည်သူတွေသိသင့်တဲ့ အချက်အလက်တွေကို အလွယ်တကူ ကြည့်လို့ရအောင် ဖန်တီးပေးတာ ပြည်သူ၊ လုပ်ငန်းရှင်တွေ၊ တခြားအစိုးရဌာနချင်းနဲ့ ပေါင်းစပ်ပေးတာ၊ လိုတိုရှင်းပြောလို့ရ ပါတယ်။ ဒီစနစ်ရှိဖို့ ဘာကြောင့်လိုသလဲဆိုတော့ လူ့သဘာဝအရ အလွယ်ကြိုက်တယ်။ သက်သောင့်သက်သာ ဖြစ်ချင်တယ်၊ ကောင်းမွန်တဲ့ (Accessibility) ရှိတော့ မီတာခပေးမလား၊ ဆီဆိုင်မှာ ဆီထည့်မလား၊ သိချင်တာရှိရင် ဌာနဆိုင်ရာကိစ္စကိုမေးမလား အဆင်ပြေပါတယ်။ ထိရောက်မှု Efficiency ရှိတယ်။ မြန်တယ်၊ ကရိကထမများဘူး၊ အကုန်အကျ သက်သာတယ်၊ l(Transparency) ပွင့်လင်းမြင်သာမှုရှိတယ်။ အများပြည်သူ (Citizen Convenience) အဆင်ပြေ၊ အချိန်ကုန်သက်သာရုံသာမက စိတ်ချမ်းသာတယ်။ (Better Governance) ဌာနဆိုင်ရာ အချက်အ လက် ထိန်းသိမ်းရတာ၊ ဆုံးဖြတ်ချက်ချရတာ မြန်တယ်။ နောက်ဆုံး တော့ ပြည်သူတွေအဆင်ပြေဖို့ ဖြစ်လာတဲ့အတွက် အစိုးရအပေါ် ကျေးဇူး တင်၊ ဝန်ထမ်းတွေ အပေါ်လေး စားချစ်ခင် အကောင်းမြင်လာမှာ ဖြစ်ပါ တယ်။
ရက်ပိုင်းလေးပဲ ကြာပါဦးမယ်။ ဆိပ်ကမ်းတစ်ခုက တာဝန်ရှိသူ ဝန်ထမ်းတွေကို သက်ဆိုင်ရာက ခေါ် ယူမေးမြန်းလျက်ရှိကြောင်း ကြားလိုက်ရပါတယ်။ ဒီသတင်းမျိုး မကြာခဏကြားရပါတယ်။ အခုမှ ပြဿနာဖြစ်ကြတာမဟုတ်ပါဘူး၊ အမြဲတမ်းဖြစ်နေတဲ့ ပြဿနာပါ။ အဓိကအားနည်း ချက်က ဌာနတွေမှာ 'နိုင်နင်းအောင် ကြီးကြပ်နိုင်တဲ့ စနစ်မရှိတာ။ စနစ်ရှိရင်တောင် (ယိုပေါက်ဟာပေါက်ကို တမင်ဖန်တီး ထားပြီး စနစ်ကိုကျော် ဖြတ်တာလား)တောင် အောက်မေ့ရပါတယ်။ အားနည်းချက်ကဘာလဲဆိုတော့ စနစ်မရှိတာပါ။ (Standard Operating Procedure.SOP )မရှိတာပါ။ သတင်းမပေါက်အောင်ဘယ်လို ကိုင်တွယ်ရ မယ်။ (Security clearance level/ Security Apps)ဘာစနစ်တွေ တားဆီးထားရမယ်။ လုံခြုံရေးအဆင့် သတ်မှတ်ထားပြီး ဘယ်အချိန်မှာ ဘယ်အဆင့်သာ သိရမယ်ဆိုတဲ့ (ဖရဲသီးရန်ကာ) အတားအဆီလေးတွေရှိဖို့ပါ။ ဒါတွေဟာ e-Govt မှာ ကျွန်တော်တို့ ၁၉၉၀ နှောင်းပိုင်းလောက်ကစပြီး လုပ်ခဲ့တာပါ။ အာဆီယံက e-ASEAN ဆိုပြီး အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေအတွင်းမှာ သတင်းနဲ့ ဆက်သွယ်မှုနည်း ပညာပိုင်းဆိုင်ရာ တိုးတက်မှုအ တွက် နိုင်ငံတိုင်းမှာ e-National