Breaking

THE MASK SINGER MYANMAR SEASON-2 မှာ SEASON-1  ဖြစ်သွားခဲ့တဲ့  ဆယ်လီစုံထောက်တစ်ဦးဖြစ်သူ အဆိုတော်စန္ဒီမြင့်လွင်

ရန်ကုန် ၊ ဇွန် ၁၂
    THE MASK SINGER MYANMAR SEASON-2 ကို SEASON-1 နှင့်မတူ တစ်မူထူးခြား ဆန်းသစ်သည့် တင်ဆက်မှုပုံစံဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်  အစီအစဉ်တစ်ခုအဖြစ် တင်ဆက်နိုင်ရန် ပြည်တွင်းပညာရှင်များမှ အစွမ်းပြ ရိုက်ကူးတင်ဆက်ထားပြီး အစီအစဉ်တင်ဆက်သူအဖြစ် ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်များအဖြစ် ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ ဝါရင့်သမ္ဘာရင့် အနုပညာရှင်များဖြစ်သည့် အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ငှက်ပျောကြော်၊ စန္ဒီမြင့်လွင်၊ မျက်နှာဖုံးရှင် ဆယ်လီများအဖြစ် နယ်ပယ်စုံမှ နာမည်ကြီး Celebrity ၁၈ ဦးတို့ပါဝင်ကြောင်း၊ SEASON-2 တွင် ပါဝင်သည့် မျက်နှာဖုံးဝတ်စုံများကို မြန်မာ့ရိုးရာ အငွေ့အသက်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဆယ်လီစုံထောက်များထဲမှ အဆိုတော်စန္ဒီမြင့်လွင်အား SEASON-2 ၏ ထူးခြားချက်၊ အမှတ်တရများနှင့် ခန့်မှန်းချက်အလွဲများ မေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ THE MASK SINGER MYAN-MAR မှာ ပါဝင်ဖြစ်ပုံလေး ပြောပြပေးပါဦး။
SDML 
   ။    ။ THE MASK SINGER MYAN-MAR မှာ ပါဝင်ရတာ ပျော်တာပေါ့။ သူကရှေ့မှာ ကတည်းက နာမည်ကြီးထားတဲ့အရာဖြစ်နေတော့လေ။ အခု ငါးနှစ်အကြာမှာ ပြန်ပြီးတော့ စတာပေါ့။ ဒီပရိုဂရမ်စတဲ့အချိန် ဒီးဒီအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ 


TREND    ။    ။ THE MASK SINGER MYAN-MAR နဲ့ပတ်သက်ပြီး အမှတ်တရလေးတွေ ပြောပေးပါဦး။
SDML  
 ။    ။ THE MASK SINGER MYAN-MAR မှာ အမှတ်တရလေးတွေ၊ အလွဲလေးတွေကတော့ ဒီအစီအစဉ်ကို ရိုက်ကူးတာက ငါးလ၊ ခြောက်လလောက် ကြာမယ်။ အဲဒီလို ရိုက်ကူးရတာဖြစ်တဲ့အတွက် အမှတ်တရတွေကတော့ အများကြီးပဲ။ ပျော်စရာတွေလည်း အများကြီးပဲ။ အလွဲတွေလည်း အများကြီး ပဲ။ အစီအစဉ်ရိုက်ကူးတဲ့အချိန် ပြီးသွားတာတောင် ကိုယ်ကမပြီးချင်သေးဘူး။ အရမ်းပျော်လို့။


TREND    ။    ။ ကိုယ်မှန်းတာတွေရော ဘယ်လောက်အထိ လွဲခဲ့လဲ။
SDML    ။    ။
လွဲတာတွေလည်း ရှိတယ်။ မှန်တာတွေလည်း အများကြီးရှိပါတယ်။


TREND    ။    ။ ကိုထွန်းထွန်းကလည်း ကိုယ့်ထက်အရင် အတွေ့အကြံရှိတာဆိုတော့ ကိုထွန်းထွန်းစီက အကြံဉာဏ်ယူရတာတွေရောရှိလား။
SDML  
 ။    ။ ကိုထွန်းကိုလည်း မေးတာပဲ။ ဒါပေမဲ့ သူက ပိုတောင်လွဲသေးတယ်။ ကိုထွန်းလည်း မှန်တာတွေရှိသလို၊ လွဲတာတွေလည်း ရှိပါတယ်။ တစ်ခါတလေကြရင်တော့ ကိုထွန်းကို အားကိုးပြီး မေးတာပေါ့။ ဒါပေမဲ့ အဲဒီအခါကြရင် ဒီးဒီက ပိုသိတယ်။


