ပါမောက္ခချုပ်ဆရာတော်ကြီးတည်ထောင်ထားသည့် ပညာဘူမိတက္ကသိုလ်၏ သုတဓမ္မဒီပလိုမာ စာမေးပွဲများ၌ စာဖြေသူ ၁၀၀၀၀ ခန့်ရှိ

 ၂၀၂၃ ဇွန် ၁၉

ပါမောက္ခချုပ်ဆရာတော်ကြီးတည်ထောင်တော်မူထားသည့် ပညာဘူမိတက္ကသိုလ်မှကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာ Level 1 နှင့် Level 2 စာမေးပွဲအား ဇွန် ၁၇ ရက်နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။

“သင့်ဘဝအလှပဆုံးဖြစ်ဖို့ အရေးကြီးဆုံးမှာဓမ္မအသိဘဝပညာဖြစ်ပါသည်။ ပညာဘူမိတက္ကသိုလ်နှင့်ချိတ်ဆက်ပြီး သင်၏ ဓမ္မအသိ၊ဘဝပညာကို မြှင့်တင်ရန် ဖိတ်ခေါ်ပါသည်။ ပညာဘူမိတက္ကသိုလ်ကကြိုဆိုပါသည်။”ဟု ပါမောက္ခချုပ်ဆရာတော်ကြီးမှဩဝါဒပေးမိန့်ကြားတော်မူခဲ့သည်။

သုတဓမ္မဒီပလိုမာ Level 1 နှင့် Level 2 စာမေးပွဲအား စာဖြေဌာန ၃၂ ဌာနဖွင့်လှစ်ခဲ့ပြီး တစ်ချိန်တည်းဖြေဆိုစေခဲ့ရာ ဖြေဆိုရင်စာရင်းသွင်းထားသည့်အတိုင်း စာဖြေသူ ၁၀၀၀၀ ခန့်ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

 

Total Views ~ 310

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43518

© 2022 - 2025 News. All Rights Reserved.