ရန်ကုန်၊ စက်တင်ဘာ ၂၄
ပြည်တွင်း မြန်မာနေရှင်နယ်လိဂ် ၏ ချန်ပီယံအသင်းဖြစ်သော ရှမ်းယူနိုက် တက်အသင်းအနေဖြင့် ၎င်းတို့၏ အိမ်ကွင်းအဖြစ်အသုံးပြုရန် အိမ်ကွင်းအသစ်နှင့်နိုင်ငံ တကာအဆင့်မီ အားကစားရုံတည် ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိ ရသည်။
တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စုအတွင်း၌ ရှမ်းယူနိုက်တက် အသင်းက အိမ်ကွင်းသစ်၊ ဘောလုံးအကယ်ဒမီ၊ လူငယ်စင်တာနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်း^အားကစားရုံ၊ ရေကူးကန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အား စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချထားမြေနေရာဖြစ်သည့် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စုအတွင်း၌ Shan United FC ၊ ဘောလုံးအကယ်ဒမီ၊ လူငယ်စင်တာနှင့် နိုင်ငံတကာအဆင့်မီ အားကစားကွင်း/ အားကစားရုံ၊ ရေကူးကန်လျာထား မြေနေရာတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အချိန်မီတည် ဆောက်နိုင်အောင် ဆောင်ရွက်ရန်နှင့်သတ် မှတ်မြေနေရာများအား Layout Plan များ ရေးဆွဲ သွားကြကာ ဘဏ္ဍာနှစ်များအလိုက်ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။ ထူးမြတ်