TREND    ။    ။ အသံလေးတွေ မှန်းရတာရော ဘယ်လောက်အထိ ပျော်စရာကောင်းလဲ။
SDML  
 ။    ။ တစ်ခါတလေ အဆိုတော်ကြရင်တော့ အသံမှန်းရတာ လွယ်တာပေါ့နော်။ ကိုယ်နဲ့သိတဲ့အဆိုတော်တို့ သူတို့က သူတို့အသံကိုဘယ်လောက် ဖျက်ဖျက် ဒီးဒီရဲ့နားထဲမှာကြတော့ သူတို့ရဲ့ လေသံအကျတွေကို ပြောင်းလို့မရဘူးဆိုပြီးတော့ သိတယ်။ သို့သော်လည်း မှားပဲမှားသွားတာပါပဲ။ တချို့ဆိုရင် အသံတွေ တူနေတာရှိတယ်။ အရမ်းကို တူနေတာ။ ကိုယ်ကတော့ ဒီလူပဲလုံးဝကို သေချာပြီဆိုပြီးပြောတာ ဒါပေမဲ့လည်း  လွဲတာပါပဲ။ အကြီးအကျယ် လွဲသွားတာတွေလည်း ရှိတယ်။


TREND    ။    ။ ဒီထဲမှာ တစ်ယောက်နဲ့တစ်ယောက် ငယ်ငယ်က အကြောင်းတွေ ဖော်ကြတာတွေ လည်း ရှိတယ်နော်။
SDML  
 ။    ။ အဲဒီလိုတွေလည်း ရှိပါတယ်။ ပြိုင်ပွဲမှာက အရင်းနှီးဆုံးလူ ပါတာတောင် ကိုယ်ကလွဲတယ်။ အဲဒီလိုဖြစ်နေတာ။ စိတ်ထဲမှာလေ။ ဒါကတော့ မဖြစ်နိုင်ဘူးပေါ့ဆိုပြီး လုပ်လိုက်တာ သူက ကိုယ့်ကို တမင်သက်သက် Surprise လုပ်သွားတာ။ ပျော်တာပေါ့။ ခံစားချက်ကတော့ မကောင်းဘူးပေါ့။ ဟာလို့ဖြစ်သွားတာပေါ့။ အဲဒီမှာလွဲလည်း ပျော်တာပါပဲ။ အကုန်လုံးနဲ့ ပျော်ပျော်ပါးပါး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး နေရတယ်။ ပျော်ပါတယ်။


TREND    ။    ။ ပိုမှန်တာအများဆုံးက ဘယ်သူလဲ။
SDML 
   ။    ။ အကုန်လုံးတော့ အတူတူပါပဲ။ မှန်ကြတယ်။ ဦးငှက်လားမသိဘူး။ ကိုယ့်ကို အရင်းနှီး ဆုံးလူက Surprise လုပ်တာဆိုတော့ ဟင့် ...တွေ့ မယ် မကျေနပ်ဘူး။ မကျေပွဲနွှဲရမယ်လို့။


TREND    ။    ။ THE MASK SINGER MYAN-MAR မှာဆိုရင် အသံတင်မဟုတ်ဘူး။ ဖက်ရှင်တွေကပါ။ ဆွဲဆောင်မှုရှိတယ်။ ဒိုင်တွေက အစပေါ့နော်။ ဒါလေးလည်း ပြောပေးပါဦး။
SDML  
 ။    ။ ဒိုင်တွေက အစနော်။ သီဆိုတဲ့သူတွေအထိ ဖက်ရှင်တွေက အရမ်းမိုက်တာ။ အရုပ်တွေဆိုတာလေ အရမ်းမိုက်တာ။ THE MASK SINGER MYANMAR SEASON-1 တုန်းကလည်း အရမ်းမိုက်တာပဲ။ SEASON-2  မှာလည်း သူပုံစံနဲ့သူ မိုက်တာပဲ။ ဒိုင်တွေကတော့ တက်နိုင်သမျှဖက်ရှင်တွေကို အကောင်းဆုံး ဝတ်တယ်။ ဒါပေမဲ့ အားမရဘူး။ ဒီ့ထက်ပိုပြီး အလန်းဖက်ရှင်တွေ ဝတ်ချင်သေးတာ။ SEASON-2  က ဒီးဒီ ပထမဦးဆုံးပါတာ ဖြစ်တဲ့အတွက် ဖက်ရှင်တွေကို အားမရဘူး။ ဖက်ရှင်နဲ့ပတ်သက်ပြီး ပိုလုပ်လိုက်ချင်တာတွေ ရှိတယ်။


TREND    ။    ။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တဲ့အပိုင်းလေး ပြောပေးပါဦး။
SDML 
   ။    ။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ SEASON-2  အလယ်လောက်မှာမှ သေချာပြင်ဆင်ဖြစ်တာ။ အရှေ့မှာလည်း ကောင်းတော့ကောင်းတယ်။ အားမရတာပေါ့။ THE MASK SINGER MYANMAR SEA-SON-2 ကို ကြည့်လိုက်ပါ။ ဒီးဒီတို့ အရမ်းကြိုးစားထား ပါတယ်။ အားလုံးကလည်း အရုပ်တွေဆိုတာလေ အရမ်းကို ကြည့်လို့ကောင်းတယ်။ ပရိသတ်ကြီးကို ပျော်ရွှင်စရာ၊ ရယ်စရာတွေကိုပဲ ယူလာပေးမယ့် အစီအစဉ်တစ်ခု ပါလို့ပြောချင်တယ်။ အားလုံးကြိုက်ကြမယ့် ပရိုဂရမ်တစ်ခုပါလို့ ပြောချင်ပါတယ်။ 


TREND    ။    ။ ထရက်ရှာလေးရော ဒီးဒီလိုပဲ ဝတ်ချင်တာလား။
SDML 
   ။    ။ သူကဒီလိုမျိုး ဝတ်ထားရင် သူလည်း ဝတ်ချင်တာ၊ လိုက်ချင်တာ။ အခုတော့ အိမ်မှာ နေခဲ့တယ်။ ပြီးတော့ THE MASK SINGER MYANMAR ဆိုရင် ဒီးဒီ ပရိုဂရမ်အတွက် လာမခေါ်ခင် သူက အရင်ကြည့်တာ။ အရမ်းကြိုက်တာ။ နေ့တိုင်း SEASON-1 ကို  Youtube ကနေကြည့်တာ။ အဲ့ဒီကအရုပ်တွေ၊ သီချင်းတွေအကုန်လုံးရတယ်။ သူကြည့်ပြီးမကြာဘူး ဒီက ဖုန်းဆက်လာတာပေါ့နော်။ ဒီပရိုဂရမ်မှာ ပါဝင်ပေးဖို့ပေါ့။


TREND    ။    ။ အဲ့ဒါဆို ဒီအစီအစဉ်ကို ထရက်ရှာသမီးလေးကြောင့် လက်ခံဖြစ်တာလား။
SDML
    ။    ။ အင်းပေါ့။ သူ့ကြောင့်လည်းပါတယ်။ နောက်  THE MASK SINGER MYANMAR  အောင်မြင်ပြီးသား ပရိုဂရမ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်လည်း ပါပါတယ်။ သီချင်းတွေကတော့ သမီးလေးကသီဆိုနေပြီ။ ဒီးဒီ သီချင်းဆိုရင်တော့ အကုန်ရတယ်။ စင်ပေါ်တော့ မတက်ရဲသေးဘူး။ ဖက်ရှင်လည်း သူက အသစ်အဆန်းလေးတွေမြင်ရင် အရမ်းသဘောကျတယ်။ အလှကြိုက်တယ်။ ဒီးဒီ ထက်ပိုကြိုက်တယ်။ ညီ အစ်မတွေမှာ ထရက်ရှာလေးက သူ့အဒေါ် စိုးပြည့်နဲ့တူတာ။ သူ့အဒေါ်လိုပဲ အလှကြိုက်တယ်။


TREND    ။    ။ အနုပညာ လှုပ်ရှားမှုအနေနဲ့ အခြားရော ဘာတွေလုပ်ဖို့ရှိလဲ။
SDML    ။    ။ သီချင်းအသစ်လေးတွေ ဖြည်း ဖြည်းချင်း ထွက်ဖို့ရှိပါတယ်။ ကျေးဇူးပါရှင့်။
 ( သက်မှူး )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 264

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45390

© 2022 - 2025 News. All Rights Reserved.