နေပြည်တော်၊ အောက်တိုဘာ ၁၅
လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများသည် မိမိတို့ဒေသခံပြည်သူတွေကို ဖွံ့ဖြိုးမှု နောက်ကျအောင် လျော့ချနေခြင်းဖြစ်ကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
" လက်နက်ဆွဲကိုင်ပြီး လိုချင်တာကို တောင်းဆိုခြင်း၊လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ ဒေသစွဲ ကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ဒေသခံပြည်သူတွေကို ဖွံ့ဖြိုးမှု နောက်ကျအောင် လျော့ချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့သွေဖယ်ပြီး မှန်ကန်တဲ့ လုပ်ငန်းစဉ်လမ်းမဟုတ်ကြောင်း အလေးအနက် သတိပြုရမှာလည်းဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I)၌ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းမှ စတင်ကျင်းပပြုလုပ်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမိန့်ခွန်းတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
" ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်းသား လူမျိုးစု မြောက်များစွာရှိတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများ အားလုံးရဲ့ သွေးစည်း ညီညွှတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား လူမျိုးအားလုံးကောင်းစားရေးအတွက် အာမခံနိုင်တဲ့ နိုင်ငံတော်ကို ထူ ထောင်နိုင်မှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပြဿနာကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဟာ ဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များမှာသာ ဖြစ်ပေါ်နေတာကို တွေ့နိုင်ပါတယ်။အဲဒီဒေသတွေဟာ လွတ်လပ်ရေး မရခင်နဲ့ လွတ်လပ်ရေးရပြီးကတည်းက အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု အားနည်းခဲ့သလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လည်း ပိုမိုအခြေအနေဆိုးဝါးလာတာတွေ့ရပါတယ်" ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ကမ္ဘာနိုင်ငံများကို လေ့လာကြည့်မည်ဆိုလျှင် နိုင်ငံနှင့်အလှမ်းဝေးလှသည့် ကျေးလက်ဒေသများသည်ပင်လျှင် ငြိမ်းချမ်းအေးချမ်းမှုရှိပါက ဖွံ့ဖြိုးမှုးတိုးတက်နေသည်ကို တွေ့ရကြောင်းယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
" ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သဘာ၀သံယံဇာတ ပေါကြွယ်၀တယ်။စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ ရေခံမြေခံတွေ ရှိနေလို့ တည်ငြိမ်အေးချမ်းသာယာမှု ရှိလာပါက ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေမှာ ကျေးလက်ဒေသတွေများပ်မကျန် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ကြပါ။စာနာကြပါ။သူတို့ရဲ့ တည်ငြိမ်အေးချမ်းမှုကို အားလုံးက ဝိုင်း၀န်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်နိုင်သည်များကိုသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊မိမိတို့ လိုလားချက်များကို ဒီမိုကရေစီ ရွေးကောက်ပွဲများမှ ပေါ်ပေါက်လာသည့် လွှတ်တော် အသီးသီးတွင် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ရယူကြရမည်ဖြစ်ကြောင်းယာယီသမ္မ တနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲသည်။
အခမ်းအနားတွင် NCA ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် ၊ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး ၊ NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ကိုယ်စားလှယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ် စားလှယ် H.E.Mr. Deng Xijun ၊ အိန္ဒိယနိုင်ငံ အသိသက်သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စား အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E, Mr. Shri Abhay Thakur ၊ ထိုင်းနိုင်ငံမှအာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီအထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင် ရာ ထိုင်းသံအမတ်ကြီးဟောင်း H.E. Mr.Pisanu Suvanajata ၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးအောင်မင်း က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ညီသစ်