NUG နှင့် PDF တို့ သေမလောက် ကြောက်နေသည့် ရွေးကောက်ပွဲ

၂၀၂၅ ၊ အောက်တိုဘာ ၃၁

ထမင်းပူပူချက်ကျွေးမည့်သူ မရှိတော့
    "စစ်ကော်မရှင်ရဲ့ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက်တဲ့ ဗျူဟာက ဘယ်လောက်အထိ အရာရောက်လည်းဆိုရင် အရင်က ရဲဘော်တွေကို ထမင်းဟင်းထည့်ပေးနေတဲ့ ရွာကတောင် ဒီနေ့ ဗိုက်ဆာလို့ လာတဲ့ရဲဘော်တွေကို ရွာထဲမဝင်ဖို့ ပြောလာပါတယ်။ ရွာနာမည်တွေ ထည့်မပြောချင်တော့ပါဘူး"ဟု PDF တို့ ကိုယ့်အခြေအနေ ကိုယ်သိလာသည့် အကြောင်းကို ရင်ဖွင့်လာလေသည်။ သည်အကျိုးဆက်သည် အကြောင်းမဲ့ဖြစ်လာခြင်းမဟုတ် 'ပယောဂမှန်၍ တုန်ဆင်းလာခြင်း'ဖြစ်သည်ကို လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသည့် PDF တို့ သဘောပေါက်သင့်ပြီ ဖြစ်သည်။ ထိုရင်ဖွင့်သည့် PDF ပြောသကဲ့သို့ စစ်ကော်မရှင်က တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်း တိုက်နေသည်ထက် သူလုပ်ရမည့် အလုပ်ကိုသာ လုပ်နေခြင်းဖြစ်သည်။ တစ်ဖက်က တော်လှန်ရေးဟု ပြောပြီး PDF တို့ ရောက်ရှိရာအရပ်၊ အခြေချသည့်ဒေသ၊ PDF အများအပြားရှိရာ ရပ်ဝန်းသည် တောတွင်းဥပဒေသဖြစ်လာသည်မှာ ပြည်သူတွေကိုယ်တိုင်က အမှန်တကယ် ခံစားချက်နှင့် ပွင့်အန်လာမှ သိခဲ့ကြရဲ့ မဟုတ်လား။ PDF စိုးမိုးသည့်နေရာ မုဒိမ်းမှုရှိသည်။ PDF ရှိ သည့်နေရာ ကြီးနိုင်ငယ်ညှဉ်းလုပ်သည်။ လူသတ်မှုရှိသည်။ သစ်မှောင်ခိုလုပ်ငန်း မည်သူတွေ လုပ်သနည်း ဟုဆိုလျှင် PDF နှင့် အပေါင်းအပါတို့ လုပ်သည်။ တရားမဝင် ရွှေလုပ်ကွက်ကို မည်သူတွေ လုပ်သနည်းဟုဆိုလျှင် PDF နှင့် အပေါင်းအပါတို့ လုပ်သည်။ အများပြည်သူ သွားလာသည့်လမ်း မိုင်းထောင်လျှင်လည်း PDF တို့ပဲ လုပ်သည်။ အများပြည်သူသွားသည့်လမ်းတွင် ဆက်ကြေးအဆမတန် ကောက်သူတို့မှာလည်း PDF တို့ပင်ဖြစ်သည်။ ဤကဲ့သို့ လုပ်ရပ်များကို တော်လှန်ရေး စကတည်းကနေ ယနေ့အထိ လုပ်ဆောင်လာခဲ့ရာ ဘယ်ပြည်သူက ဒင်းတို့ကို ကြည်ဖြူနိုင်တော့မည်နည်း။
    ပြီးခဲ့သည့်ရက်ပိုင်းက မိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်ခဲ့သည်။ ထိုမိတ်ဆွေက ရွှေဘိုနယ် ဇာတိဖြစ်သည်။ သူတို့ဇာတိရွာတွင် PDF တို့ အခြေချနေထိုင်ပြီး ယာရှင်ကို မျောက်ကမောင်းသကဲ့သို့ ဒေသခံလူထု မနေနိုင်အောင် နည်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့သည်။ ဒေသခံပြည်သူများက ထိုဒုက္ခများကို အချိန်ကြာမြင့်စွာ မခံစားနိုင်သည့်အဆုံး ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာသွားနိုင်သူက စွန့်ခွာထွက်ပြေးကြရလေ သည်။ ထိုသို့ စွန့်ခွာသွားသူများ၏ ကျန်ရစ်ခဲ့သည့် လယ်ယာကိုင်းကျွန်းမြေများကို PDF တို့က လုပ်ကိုင် စားသောက်နေသည်မှာ ယနေ့အချိန်ထိဆိုလျှင် လေးနှစ်ခန့်ပင်ရှိပြီဖြစ်သည်။ ထို PDF တို့က ဒေသခံ PDF တွေသာမကဘဲ အခြားသော အရပ်က PDF တွေကိုပါ သူတို့ရပ်ရွာသို့ ခေါ်ထားပြီး ပတ်ဝန်းကျင်ရွာများကို ထမင်းအုပ်ဆင်း၍ စားသောက်နေလေသည်။ PDF များအတွက် ထမင်းချက်ကျွေးရုံသာမက လစဉ်ကြေး အဖြစ် ငွေကြေးတတ်နိုင်သည့်အပေါ်မူတည်ကာ တစ်လလျှင် နှစ်သောင်းခွဲမှ ငါးသောင်းခန့်အထိ ဆက် ကြေးကောက်နေလေသည်ဟု ဆိုလေသည်။ ဒါသည် တကယ့်မြေပြင်က အရှိတရားပင် ဖြစ်သည်။
    မကြာသေးမီရက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံခဲ့သည့် Movie များကို အားလုံး သိပြီးကြပြီဖြစ်သည်။ တန့်ဆည်တွင်ဖြစ်သည်။ ရွာသားတစ်ယောက်၏ လည်ပင်းကို ကြိုးနှင့်ချည်ပြီး ကားနှင့်ဆွဲကာ နှိပ်စက်သောကြောင့် ဒေသခံများက မကျေနပ်သဖြင့် ဆန္ဒပြသည့် ရုပ်သံဖြစ်သည်။ PDF တို့၏ ပြည်သူ့အပေါ် ဆက်ဆံမှုက ဤကဲ့သို့ဖြစ်ကြောင်း ပြည်သူများကပြော၍ သိကြရပြီမဟုတ်လား။ တော်လှန်ရေး ခေတ်ဦးအစက PDF များလာလျှင် ထမင်းပူပူ၊ ဟင်းပူပူချက်၍ကြိုဆိုမည်၊ မည်သည့်အိမ်တွင်မဆို တက်၍ စားနိုင်ကြောင်း မြှောက်ပင့်၍ လေလှိုင်းပေါ်က ကျည်လွတ်မီးလွတ်ဒေသက လူများက ပြောခဲ့ကြရဲ့ မဟုတ်လား။ ယခုတော့ PDF တို့ တကယ်အခြေချသည့်နေရာက ပြည်သူများက PDF တို့အကြောင်း ကောင်းကောင်းကြီး သဘောပေါက်သွား ပြီဖြစ်သည်။ PDF ရှိသည့်အရပ် ပျက်စီးဆုံးရှုံးရမှုများနှင့်သာ ကြုံကြရသည်။ 
    သို့မို့ကြောင့် ထမင်းပူပူ၊ ဟင်းပူပူ ချက်ကျွေးမည့်အစား အချို့သော ရွာများက PDF ဆိုရင်ကို လက်သင့်မခံတော့သည့် အခြေဆိုက်လာလေတော့သည်။ အထက်တွင် ဆိုခဲ့သည့် PDF ကပဲ "စစ်ကြောင်းဝင်တဲ့နေ့တုန်းကလည်း တော်လှန်ရေးတပ်ဘက်က ဗိုက်ဆာလို့ ထမင်းတောင်းတာကို မကျွေးနိုင်ဘူး ပြောလွှတ်တဲ့ရွာလည်း ရှိပါတယ်"ဟု ရင်ဖွင့်သွားလေသည်။ ထိုရင်ဖွင့်သည်ကို တွေ့မြင်ပြီး တော်လှန်ရေး အစက ကြွေကြော်ခဲ့သည့် စကားနှင့် ကိုက်ညီသည်ဟု အတွေးပင် ပေါ်မိ၏။ "ငါတို့မှာ ငါတို့ပဲရှိတယ်" ဆိုသည့် ကြွေးကြော်သံအတိုင်း သူတို့နောက်တွင် ပြည်သူမရှိတော့ကြောင်း တဖြည်းဖြည်း သဘော ပေါက်လာကြလေသည်။

ထောက်ပို့လူလည်ပြောသည့် ဘဝပျက်သွားသည့် CDM
    ထောက်ပို့လူလည်ပြောသည့် ဘဝပျက်သွား သည့် ဃီြ တစ်ယောက်အကြောင်း ပြောရလျှင် ထိုအကြောင်းထက် ထောက်ပို့တိုင်းက လူလည်တွေချည်း ပဲဟုဆိုလျှင်လည်း မှားစရာအကြောင်း မရှိချေ။ ထောက်ပို့ဆိုပြီး အမေရိကားရောက်သွားသည့်သူက စတိုးဆိုင်ကြီးနှင့် အိုးပိုင်အိမ်ပိုင်နှင့် သာယာသွားကြသည်။ ထိုကဲ့ သို့ နိုင်ငံကြီးသို့ မရောက်ဘဲ ထိုင်းနိုင်ငံရောက်သူကလည်း အိုးပိုင်အိမ်ပိုင် ဇိမ်ခံကားနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှိသူတို့ကလည်း ထောက်ပို့ဆိုလျှင် လက်ကြောတင်းအောင် လုပ်စရာမလိုဘဲ သာယာ နေကြသူများသာ ဖြစ်ကြသည်။ ထိုအထဲက စိုးလွင်ဆိုသူတစ်ယောက်ကတော့ တော်လှန်ရေးထောက်ပို့လုပ် အွန်လိုင်းပေါ်က ဖရုဿဝါစာများရေရွတ်ပြီး ထောက်ပို့များနည်းတူ ချမ်းသာသွားသူများထဲတွင် ပါဝင်လေသည်။ ထိုစိုးလွင်က တော်လှန်ရေးလုပ်ရင်း ငွေကြေးအဆင်ပြေသည့် မုဆိုးမတစ်ဦးကို ယူရင်း ချမ်းသာသွားသူ ဖြစ် သည်။ ထိုမုဆိုးမကို ယူသည့်အချိန် စိုးလွင်၏ လက်ရှိသားမယားများကို စွန့်ခွာကာ ယူထားခြင်းဖြစ်သည်။ ထိုတော်လှန်ရေး ဘက်တော်သားဆိုသူ များတွင် ရုန့်ရင်းကြမ်းတမ်းမှုနှင့် လူမှုရေး ဖောက်ပြန်မှုဆိုသည်မှာ ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူ ကြပြီး လူ့ယဉ်ကျေးမှုစည်းကမ်း ဓလေ့ ထုံးတမ်းဆိုသည်မှာ ဘာမျှရှိသူများ မဟုတ်ကြပေ။ စိုးလွင်က ထောက်ပို့လုပ်ရင်း ငွေကြေး အဆင်ပြေသည့် မုဆိုးမကိုယူပြီး စိုးလွင်လည်း အဆင်ပြေသည့်ဘဝကို ရောက်သွားကာ တော်လှန်ရေးထောက် ပို့ဘဝကို မသိမသာ စွန့်ခွာလာခဲ့သည်။ ထိုမုဆိုးမက တော်လှန်ရေးထောက်ပို့ထက် တွက်ခြေကိုက်သည်ကိုး။ တော်လှန်ရေးထောက်ပို့ဘ၀ကို စွန့်ခွာထားသည့် စိုးလွင်က သည်ရက်ပိုင်း CDM တစ်ယောက်၏ အကြောင်း ပြောလာလေသည်။ တော်လှန်ရေးထောက်ပို့လုပ်စဉ်က ဖရုဿဝါစာစကားများကို ငါးစိမ်း သည် ရန်ဖြစ်သကဲ့သို့ ပြောတတ်သော စိုးလွင်တစ်ယောက် CDM တစ်ယောက် ဘဝပျက်သွားသည့်အ ကြောင်းကို ပြောချိန် တိုးတိုးညင်ညင်သာသာလေး ပြောနေလေသည်။ "CDM လုပ်ထားပြီး PDF ထဲဝင် ထားတဲ့သူတစ်ယောက် မဲဆောက်မှာ ရောက်နေတယ်။ စအိုမှာ အနာတွေဖြစ်ပြီး ပြည်တွေတည်နေတာ။ တော်တော် လေးကို ဒုက္ခရောက်နေတယ်။ စားဖို့သောက်ဖို့လည်းမရှိဘူး။ ဆေးရုံမတင်ရင် သေတော့မှာ။ အဲဒါ ဆေးရုံ တင်စရာလည်း မရှိ။ ကျွန်တော်လည်း အလုပ်မအားလို့ လုံးဝကို သွားမကြည့်လိုက်နိုင်ဘူး။ ဘယ်မှာမှ အကူအညီ လိုက်တောင်းလည်း မရဘူး"ဟု ပြောလာလေသည်။ 
    တော်လှန်ရေးသမား ဆိုသူများ၊ PDF ဆို သူများ၊ လက်နက်ကိုင်ထားသူများ ယူတတ်လျှင် သင် ခန်းစာရနိုင်သကဲ့သို့ သံဝေဂလည်း ရနိုင်ပါသည်။ CDM လုပ်လာသူများကို ဗန်းပြ၍ လုပ်စားခဲ့ကြသူများ၊ PDF လက်နက်ကိုင်များကို ဗန်းပြ၍ လုပ်ကိုင်စားခဲ့ကြ သူများက ထိုကဲ့သို့ ဘဝပျက်သွားသည့် CDM များ၊ PDF များကိုမူ ပြန်၍ ကြည့်လေ့မရှိပေ။ ကိုယ့်ကိုယ်ကိုယ် အစိုးရဟု ကြွေးကြော်ထားသည့် NUG ဆိုသည့် အဖွဲ့ အစည်းသည်လည်း သူတို့လက်အောက်ခံ PDF များကိုပင် ထမင်းဝအောင် မကျွေးနိုင်ဘဲ ယခုကဲ့သို့ ဘဝပျက်သွားသည့် လူထောင်ပေါင်းများစွာအတွက် မသိချင်ယောင်သာ ဆောင်နေတော့သည်။ တော်လှန်ရေးမီဒီယာဆိုသည့် အဖွဲ့များသည်လည်း ယခုကဲ့သို့ အကြောင်းအရာများကို ရေးသားဖို့နေနေသာသာ လူသိမည်ကိုပင် စိုးရိမ်နေကြသည်။ ပြန်စဉ်းစားကြည့်လျှင် CDM များ၊ PDF များ၏ဘက်တွင် သူတို့ တော်လှန်ရေးဆိုသည့် အဖွဲ့ကပင် မားမားမတ်မတ် ရပ်တည်ပေးခြင်း မရှိသည်က လယ်ပြင်မှာ ဆင်သွားသည်ထက် ထင်ရှားလှ၏။ စာရင်းချုပ်ရလျှင် အသောသူ ခံရ၏ဟု ဆိုရမည်ဖြစ်ပြီး ပြည်ပြေးများ၏ အကျိုးအတွက် ဆက်မအçသင့်တော့ဟုသာ ဆိုချင်ပါသည်။

ရွေးကောက်ပွဲအသံ
    ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်နယ်က မိတ်ဆွေတစ်ဦးနှင့် စကားပြောဖြစ်ခဲ့သည်။ လက်နက်ကိုင်ပြီး တော်လှန်ရေးဆိုသူတို့၏ လက် အောက်က လွတ်မြောက်ချင်သောသူတို့၏ အသံဆိုလျှင်လည်း မမှားပေ။ သူပြောပြသည်က "ကျွန်တော်တို့လို သာမန်အရပ်သူအရပ်သားတိုင်းက အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားချင်ပြီ။ ဒါကြောင့်မို့ ရွေးကောက်ပွဲဆိုတာကို သူများနယ်မြေတွေ ကျင်းပသလို ကိုယ်လည်း မျှော်မိတယ်။ တကယ်က ရွေးကောက်ပွဲကို သေမလောက် ကြောက်နေတဲ့သူတွေက လက်နက်ကိုင်တော် လှန်ရေးသမားဆိုသူတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေပဲ"ဟု ဆိုလေသည်။ သူပြောပြသည်က လက်နက် ကိုင်ပြီး တော်လှန်ရေးဟု ပြောသူများသည် လက်နက်အားကိုးဖြင့် ဆက်ကြေးလေးကောက်၊ သစ်မှောင်ခို ကူး၊ အပေါင်းအပါများက စက်သုံးဆီမှောင်ခိုကူး၊ ရွှေတွင်းတူးနှင့် ထိုအခြေအနေကို သာယာနေကြသည်။ လက်နက်အားကိုးဖြင့် သူတို့ရှိသည့် အရပ်ဒေသတွင် စိတ်ကြိုက်ထင်ရာစိုင်းခွင့် ရှိနေပြီ။ ပြည်သူ့အတွက် ကြည့်သူ မရှိသလောက်ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ရွေးကောက်ပွဲကို မလိုလားသည်မှာ ပြည်သူမဟုတ်ဘဲ လက်နက်ကိုင်နှင့် အပေါင်းအပါတစ်သိုက်သာလျှင် ဖြစ်သည်ဟု ဆိုလေသည်။
    လက်ရှိ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၆၀ ဝန်းကျင် နှစ်လနီးပါးသာ လိုတော့သည့်အချိန် တွင် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူတို့ဘက်က အသံမျိုးစုံ ထွက်လာလေသည်။ မြင်းခြံ Black Tiger ဆိုသူကလည်း တပ်မတော် စစ်ကြောင်းများလာလျှင် ဖုန်တလုံးလုံးထအောင် ထွက်ပြေးပေမယ့် ရွေးကောက်ပွဲမတိုင်မီ ပွဲကြီးပွဲကောင်းချရမည်ဟု ကြုံးဝါးနေလေသည်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်က မြို့နယ်အချို့တွင်လည်း ရွေးကောက်ပွဲ ပျက်စီးစေရန် အားထုတ်နေသည်ကို တွေ့မြင်နေရသည်။ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် ဆားလင်းကြီးမြို့နယ်ထဲက ဝမ်ပေါင်ကြေးနီစီမံကိန်းကိုလည်း ရှော့ခ်တိုက် ဒုံးနှင့် ပစ်ခတ်လုပ်ကြံမှုများ ပြုလုပ် နေကြလေသည်။ လူ လေး၊ ငါး၊ ဆယ်ဦးစုပြီး ရွေးကောက်ပွဲဆန့် ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်ပြီး မသိလျှင် ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်သယောင်လုပ်နေသည် ဟု သူငယ်ချင်းဖြစ်သူက ပြောလေသည်။ ထိုဆန္ဒပြပွဲက လက်ရှိ PDF များက လူသတ်၊ မုဒိမ်းကျင့်သည်ကို ဆန့်ကျင်ဆန္ဒပြသလောက် လူမများဘဲဖြစ်နေသည်ကိုတော့ PDF အဝန်းအဝိုင်းက မသိချင်ယောင် ဆောင်နေလေသည်။ ရွေးကောက်ပွဲ ကျင်းပပြီး၍ ခေတ်ပြောင်းတော့မည်ကို သေမလောက် ကြောက်နေ သည့်အကြောင်း နှင့်ပတ်သက်ပြီး "PDF တွေ ကျူးလွန်ထားတဲ့အမှုပေါင်း ငါးထောင်လောက်နဲ့ NUG ထိပ်ပိုင်းက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ တစ်သက်လုံး လူတောမတိုးမှာ ကြောက်နေကြတာ။ ပြည်သူအတွက်ဆိုတာ လုံး၀မဟုတ်ဘူး"ဟု ဆိုလေသည်။
    ရွေးကောက်ပွဲ ဖျက်ဆီးချင်သူတို့ အသည်းအ ပေါက်ဆုံးကိစ္စတစ်ခုလည်း သည်ရက်ပိုင်း တွေ့မြင် နေရသည်။ ရွေးကောက်ပွဲပြီးလျှင် တည်ငြိမ်အေးချမ်းမှုကို ငံ့လင့်နေသော ပြည်သူက ရွေးကောက်ပွဲ အမြန်ဆုံး ပြီးစီးချင်ကြသည်။ သည်ကြားထဲ ရွှေဘိုမြို့နယ်တွင် ညမထွက်ရအမိန့် နံနက် ၆ နာရီ၊ ညနေ ၆ နာရီအစား၊ မနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန်တိုးပေးလိုက်ရာ ရွှေဘိုမြို့သူမြို့သားများက ရွှေဘိုမြို့ ပေါ်က ညခင်းအရသာ မခံစားရသည်မှာ ကြာပြီဖြစ်၍ တစ်မြို့လုံးနီးပါး ည ၈ နာရီဝန်းကျင်အထိ လမ်းမများပေါ် ပျော်ပျော်ပါး ပါးထွက်၍ အပန်းဖြေကြလေသည်။ NUG နှင့် PDF တို့က ရွေးကောက်ပွဲတောင် မကျင်းပရသေးဘူး၊ ဒီလောက်ပျော်နေသည့် ပြည်သူများကိုပါ လုပ်ကြံသတ်ဖြတ်ရန် ကြိမ်းဝါးနေလေသည်။ သည်အချက်များကို ကြည့်ခြင်းအားဖြင့် 'ဒါလား ပြည်သူ့အတွက်'ဟူ၍ပင် မေးခွန်းထုတ်ရမလို ဖြစ်နေလေသည်။

 (ရွှေထီး  )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF File Download Link

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56060

© 2022 - 2025 News. All Rights Reserved.