၂၀၂၃ မတ် ၂၃
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲစခန်းအပိုင်တွင် မတ် ၂၃ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲနှင့်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းတိုမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် (၂၈၄/၁)နှင့်(၂၈၄/၂)ကြားတွင် Light Truck ကားက ရပ်ထားသည့်ကုန်တင်ကားအား နောက်မှဝင်တိုက်မိခဲ့သည်။

ထိုကြောင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်း၊သီးကုန်းအမြန်လမ်းရဲစခန်းနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁၂ ဦး(စုစုပေါင်း ၁၆ ဦး)တိုတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

"ရပ်ထားတဲ့ကားကို Light Truck ကားကဝင်တိုက်မိတာ ဒဏ်ရာရတဲ့လူတွေက မစိုးရိမ်ရပါဘူး ဆေးရုံပိုပြီးတဲ့အချိန်ကနေ အခုချိန်ထိတခြားဆေးရုံကိုလွဲပြောင်းပေးရတာမရှိပါဘူး တစ်ယောက်ကတော့ ကားခေါင်းခန်းထဲမှာညပ်နေလို မနည်းဆွဲထုတ်ပေးခဲ့ရတယ် ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးတဲ့အချိန်က မနက် ၆ နာရီခွဲပါ"ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား မိတ္ထီလာမြိုပြည်သူ့ဆေးရုံကြီးသို ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။