Task Force ကို ဖွဲ့စည်းပြီးတော့ e-Govt လုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ e-Govt ဆိုတာ အရှင်းဆုံးပြောရရင် အစိုးရယန္တရားကြီး စနစ်တကျနဲ့ မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ဖို့ နည်းပညာကို သုံးတာပါ။ Services Faster, Easier and more Tran-spsrent Through Technology။ အဲဒီတုန်းက အမှတ်ရတာလေးတွေ ပြန်ပြောရရင် နဝတခေတ်ဖြစ်ပါတယ်။ အရင်ခေတ်ကအခေါ် 'ICT Park' ကို သက္က ရာဇ် ၂၀၀၀ မှာ ဖွင့်ခဲ့ပါတယ်။ (ရက်စွဲလွဲချင် လွဲနိုင်ပါတယ်)စဖွင့်လိုက်ပြီး မကြာခင်မှာ မြန်မာ e-NTF ကို ဖွဲ့လိုက်ပြီးတော့ e-Govt လုပ်ငန်းတွေ စလုပ်ခဲ့ပါတယ်။ လုပ်ငန်းကော်မတီမှာ ပညာရေး၊ ဥပဒေရေးရာ Apps စတဲ့ လုပ်ငန်းဆပ် ကော်မတီလေးတွေက သူ့သက်ဆိုင်ရာလုပ်ငန်းတွေကို e-ASEAN ရုံးချုပ်နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ e- NTF နဲ့ e-ASEAN တို့ဟာ အတော်ပူးပေါင်း ဆောင်ရွက်မှုကောင်းပြီး အထူးသဖြင့်တော့ မလေးရှားနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ မလေးရှားကလည်း အဲဒီအချိန်က Multimedia Super Corridor ဆိုပြီး Putrajaya မှာ မြို့တော်ကြီးသီးသန့်ဆောက်လုပ်ပြီး ICT ကိစ္စတွေကို ဝန်ကြီးချုပ် Dr.Mathir က ကိုယ်တိုင် အတော်အာရုံစိုက်ပြီး အားပေးခဲ့တာကြောင့် ဒေသတွင်းမှာ အတော်နေရာ ယူထား နိုင်တာ ဖြစ်ပါတယ်။ (ကျွန်တော်တို့ သူတို့ဆီက အတွေ့အကြုံ ယူရပါတယ်)။
ဒေသတွင်းမှာ မြန်မာဟာ ICT လောကမှာ နိုင်ငံအလိုက်အဆင့်မှာ တကယ့်ကို မူလတန်းအဆင့် လောက်ပဲ ရှိပါတယ်။ ICT ပညာရှင်တွေကတော့ အတော်အဆင့်ရှိသူတွေက အများကြီးပါ။ Software Developer တွေကလည်း သူ့ဟာနဲ့သူ အလုပ်တွေဖြစ်နေကြတာ အထိုက်အ လျောက် ရှိနေကြပါတယ်။ ဒါပေမဲ့ ပြဿနာကအဲဒီအချိန်က Internet မရှိတော့ Software တွေရေးနေတုန်းမှာ ချောချောမွေ့မွေ့ဖြစ် အောင် နိုင်ငံခြားက Customer ဆီကို Courier Service နဲ့ အကြမ်းထည်ကို ခေါက်တုံ့ခေါက်ပြန်ပို့ရင်း။ (Debug) လုပ်နေ ရတဲ့အဆင့်ပါ။ ဒီအခက်အခဲကို ထိုစဉ်က နဝတအတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က မြန်မာနိုင်ငံ ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌကိုတင်ပြပြီးတော့ ရေးကြီးသုတ်ပြာ နိုင်ငံမှာ Internet တပ်ဆင်အသုံးပြုနိုင်ဖို့အတွက် နဝတဥက္ကဋ္ဌဆီက ခွင့်ပြုချက်ရအောင် လိမ်လိမ် မာမာတင်ပြပြီး လုပ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။
