Made in Myanmar Brand ကော်ဖီတွေ ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထုတ်လုပ်တင်ပို့နိုင်ဖို့ စက်မှုဝန်ကြီးပြော

၂၀၂၃ အောက်တိုဘာ၂၃

မြန်မာ့ကော်ဖီတွေကို ကမ္ဘာ့ကော်ဖီဈေးကွက်က စိတ်ဝင်စားမှုများလာတာကြောင့် Made in Myanmar Brandကော်ဖီတွေထုတ်လုပ်တင်ပို့နိုင်ဖို့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာ့ကော်ဖီလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံရာမှာပြောခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံက ကော်ဖီတွေကို ပြည်ပတင်ပို့နေရာမှာ လက်ရှိတွင် ကော်ဖီကုန်ကြမ်းတွေကိုသာအများဆုံးတင်ပို့နေရတာဖြစ်လို့ မြန်မာပြည်ရဲ့ကနေ ကုန်ချောအဖြစ်ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင်ဖို့ ကော်ဖီလုပ်ငန်းရှင်တွေကိုတိုက်တွန်းထားကြောင်းသိရပါတယ်။

နိုင်ငံတွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှုရဲ့ထက်ဝက်ခန့်က အမေရိကန်အပါအဝင် ဥရောပ ၊ဂျပန်၊ တောက်ကိုရီးယား ၊ထိုင်း ၊ တရုတ် နဲ့ထိုင်ဝမ်နိုင်ငံများကို တင်ပို့ရောင်းချနေတာလို့ဆိုပါတယ်။

ကမ္ဘာ့ကုန်စည်ဈေးကွက် မှာ ရေနံရောင်းဝယ်မှုပြီးပါက ဒုတိယအရေးပါဆုံးသောသီးနှံကုန်စည်က ကော်ဖီဖြစ်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြည်ပဝင်ငွေ ရလမ်းအဖြစ် ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်သင့်ကြောင်းသိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးရာနေရာတွေက မန္တလေး တိုင်း ၊ ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ်၊ တီးတိန်ဒေသနဲ့ ရှမ်းပြည်နယ် ရွာငံဒေသတို့မှာ အဓိကစိုက်ပျိုးနေပြီး ပြင်ဦးလွင်နဲ့ရွာငံ ဒေသတွေက ထွက်ရှိတဲ့ မြန်မာ့အာရေးဗီးကား ကော်ဖီဟာကမ္ဘာ့အဆင့်မှီ Special Coffeeအဆင့်ကို ကမ္ဘာ့ကော်ဖီဈေးကွက်မှာ ရရှိထားဖူးကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းကနေသိရပါတယ်။

Total Views ~ 345

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43070

© 2022 - 2025 News. All Rights Reserved.