၂၀၂၅ ၊ အောက်တိုဘာ ၄
နုကြည် သန်းမကြီး၏ မျက်နှာထားက အလွန်ပင် တင်းမာနေသည်။ အစည်းအဝေးခန်းထဲမှသူများ အသက်ပင် ၀၀မရှူရဲဘဲ သန်းမကြီး၏ မျက်နှကိုသာ အာရုံစိုက်ကြည့်နေကြသည်။ ရုတ်တရက်စားပွဲပေါ်သို့ သန်းမကြီးက လက်ဝါးဖြင့် ဗြန်းခနဲရိုက်လိုက်ရာ 'ဟဲ့ သောက်ပလုပ်တုတ်'ဟု ထယောင် ကြလေသည်။
"ကဲ အခုတော့ ဘာပြောမလဲ။ ငါတို့ လေးနှစ် လေးမိုး တော်လှန်လာလိုက်တာ၊ ကြာလာတော့ ဘာကို တော်လှန်မှန်းမသိ မေ့တေ့တေ့ဖြစ်နေပြီ။ အခုအားလုံး မြောင်းထဲရောက်တော့မယ်။ ဟိုကောင် မင်းမျက်မှန်ကိုင်းမရှိလို့ သားရေကွင်းနဲ့တပ် မျက်ရည်ချူပြီး ခုကြမှ အိုင်ဖုန်းထကိုင်ပြတော့ မင်းကို သူခိုးလို့ စွပ်စွဲကုန်ကြပြီ ကောင်းကြသေးရဲ့လား"ဟု ဆံပင်ရှည်မုတ်ဆိတ်မွေးဗရပျစ်နှင့် သားရေကွင်း သက်လင်းဆိုသူကို လက် ညှိုးငေါက် ငေါက်ထိုးကာ ဆူလေတော့သည်။
"ဒါကတော့ သန်းမကြီး မတရားတာပဲ ခင်ဗျ၊ တော်လှန်ရေးလောကထဲမှာ အိုင်ဖုန်းစကိုင်တာ ဟိုကောင် ပေါက်ကြီးပါ။ အိုင်ဖုန်းတစ်လုံးနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်ပြီး တော်လှန်ရေး ရုပ်ရှင်ကားကြီးဆိုပြီး ကမ္ဘာပတ်ဂျင်းထည့်နေတာ သန်းမကြီး မသိချင်ယောင် ဆောင်နေတာလား"ဟု ပြန်ချေပ လိုက်သည်။
အခန်းထောင့်တွင် ငြိမ်ထိုင်နေသော ပေါက်ကြီး ရုတ်တရက် ထရပ်လိုက်ပြီး "ဟျောင့် သားရေကွင်း သက်လင်း၊ ငါ့အိုင်ဖုန်းကိုင်တာ ငါ့မိန်းမ ဝယ်ပေးတာကွ မင်းလို ဝီကန်ဒူးအစ် ဆိုပြီး တီရှပ်တွေ ထုတ်ရောင်းပြီး တော်လှန်ရေးကနေ ခိုးပြီးဝယ်တာ မဟုတ်ဘူးဟ" ထတုတ်လေတော့ သည်။
"ဟျောင့် ပေါက်ကြီး မင်းဝင်ရင် အကုန်ဝင် ကုန်လိမ့်မယ် ငြိမ်ငြိမ်နေစမ်း"ဟု သန်းမကြီးက လှမ်းဟန့်လိုက်သည်။
"ဒီမှာ သားရေကွင်း သက်လင်း ဟိုကောင်က ဒါရိုက်တာမို့လို့ အိုင်ဖုန်းနဲ့ ရုပ်ရှင်ရိုက်တာ မင်းက အိုင်ဖုန်းအသစ်ကြီးကို သူခိုးရွှေရတပြပြလုပ်နေတော့ ပြည်သူတွေက ဝိုင်းဆဲကြတာပေါ့။ ဟို နဝရတ် ကြောင်ကြောင်ဆိုတဲ့ အထီးမှန်း မသိ၊ အမမှန်းမသိတဲ့ကောင်နဲ့ ပေါင်းခိုးနေတာ မသိဘူး မှတ်နေလား၊ မင်းလုပ်ပုံက ခိုးထုတ်ခိုးထည်နဲ့မိပြီး ငါတို့တစ်ဖွဲ့လုံး သိက္ခာကျတယ်ကွ။ ခုဆိုရင် မလှစုန်းရိုး နုကြည်ခိုး နိုးနဲ့ အားလုံးကို ပြည်သူတွေက မျက်စိဒေါက်ထောက် ကြည့်နေပြီ"ဟု ထပ်ငေါက်လေ တော့သည်။
"ခိုးကြီးရဲ့ တယ်လီဖုန်း ခိခိ"အခန်းထောင့်မှ အမျိုးသမီးငယ်တစ်ဦး၏ အသံထွက်လာသည်။ သန်းမကြီး ချောင်းဟန့်လိုက်ပြီး "သူများကို လိုက်မပြောနဲ့ညည်းလည်း ပြောတော့ 'မမများနဲ့ ပွဲကမယ်' ဆိုပြီး မမသွားပြီး ပွဲမကတော့ဘူး"ဖြစ်ကုန်ပြီ။ ပြောလိုက်ရင်မျက်နှာငယ်လေးနဲ့ ညည်းကလည်း မခိုးဘူး၊ ဟိုကလေးမလေးကလည်း ဖြူဖြူစင်စင်နဲ့ သမာအာဇီဝကျကျ စတိုးဆိုင်ဖွင့်လိုက်၊ လက်ဝတ်ရတနာ ရောင်းနေတော့ မခိုးလောက်ဘူး။ အဲဒီတော့ သူလည်း မခိုးဘူး၊ နင်လည်း မခိုးဘူးဆိုတော့ ငါတို့ပဲခိုးသလို ဖြစ်နေတယ်"ဟု ဒေါသသံကြီးဖြင့် သန်းမကြီးက ပြောလေသည်။
တူတူခိုးပြီး တစ်ယောက်တည်း အပြစ်ပုံချခံရသော မိဂူးတစ်ယောက် ရုတ်တရက် ထရပ်လိုက်ပြီး "သန်းမကြီး ဒါမတရားပြောတာပဲ။ မမများနဲ့ ပွဲကမယ်ဆိုပြီး အလှူခံတာ တူတူခံကြတာလေ။ အလှူငွေတွေ စာရင်းဖျောင်တော့မှ သမီးတစ်ယောက်တည်း ခိုးတယ်လို့စွပ်စွဲတာတော့ မဖြစ်သင့်ပါဘူး။ သူအလှူခံတဲ့ ဒရဂွန် ဖလိုင်းဆိုရင် အစအန ပျောက်နေပြီ သူ့ကိုလည်း စစ်သင့်ပါတယ်"ဟု ကွန်ပလိန်း တက်လေသည်။
သန်းမကြီးက ချက်ချင်းဆိုသလို "သူက ရိုးသားကြိုးစား ဧရာဝတီသူဟဲ့ လုံး၀မခိုးတတ်ဘူး။ မိသားစုလိုက်ကြီး တော်လှန်ရေးလုပ်ဖို့ အမေရိကား လာတယ်။ ပြီးတော့ မရှိမဲ့ရှိမဲ့နဲ့ စတိုးဆိုင်ဖွင့်တယ်။ နေ့ချင်းညချင်း ရောင်းအားတက်သွားတော့ ခြစ်ကုတ်စုတဲ့ ငွေလေးနဲ့ အိမ်အရစ်ကျဝယ်တယ်။ နောက်ပြီး စုမိဆောင်းမိရှိတော့ လက်ဝတ်ရတနာ ရောင်းတယ်။ သူ့ပရောဂျက်တွေဆိုရင် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်တယ်လေ။ ဟိုတလောက သူစီစဉ်တဲ့ "ဖေဖေ့အတွက် စိန်လက်စွပ် တော်လှန်ရေးအတွက် ပဲကြီးလှော်"ပရောဂျက်ဆို အရမ်းအောင်မြင်တာ။ ဘယ်မှာခိုးလို့လဲ ဖော်လိုဝါများတဲ့သူ နိုင်ကြေး ဟေ့"ဟု ဆိုကာ သူခိုးရှေ့နေ လုပ်လေတော့သည်။
"တောက်...ခုဆိုရင် တော်လှန်ရေးကြီးက သူခိုးတွေစုထားသလို ဖြစ်နေပြီ။ ဟိုဝန်ကြီးဆိုတဲ့ ကလေးမလေးလည်း ပိုက်ဆံတွေပျောက်တော့မှ သူမခိုးဘူးဆိုပြီး ဘယ်သူမှ မမေးရသေးဘဲ ထရှင်းရော။ အဲဒီမှာ ရှုပ်ကုန်တော့တာပဲ။ ခုကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ အားလုံးက ဘယ်သူ့မေးမေး မခိုးဘူး၊ မခိုးဘူးဆိုတော့ ဒေါ်လာတွေက ဘယ်ရောက်သွားလဲ ဆိုတာက ထရှင်းဖို့ ငါ့ခေါင်းပေါ် ရောက်လာပြီ။ ငါလည်း မခိုးဘူးလို့ ငြင်းရမှာပဲ။ ဒီတော့ စာရင်းစစ်အဖွဲ့ကို ငါဦးဆောင်မယ်။ တော်လှန်ပြည်သူတွေ ကျေနပ်အောင် ကျွန်တော်တို့ မခိုးပါဘူးဆိုတာ ရှင်းပြရမယ်။ မင်းတို့အားလုံး ဓမ္မာရုံက ဆွမ်းလောင်း အသင်း ငွေစာရင်း ရှင်းသလိုရှင်းဖို့ ပြင်ထားကြကြားလား။ ဒီကြားထဲ ကလေကဝတစ် ကောင်က ဒေါ်လာသန်း ၈၀၀ အမွေလာတောင်းနေ သေးတယ်။ ကဲ ...ကဲ တော်လှန်ရေးကြီးအားတက်ဖို့ တော်လှန်သီချင်းလေးဆိုပြီး အစည်အဝေးသိမ်းမယ်။ ခေတ်နဲ့လျော်ညီအောင် ငါပြောင်းရေးထားတယ်ဆို ကြည့်ကြ" ဟုပြောကြားကာ သန်းမကြီးက ဦးဆောင်ပြီး စဆိုလေတော့သည်။
"အမှန်တရားကို ရရင်ရ၊ ပြန်မရရင် စာရင်းတွေစစ်မှာပါ၊
တစ်ယောက်တည်း ခံစားနေရမယ် အမေ့သားတွေ၊ သမီးတွေ စာရင်းတွေပြ၊
အနိုင်ရရင် ကချင်ကမယ် အနိုင်မရရင် စာရင်းတွေ ရှုပ်နေမှ၊
ပိတ်ထားတဲ့ နားတွေဟာ အကုန်လုံးအော် ပြောမှကြားမှာပါ၊
အလှူငွေတွေ စာရင်းရှင်းကြမယ် ငါမသိ နင်မသိ"။ . . . . .
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )