၂၀၂၃ ၊ မေ ၁၁
နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့် ပါတီများအနက် ဝံသာနုပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည် ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ မေလ ၁၀ ရက်နေ့အထိ ပါတီတည် ထောင်ခွင့် လျှောက် ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက်နိုင်ငံ ရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ် ကြောင်း သိရသည်။
တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် ၈ ဖွဲ့ အနက် ဝံသာနုပါတီ ၏ လျှောက်ထားချက်အပေါ်သက်ဆိုင် ရာဝန်ကြီး ဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ယင်းပါတီ၏ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို UEC က မေ ၁၀ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် တည်ထောင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။