Internet ရတော့မှပဲ လုပ်ငန်းရှင်တွေ အဆင်ပြေသွားသလို ပြည်သူတွေအားလုံး Live Style ကြီးပါ ပြောင်းလဲသွားပါတော့တယ်။ (အခုချိန်မှာဆိုရင်တော့ Internet နဲ့ Connectivity သာမရရင် လိပ်ပက်လက်လှန်ထားသလို အတော်ကသိကအောက်ဖြစ်နေတာ ကိုယ်တိုင်သတိထားမိကြမှာပါ။) ဒီမှာ ပြောချင်တာက မြန်မာ့ e-NTF ရဲ့ လုပ်ငန်းတွေဟာ အကြံတူ နောက်လူကောင်း စမြဲဆိုသလို 'Late Comer's Advantage' ရပြီး ၂၀၀၂ ခုနှစ်မှာ လက်ဗွေပုံနဲ့ တိုက်စစ်လို့ရတဲ့ e-Passport ထုတ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ (အာရှမှာ First Biometrics Passport ပထမဆုံး ထုတ်သုံးနိုင်တဲ့နိုင်ငံဖြစ်ခဲ့ပြီးတော့ Launch မှာ Dr.Maharthi အထူးလေယာဉ်နဲ့လာ ပြီး ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။) အဲဒီအချိန်က PP ထုတ်ပေးဖို့ လုံခြုံရေးလေးဌာန (SB/ CID/ BSI/ DDSI) တို့ရဲ့ လူမည်းစာရင်းမှတ်တမ်းစစ်တာက အလွန်ကြာပါတယ်။ ဒါကို 'ကကလှမ်း'မှာ စုပေါင်းပြီး Central Database အဖြစ်ထားလိုက်တော့၊ စစ်ရတာ မြန်သွားပါတယ်။ PP ထဲကို Data Entry လုပ်တာလည်း ဘယ်သူ၊ ဘယ်အချိန်မှာ၊ ဘယ်ပတ်စ်ပို့ကို သွင်းတယ်ဆိုတာ Video နဲ့ပါ မှတ်တမ်းထားတော့ ဘာကူလီကူမာမှ လုပ်လို့မရပါဘူး။ (ပြောချင်တာက ဆန္ဒရှိဖို့။ စနစ်ကျဖို့။ စီမံတတ်ဖို့ ပါ)။
e-Passport ဟာ e-Govt လုပ်ငန်းရပ်မှာ ပါပါတယ်။ e-NTF ဟာ ဆက်ပြီးတော့ Tourism Promotion ကို အထောက်အကူဖြစ်အောင် e-Visa ပါ ထုတ်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာက ကြိုက်တဲ့နေရာကလျှောက် ဒေါ်လာ ၃၀ ကောက်ပါတယ်။ အဆင်လည်းပြေ၊ FE လည်းရ။ အဲဒီတုန်းက ငွေလွှဲနိုင်အောင် Sanction ကြောင့် အတော်ခက်ခက်ခဲခဲ လုပ်ယူရကြောင်း သိရပါတယ်။ ဒါတင်မက အဂတိတရားကင်းအောင် e-Tender ပါလုပ်နိုင်နေပါပြီ။ e-NTF က လုပ်တဲ့ရည်ရွယ်ချက်က (Computerisation has to start at Potential Corrupt-able Places) ဆိုတဲ့ လာဘ်အပေးအယူ ဖြစ်နိုင်ဖွယ်အရှိဆုံး၊ တိုင်းပြည်အတွက် အယိုအဖိတ်အများဆုံးဖြစ် နိုင်တဲ့နေရာတွေကို အဟန့်အတား ဖြစ်စေချင်တဲ့အမြင်နဲ့ လုပ်ခဲ့တာပါ။ နောက်ဆုံး e-Driving Licence လုပ်ဖို့ အချိန်မှာ အခြေအနေ မပေးတော့တဲ့အတွက် ဆက်မလုပ်နိုင်တော့ပါဘူး။ မြန်မာ e-NTF ဆိုရင် e-ASEAN Task Force မှာ အတော်မျက်နှာပန်းလှခဲ့တယ်လို့ သိရပါတယ်။ (ဘောလုံးလောကမှာ တစ်ချိန်က ရွှေခေတ် ဆန်းခဲ့သလိုပေါ့ဗျာ)။ ICT ကိစ္စတွေမှာ မြန်မာက မလေးရှားကို အတုယူရတာပါ။ နောက်ပိုင်းတော့ ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မြန်မာစီမံတဲ့ e- Passport ကိုလက်ခံလို့ သူတို့နိုင်ငံ သားတွေအတွက် လုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ e-NTF ဟာ နောက်ပိုင်းမှာ ဘာကြောင့်အရှိန်အဟုန် ကျသွားတယ်ဆိုတာ မသိပါ။ ဆယ်စုနှစ်နှစ်ခုလောက် ငုပ်လျှိုးသွားတာကို ပြန်နိုးထစေချင်ပါတယ်။ ကနေ့ စေ့စေ့စပ်စပ်ပြန်ကြည့်ရင် တစ်ဖက်က နိုင်ငံခြားကုမ္ပဏီတွေဆီက အပ်ထည်တွေ၊ မြန်မာ IT ကုမ္ပဏီအတော်များများ ရကြသလို၊ နိုင်ငံခြားပြောင်း အခြေစိုက်တဲ့ ကုမ္ပဏီတချို့ရှိပါတယ်။ ကျန်းမာရေး၊ ငွေကြေးစတဲ့ App တွေရေးပြီး အလုပ်ကောင်းနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ တစ်ဦးချင်း ပညာရှင်တွေလည်း ရေကြည်ရာမြက်နုရာ့ US/ ME / Thai / Vietnami စတဲ့ နိုင်ငံတွေမှာ အလုပ်ကောင်းတွေ ရနေကြပါတယ်။ ပြည်တွင်းမှာတော့ ဒီလောကကို သိပ်ဂရုမထားတဲ့အချိန်မှာ လူတွေတရားပျက်လာချိန်၊ အထိန်းအကွပ်လျော့ရဲလာချိန်မှာတော့ တောကြောင်တွေ အမြီးကျက်တာကိုတောင် မစောင့်တော့ဘဲ နှိုက်စားတဲ့အကျင့်တွေ တစ်စတစ်စ များလာပါတယ်။ တိုင်းပြည်အနေနဲ့ ငွေကြေးဆုံးရှုံးတာထက် (Moral Bankrupcy) ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ တစ်စတစ်စ ပျက်သုဉ်းကုန်တာ။ လူရိုသေရှင်ရိုသေမဖြစ်တော့တာ စိတ်ပျက်ဖို့ကောင်းတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တာပါ။
