မန္တလေးတိုင်းဒေသကြီး ပုသိမ်းကြီးမြို့နယ်တွင် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ ဖွင့်လှစ်

၂၀၂၃ ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာစီမံကိန်း၌ ကျင်းပရာ ​ဆောက်လုပ်​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အိမ်ခန်းနေထိုင်ခွင့် ရရှိသူများထဲမှ (၅)ဦး၏ အခန်းနံပါတ်ကို ကနဦး မဲနှိုက်ပေးပြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းရှိ အိမ်ခန်း(၁)ခန်း၏ နမူနာခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ဖွင့်လှစ်သည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိပြီး ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် အိမ်ခန်း (၁) ခန်းလျှင် ဧည့်ခန်း ၊ အိပ်ခန်း (၂) ခန်း ၊ ချက်ပြုတ်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်းတို့ပါဝင်သည့် (၄)ခန်းတွဲ (၅) ထပ် အဆောက်အဦ (၉၁) လုံးဖြစ်ပြီး အိမ်ခန်းပေါင်း (၁၄၅၆) ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး၍ ဝင်ငွေနည်းပြည်သူများကို နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43526

© 2022 - 2025 News. All Rights Reserved.