တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းစတင်ဖွင့်လှစ်သည့် နေ့တွင် ကျောင်းသား၊ကျောင်းသူ သိန်း ၆၀ ဦးကျော်တက်ရောက်

၂၀၂၃ ဇွန် ၃

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအား ဇွန် ၁ ရက်ကစတင်ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၆၂၂၉၃၃၇ ဦးတက်ရောက်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းများအရသိရသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများတွင် ကိုဗစ်(၁၉)ရောဂါစည်းကမ်းချက်များအညီတက်ရောက်သင်ကြားခဲ့ကြခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနနှင့်တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်များနှင့်အညီ စာသင်ခုံများကိုနေရာချထားခြင်း၊စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ကျောင်းကြို/ပို့ ယာဉ်များစီစဉ်ထားခြင်း၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေးတို့အား ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။

ထို့အတူ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊ကျောင်းသားမိဘများ ယာဉ် အန္တရာယ်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံ ခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံ ပညာမူလတန်း၊အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူများအား သင်ရိုးညွှန်းတန်းစာအုပ်များကို အခမဲ့ထုတ်ပေးကာ ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များကိုလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

Total Views ~ 206

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43528

© 2022 - 2025 News. All Rights Reserved.