၂၀၂၃ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က တညင်းကုန်းလက်ကားဈေးကြီးမှာ သစ်သီးတစ်မျိုးတည်း သီးသန့် ရောင်းချမယ့် သစ်သီးဝလံဈေးရုံသစ်ကြီးကို လာမယ့်အောက်တိုဘာ ၁ ရက်ကစပြီး ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်တယ်လို့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဈေးရုံအတွင်းမှာ ၅ ပေ X ၁၁ ပေနဲ့ ၅ ပေ X ၁၃ ပေရှိတဲ့ ဆိုင်ခန်းပေါင်း ၁၀၆၉ ခန်း ဖွင့်လှစ်နိုင်မှာပြီး ရာသီပေါ်သစ်သီးမျိုးစုံကို လက်လီ၊ လက်ကားအမျိုးအစား ၄ မျိုးခွဲပြီးရောင်းချနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဈေးရုံကြီးမှာ သစ်သီးဝလံတွေ စနစ်တကျသိုလှောင်သွားနိုင်မယ့် သစ်သီးသိုလှောင်အအေးခန်းကိုလည်း ဖွင့်လှစ်ထားပြီး သစ်သီးရောင်းချမယ့်ဆိုင်ခန်းတွေရဲ့ တစ်လအငှားစရိတ်ကို ၁ သိန်းသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆိုင်ခန်းအရေအတွက် အားလုံးနီးပါး လျှောက်ထားပြီးဖြစ်တယ်လို့လည်းသိရပါ တယ်။