CI ပြုလုပ်မည့် မြန်မာအလုပ်သမားများ ပွဲစားဖြင့် ဆောင်ရွက်ခြင်းမပြုရန် အလုပ်သမားဝန်ကြီးဌာန အသိပေး

၂၀၂၄ ၊ မတ် ၅
    ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ကိုင် နိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံ လက်မှတ်(CI) များကို စခန်းများဖွင့်လှစ်ပြီး လုပ်ဆောင်ပေးလျက်ရှိရာ ပွဲစားများနှင့် ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်လာရောက်လုပ်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
    သက်သေခံလက်မှတ်(CI) ထုတ်ပေးမည့် စခန်းငါးခုကို ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီနှင့် ဆူရတ်ဌာနီ ပြည်နယ်များတွင် ဖွင့်လှစ်လုပ် ဆောင်ပေးနေပြီး Mobile Unit သုံးခုကို ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာပြည်နယ်များတွင် လည်းကောင်း ၂၃-၂-၂၀၂၄ ရက်မှ စတင် ၍ ၃၁-၁၀-၂၀၂၄ ရက်အထိ ဖွင့်လှစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ CI ပြုလုပ်နိုင်မည့်ရက်၊ အချိန်များ၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များကိုလည်း ဖော်ပြထားပြီးဖြစ်ကြောင်းနှင့် သတ်မှတ်နှုန်းထားထက် ပိုမိုကုန်ကျမှု မရှိစေရေးအတွက် ပွဲစားများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။
    ထိုင်းနိုင်ငံ၌ CI စာအုပ်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူများကို မဟာချိုင်တွင် ဖွင့်လှစ်ထားသော TDCC ရုံးခွဲ၌ လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားပါက CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ–Passport) စာအုပ်များကို ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံအလုပ်ရုံ များသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက် ကောက်ယူချိန်တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်လို သူများအနေဖြင့် သတ်မှတ်ကိုယ်ရေးမှတ်တမ်းပုံစံ ဖြည့်စွက်ထားခြင်း၊ ကိုင်ဆောင်ထားသည့် CI စာ အုပ်မူရင်း၊ CI စာအုပ်၏ ဓာတ်ပုံပါ စာမျက်နှာမိတ္တူ တစ်စောင်၊ CI စာအုပ်၏ ဗီဇာပါ စာမျက်နှာမိတ္တူ တစ်စောင်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မိတ္တူတစ်စောင်၊ နိုင်ငံသားစိစစ်ရေးကတ် မူရင်း နှင့် မိတ္တူတစ်စောင်၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
    လက်ရှိကာလတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အခွန်ထမ်းဆောင်မှုအဖြစ် မြန်မာ သံရုံး(ဘန်ကောက်)သို့ ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက် အခွန်ထမ်းဆောင်သူ ပျမ်းမျှ ၁၀၀၀ ခန့်ရှိရာ အခွန်ပေးသွင်းမှု အထောက်အထား(ငွေ ရပြေစာ)ကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိပြီး အခွန်စတင် ကောက်ခံသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၂၀၂၃ ခုနှစ် ဖေ ဖော်ဝါရီလ ၈ ရက်အထိ ၃၅၉၁၉ ဦး လာရောက် အခွန်ထမ်းဆောင်ထားကြောင်း သိရသည်။

Total Views ~ 310

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43540

© 2022 - 2025 News. All Rights Reserved.