အမျိုးသမီးများသည် အနာဂတ်နိုင်ငံတော်အတော်အတွက် ဗိသုကာပညာရှင်များဖြစ်သည်ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၃ ဇွန် ၃

အမျိုးသမီးများနှင့်မိန်းကလေးငယ်များ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဇူလိုင် ၃ ရက်တွင်ကျရောက်သည့် ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ပေးပို့သည့် မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်အား ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည် ထောင်စုတည်ဆောက်ရေး၌ အရေးပါသည့်အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုး တန်သော လူသားအရင်းအမြစ်များဖြစ်သည်ဟု ဆိုသည်။

"မြန်မာအမျိုးသမီးတွေဟာ လောကကိုတစ်ဖက် တစ်လမ်းက တာဝန်ယူသူတွေ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ကို လှပအောင်ဖန်တီးသူဥယျာဉ်မှူးတွေဖြစ်ပါတယ်၊ တစ်နည်းအားဖြင့်အနာဂတ်နိုင်ငံ တော်အတွက် လူ့စွမ်းအားအရင်း အမြစ်တွေကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်တွေဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် မိသားစု၊လူ့အဖွဲ့အစည်းများမှတဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ တွင် အမျိုးသမီးများနှင့်မိန်းကလေးငယ်ရွယ်များ ၏ ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်ပေးရေးကိုမြှင့်တင်လုပ်ဆောင်ကြရမည်ဟု မှာကြားသည်။

အမျိုးသမီး၊အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးထုကြီး၏ အင်အားနှင့်အကောင် အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌကမိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းအရ အစိုးရဌာနများတွင် အမျိုးသမီးပါဝင်နှုန်းမှာ ညွှန်ကြားရေးမှူး ချုပ်အဆင့် ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒု-ညွှန်ကြား ရေးမှူးချုပ်အဆင့် ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့် ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒု- ညွှန်ကြားရေးမှူးအဆင့် ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ၅၇ ရာခိုင် နှုန်းရှိသည်ဟု ပြောသည်။

ထိုသို့ ရှိနေသဖြင့် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍတွင် မြန်မာအမျိုးသမီးများ၏စွမ်းဆောင်ရည်များစွာတိုးတက်မြင့်မားလာ၍ ကျား၊မရေးရာတန်းတာညီမျှမှုရှိနေသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43527

© 2022 - 2025 News. All Rights Reserved.