Breaking

တပ်မတော်နှ​င့်(၉) ကြိမ်မြောက်တွေ့ဆုံပွဲအပြီး TNLA အကြမ်းဖက်သောင်းကျန်းသူများ မိုးကုတ်နှင့် မိုးမိတ်မြို့မှ ဆုတ်ခွာမည်

ရန်ကုန် အောက်တိုဘာ ၂၉
 တပ်မတော်နှ​င့်(၉) ကြိမ်မြောက်တွေ့ဆုံပွဲအပြီး TNLA အကြမ်းဖက်သောင်းကျန်းသူများ မိုးကုတ်နှင့် မိုးမိတ်မြို့မှ ဆုတ်ခွာမည်ဟု TNLA၏ သတင်းထုတ်ပြန်ရေး Telegram ချန်နယ်မှထုတ်ပြန်ထားသည်။
 သတင်းထုတ်ပြန်ချက်အရ NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် TNLA မှ တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇-၂၈)ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
 အဆိုပါတွေ့ဆုံပွဲတွင် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLAအကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး၊  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။
  မြန်မာ့တပ်မတော်၏ ထိုးစစ်များကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို​၊ကျောက်မဲ၊သီပေါဒေသများတွင်ယာယီထိန်းချုပ်ခဲ့သော ပလောင်အကြမ်းဖက်သောင်းကျန်းသူများ အထိနာထွက်ပြေးခဲ့ရပြီးနောက် ယခုကဲ့သို့ တွေ့ဆုံညှိနှိုင်းခဲ့သည့်သတင်းကို ၎င်းတို့ကထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ HM

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

55946

© 2022 - 2025 News. All Rights Reserved.