တောင်ကြီးမြို့ကို Safety City အဖြစ် ဖော်ဆောင်ရန် စီစဉ်နေ 

ရန်ကုန် ၊ စက်တင်ဘာ ၂၁

တောင်ကြီးမြို့ကို Safety, Smart And Happiness City အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း တောင်ကြီးမြို့ Safety City ဆိုင်ရာတင်ဒါကော်မတီမှ သိရသည် ။

 ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးမြို့အား Safety, Smart And Happiness City အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါကော်မတီက CCTV Control Center တွင် လိုအပ်သော Fusion Big Data Server ဝယ်ယူခြင်းလုပ်ငန်းနှင့်ပတ် သက်၍ ပြည်တွင်းလုပ်ငန်းရှင်များမှ  အိတ်ဖွင့်တင်ဒါလျှောက်လွှာတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

တင်ဒါပုံစံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဌာနခွဲ(၃)၊  ဌာနစု (၅)၌ စက်တင်ဘာ ၂၂ ရက်မှ စတင်ရယူနိုင်မည်ဖြစ်ပြီး တင်ဒါလျှောက်လွှာပိတ်ရက်အဖြစ် အောတိုဘာ  ၅ ရက်နေ့အဖြစ် လည်းကောင်း၊ တင်ဒါလျှောက်လွှာ နောက်ဆုံး တင်သွင်းရမည့်ရက်ကို အောက်တိုဘာ ၆ ရက်နေ့အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။ နဒီ

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52323

© 2022 - 2025 News. All Rights Reserved.