အရေးကြီးဆုံးက Political Will ပါ။ 'တိုင်းချစ်ပြည်ချစ်စိတ်လေးနဲ့ စေတနာပါပါ၊ ဉာဏ်ကိုသာ လွှာသုံးတတ်ရင်'၊ 'လုပ်တတ်တဲ့သူကိုသာခိုင်းရင်' ဒီလောက်လူနဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ အလဟဿ မဖြစ်ပါဘူး။ တန်ဖိုးရှိတဲ့အချိန်တွေလည်း မကုန်တော့ပါဘူး။ သိသာလွန်းတဲ့ ဥပမာလေးတွေ ပြရရင်၊ e-Govt သည် ဥပဒေကို နည်းပညာကူပြီး ထိန်းသိမ်းတဲ့ နည်းပါ။ (Legalisation Integrated with Systemisation) ဥပမာရဲတွေကို Body Cam တပ်ပေးလိုက်ပါ။ (Rules of Engagement)ပါ မှန်၊ မမှန်သိရပါလိမ့်မယ်။ ဖမ်းပြီးရင် ဒဏ်ဆောင်ဖို့အတွက်ကလည်း Ticket ပေးလိုက်ပါ။ Online က ဒဏ်ဆောင်ခိုင်းလိုက်ပါ။ အချိန်လွန်ရင်နှစ် ဆတိုးအပြစ်ဒဏ် သတ်မှတ်ထားလိုက်ပါ။ ဘယ်သူမှ ချိုကြွရဲတော့မှာ မဟုတ်ပါဘူး။ US မှာ Overspeed လုပ်ရင် နှစ်ရက်အတွင်း Mailbox ထဲစာရောက်လာသလို Thai မှာလည်း (Red Light)ကို (Beat) လုပ်တာနဲ့ ချက်ချင်းဒဏ်ဆောင်ဖို့စာ အိမ်ရောက်လာတယ်။ Wet Market ဈေးမှာ ကန်စွန်းရွက်တောင် (Scan) ဖတ်ရောင်းပါတယ်။
ကျွန်တော်တို့က သူများနောက်ကလိုက်ရတာ ရွေးစရာလမ်းက အများကြီးပါ။ ဒါကို lnventing the Wheel ဆိုသလို ကိုယ့်ဟာကိုယ်လမ်းထွင်ပြီး တောတိုးမယ်ကြံရင်တော့ ကိုယ့်လောက်တုံးတဲ့ လူရှိမှာ မဟုတ်တော့ပါဘူး။(အခုဟာက စည်းကမ်းထိန်းတာလည်း မထိရောက်၊ နိုင်ငံတော်ကလည်း အခွန်မရ၊ ဝန်ထမ်းတွေလည်း အကျင့်ပျက်၊ အရေးယူရတဲ့လူကလည်း လူဆိုးဖြစ် မိအေးအထပ်ထပ်နာ ဇာတ်လမ်းကြီးပါ။) ဒီတော့ လုပ်လို့ရတာတွေအားလုံး နည်းပညာနဲ့ဝက်အူကျပ်လိုက်ပါ။ ဒီလိုကျပ်နိုင်အောင်၊ e-NTF ကို ပြန်လည်ဖွဲ့စည်းပေးဖို့ လိုပါလိမ့်မယ်။ တတ်သိနားလည်ပြီး အတွေ့အကြုံရှိ တဲ့သူတွေ အများကြီးရှိပါတယ်။ တစ်ခုသတိပြုရမှာက (ICT Cross all Ministries) ဆိုတဲ့အတိုင်း ICT ဟာ ဝန် ကြီးဌာန တိုင်းနဲ့ပတ်သက်နေတဲ့အတွက် 'e-NTF ဥက္ကဋ္ဌ'ဟာ ကျန်ဝန်ကြီးဌာနတွေအပေါ်မှာ ထိန်းချုပ်နိုင်ဖို့အတွက် ဒုတိယဝန်ကြီးချုပ်လောက်တော့ ဖြစ်ဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော် အခုတလော အလုပ်ကိစ္စအတွက် ဌာနဆိုင်ရာ ပုဂ္ဂိုလ်အတော်မျာများနဲ့ စကားပြောရပါတယ်။ အများစုဟာ ရွေးကောက်ပွဲကာလကို အကြောင်းပြပြီး ဖြီးတဲ့လူကဖြီး၊ လူလည်တွေက အိလေးဆွဲနေပါတယ်။ Delay Tactics တွေသုံးပြီး အထက်လူကြီးတွေကို ညာနေပါတယ်။ (အမြဲတမ်းအတွင်းဝန်တွေ ခန့်ထား တာ ဒီလိုကြားကာလမှာ လုပ်ငန်းတွေ အရှိန်အဟုန်မပျက်အောင် လုပ်ဖို့ပါ။) ခုချိန်မှာ စိတ်ဓာတ် (Mo)မကောင်းတဲ့သူတွေဟာ Page-2 အတွက် အခုကတည်းက လက်တွဲဖြုတ်ပစ်ခဲ့ရမှာပါ။ ဒီလူတွေဟာ (Transition Period) အတွက် (Eligible မဖြစ်တဲ့) အံမဝင်သူတွေပါ။ ကျွန်တော်တို့ဆီမှာ 'စနစ်'ရှိဖို့နဲ့ စနစ်ကျ အောင်လုပ်ဖို့ များသောအားဖြင့် သိပ်အလေးထားပုံမပေါ်ပါဘူး။ ရောက်တဲ့ကွေ့မှာ ကြုံတဲ့တက်နဲ့ လှော် ကြတာများပါတယ်။ ရုံး၊ ဌာနတွေမှာ SOP (Standard Operating Procedure) မရှိကြပါဘူး။ ကုမ္ပဏီတွေမှာ (Company Handbook) ထားလေ့ မရှိကြပါဘူး။ လက်တန်းလုပ်ကြ တာများပါတယ်။ ဒါကြောင့် တိုးတက်သင့်သလောက် မတိုးတက်တော့ပါဘူး။
သေသေချာချာ ဂရုလေးစိုက်ပြီး ပြက္ခဒိန်ပြန် လှန်လိုက်ရင် လွန်ခဲတဲ့ အနှစ် ၇၀ က အိမ်နီးနားချင်း တွေ ပြန်ကြည့်လိုက်ပါ။ အဲဒီတုန်းက(ဘိုဘိုဟန်သီချင်းလို နင်ဘယ်သူလဲ၊ ငါဘယ်သူလဲ) Exchange Rate Parity ပြန်ကြည့်လိုက်ပါ။ ဒါတွေဟာ မြင်တတ်အောင် ပေါင်ပါလှန်ပြနေရတဲ့ Economic Indicators တွေပါ။ ဘယ်သူ့မှ အပြစ်မတင်ပါနဲ့၊ ကိုယ့်ဘာသာကိုယ်ပြန်မေး ဘီလျံနာအမည်ခံ A4 သူဌေးကြီးတွေ အခွန်ဘယ် လောက်ဆောင်သလဲ၊ တစ်နေ့ကို လူနာရာချီကြည့်တဲ့ အထူးကုကြီးတွေ အခွန်ဘယ်လောက်ဆောင်သလဲ၊ တော်လှန်ရေးသမား အမည်ခံသောင်းကျန်းသူတွေ မိုင်းဘယ်နှခု မောင်ပိုင်စီးထားသလဲ၊ အကျင့်ပျက်ဝန်ထမ်းတွေ တစ်နေ့ဝင်ငွေဘယ်လောက်ရှိသလဲ။ ပြောချင်တာက 'တော်ကြပါတော့'၊ 'ရှက်လဲရှက် တတ်ကြပါတော့'၊ 'အသိတရားလေးတွေလည်း ရှိကြပါတော့'၊ 'စနစ်ဇယားလေးနဲ့ အလုပ်လုပ်ကြပါတော့'။ ကျွန်တော့်ဆရာတစ်ယောက် ပြောသလိုပါပဲ "If you guys don't have an SOP, youll Become an SOB " ကျွန်တော်တို့ page-2 ကို ထိထိမိမိရေးနိုင်ဖို့ အခုကတည်းက e-Government Plan ကောင်းကောင်း၊ SOP ကောင်း ကောင်းရှိဖို့လိုပါတယ်။ ကောင်းတဲ့အစဉ်အလာလေးတွေ ဆက်ထိန်းဖို့ပါ။ မဟုတ်လို့ကတော့ အိတ်ပေါက် နဲ့ဖားကောက်နေကြဦးမှာပါ။ နိုင်ငံခြားသွားတိုင်း lmmigration Counter မှာ ကိုယ့် PP လေးကို မရို့တရို့လေး တင်နေရတဲ့အဖြစ်က လွတ်မှာ မဟုတ်ပါဘူး။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )