ကာယအားကစားမယ် ရွှေတံဆိပ်များဆုရှင် မသဲစုကို လက်ထောက်နည်းပြတာဝန်ပေးအပ်

 

ဇွန်လ ၂၈

ရွှေတံဆိပ်များဆုရှင် ကာယအားကစားမယ် မသဲစုကို လက်ထောက်နည်းပြတာဝန် ပေးအပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ရွှေတံဆိပ်များဆုရှင် မသဲစုအား မင်္ဂလာဒုံမြို့နယ်၊ အာကစားနှင့် ကာလပညာဦးစီးဌာနရဲ့ ကိုယ်ကာယကျန်းမာရေးနှင့် အကသင်တန်း၊ Zumba သင်တန်းတွေအတွက် လက်ထောက်နည်းပြတာဝန် ပေးအပ်လိုက်တာဖြစ်ပါတယ်။

"နည်းပြဆရာမကို ကူညီသင်ကြားပေးတာပါ၊ ၇လပိုင်းမှာတော့ သီးသန့်သင်တန်း ပို့ချဖို့ရှိပါတယ်"လို့ မသဲစုက ပြည်တွင်းပြည်ပသတင်းဌာနများမှာ ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ လစဉ်ထောက်ပံ့ကြေးရဖို့လည်း ကူညီပေးမှုများရှိနေကာ ဆုတံဆိပ်များ ထပ်ယူနိုင်ဖို့ကိုလည်း နိုင်ငံတော်အဆင့် လေ့ကျင့်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်း ကျူးကျော်အိမ်မှာနေထိုင်တဲ့ ရွှေတံဆိပ်များဆုရှင် မသဲစုအကြောင်းကို ရုပ်သံထုတ်လွှင့်မှုများရှိခဲ့ပြီးနောက် ပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43528

© 2022 - 2025 News. All Rights Reserved.