၂၀၂၃ နိုဝင်ဘာ ၂၆
မောင်သွေးချွန်
ကျေးဇူးတော်ရှင် အဘဝိမလ ဆရာတော် ဘုရားကြီးဟာ သားကြီး သြရသပမာ အားကိုးရသော မဟာဗောဓိမြိုင်လောင်းလျာ ဦးညိမ်းမောင်အား မဟာ စည်ရိပ်သာဝင်၍ ဝိပဿနာတရားအားထုတ်ရန် အမြော်အမြင် ကြီးမားစွာဖြင့် တိုက်တွန်းတော်မူခဲ့ပါတယ်။ အဘဝိမလကို ဝိဇ္ဇာဆရာတော်ကြီးအဖြစ်သာ အများက သိမြင်ချဉ်းကပ် ကိုးကွယ်နေကြသော်လည်း အဘ စွဲစွဲမြဲမြဲကျင့်သောတရားမှာ ဝိပဿနာတရားသာ ဖြစ်တယ် လို့ သိရပါတယ်။
'အဘကား သမထကိစ္စ၏ ဘုရားတည်၊ ကျောင်းဆောက် ဆောင်ရွက်ပေးနေရခြင်း၊ ရံတစ်ခါ လောကီလူမှုကိစ္စ၏ အရှုပ်အထွေးများ ဖြစ်ကြလေသော ရာဇဝတ်မှု အချုပ်အနှောင် ခံရခြင်းမျိုးသော်လည်းကောင်း၊ စုန်းကဝေ၊ နတ်မိစ္ဆာတို့၏ အနှောင့်ကိစ္စပေါ် ပေါက်လာသော်လည်းကောင်း၊ သွေးပယောဂ၊ လေပ ယောဂများကြောင့် အရူးရောဂါဖြစ်ပွားလာသော်လည်း ကောင်း၊ အရောင်းအဝယ်ဖြင့် လမ်းခရီးသွားလိုရာတို့၌ အဆောင်အယောင် အစောင့်အရှောက် တောင်းခံမှုမျိုး ပေါ်ပေါက်လာသော်လည်းကောင်း၊ ၎င်း၏ သမာဓိ အာ ဏာဖြင့် အစီအရင်များ ချီးမြှင့်ပေးသနားနေရသော်လည်း ၎င်းင်း၏ လုပ်မြဲအလုပ်ကား ဝိပဿနာသာ ဖြစ်၏။' (၂၀၁၂၊ စက်တင်ဘာလထုတ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ စာ-၂၃၅)
အဘဝိမလရဲ့ သမထစွမ်းအင်၊ သမထစွမ်း အားကလည်း မခန့်မှန်းနိုင်လောက်အောင် မြင့်မားလှ ပါတယ်။ ဘယ်လောက်ထိ မြင့်မားသလဲဆိုလျှင် ...
'အမှန်မှာ အဘကား ...ကမ္ဘာ့ဓာတ်ကိုင် (တစ်ကမ္ဘာလုံး သာသနာလွှမ်းခြုံစေမည့် ဓမ္မဓာတ်အား ပိုင်ဆိုင်သူ)အဖြစ် တာဝန်ယူထားရသူ ဖြစ်ချေ၏။ အဘ၏ ပထမဆုံး သာသနာဖြစ်သော မင်းကွန်းမြစိမ်းတောင် စေတီတည်ထားပြုပြင်ရစဉ်က ...'သန့်ရှင်း(အဘဝိ မလ၏လူနာမည်)ရေ ...ကမ္ဘာပေါ် သာသနာတင် လိုက်ကွယ့်' ဟူ၍ အောင်မင်းခေါင်ကြီးက မိန့်ကာ အောက်ခံကမ္ဘာလုံးကြီး၏ အပေါ်ဝယ် ဓာတ်တိုင်စိုက် ထူခြင်း၊ ထိုဓာတ်တိုင်ထိပ်ဝယ် စေတီငယ်တစ်ဆူတည်ခြင်းကိစ္စ စတင်ခဲ့ရသည်ဆို၏။ ထိုကမ္ဘာ့ဓာတ်တိုင်(မင်းကွန်းမြစိမ်း တောင်ရှိ ကမ္ဘာ့ဓာတ်တိုင်)သည် တစ်ပြည်လုံး၏ ပထမဆုံးသော ကမ္ဘာ့ဓာတ်တိုင်ပဲဟူ၍ အဘမိန့်ခဲ့ဖူး၏။ ကမ္ဘာ့သာသနာပြုများ ပေါ်ထွန်းလာရန် ဓာတ်ရိုက်ခြင်းတည်း' (စာ-၂၃၇)
ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ်အကျော်အမော်များတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သည် ထိပ်ဆုံးက ပါဝင်နေသည် မဟုတ်ပါလား။ ဒါ့ကြောင့်လည်း အဘဝိမလက ဦးညိမ်းမောင်ကို မဟာ စည် ရိပ်သာဝင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်တွန်းခဲ့ ခြင်းဖြစ်ပါတယ်။ ဦးညိမ်းမောင် ရိပ်သာဝင်မည့်အချိန် ဟာလည်း မဟာစည်ဆရာတော်ဘုရားကြီး ကမ္ဘာလှည့်၍ (၁၃ နိုင်ငံ သာသနာပြုခရီးကြွတော်မူချိန်)နဲ့ ကွက်တိပင် တိုက်ဆိုင်နေတယ် မဟုတ်ပါလား။ ပြီးတော့ မဟာဗောဓိမြိုင်လောင်းလျာ ဦးညိမ်းမောင်က အဘဝိမလအား မဟာစည် ဝိပဿနာရှုနည်းတစ်အုပ်၊ မဟာစည်ကမ္ဘာ လှည့်၍ ဟောကြားခဲ့သော ကမ္ဘာ့တရားတော် အင်္ဂလိပ် ဘာသာဖြင့်တစ်အုပ်၊ မြန်မာဘာသာဖြင့်တစ်အုပ် ... ပေါင်းသုံးအုပ် ဆက်ကပ်စဉ် ဝိပဿနာရှုနည်းစာအုပ် ကို ဦးညိမ်းမောင်အား ပြန်စွန့်ပါတယ်။ ကမ္ဘာလှည့်၍ ဟောကြားခဲ့သော တရားတော်များ နှစ်အုပ်ကို ကိုင်ထား တော်မူလျက် ...
'ငါနှစ်ပေါင်း ၃၀ လုံးလုံး ကြိုးစားခဲ့ရတာ ယခုမှ အောင်တယ်'ဤသို့လျှင် အတိအလင်း မိန့်ပါတော့၏။ ကမ္ဘာပေါ် သာသနာတင်ခြင်း၏ ရည်ရွယ်ချက် ပေတည်း။ ထို့ကြောင့် အဘ၏ ပို့လွှတ်ချက်သည် အဘ အတွက်လည်းပါ၊ ငါ့အတွက်လည်းပါပင် ဖြစ်စေသည်မှာ ထင်ရှားပြီ။' (စာ-၂၅၁)
ကျေးဇူးတော်ရှင်ကြီးများရဲ့ လုပ်ဆောင်ချက် သည် လူသာမန်တို့ Óဏ်မမီနိုင်လောက်အောင် အလွန် လေးနက်လှပါတယ်။ မင်းကွန်းမြစိမ်းတောင်တွင် ကမ္ဘာလုံးပေါ်၌ ဓာတ်တိုင်စိုက်ထူခြင်း၊ ဓာတ်တိုင်ပေါ်တွင် စေတီတည်ခြင်းတို့သည် အဘဘိုးမင်းခေါင်၏ မိန့်ဆိုချက်အရ ကမ္ဘာပေါ်မှာ သာသနာတင်လိုက်ခြင်းပင်ဖြစ် ပါတယ်။ အဘဝိမလက ထိုသို့ စီမံဆောင်ရွက်ခဲ့ပြီး ယခု အခါ မဟာစည်ဆရာတော်ဘုရားကြီးက ကမ္ဘာလှည့်၍ သာသနာပြုချိန်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြားသိခဲ့ ရလေပြီ။ ဒါ့ကြောင့်လည်း အဘဝိမလက 'အောင်ပြီ'လို့ ဥဒါန်းကျူးလိုက်ခြင်း ဖြစ်ပါတယ်။
အဘဝိမလဟာ သထမအလုပ်တွေ လုပ်နေ ရင်း အတွင်းက ဝိပဿနာကျင့်စဉ်ကို မြှင့်တင်ထားသူဖြစ် ပါတယ်။ အဘဝိမလတို့ရဲ့ သာသနာပြု လုပ်ငန်းစဉ်ကို သဘောပေါက်အောင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ရှင်းလင်း ရေးသားဖော်ပြထားပါတယ်။
'စင်စစ် ဝိဇ္ဇာတို့၏ အဘိညာဉ်စွမ်းပကားသည် ရွှံ့သည်ပင် ရွှေဖြစ်နိုင်စွမ်းအားရှိ၏။ သို့တစေလည်း ဝိဇ္ဇာကား အာဏာပိုင်၏ အာဏာကိုင်မျှသာ၊ ဆိုင်ရာ ကမ္ဘာစောင့်နတ်၊ သာသနာစောင့်နတ်များတို့၏ အကူ အပံ့ကသာ ရုပ်လုံးပေါ်စေသည်သာ ဖြစ်၏။ သို့မဟုတ် ဝိဇ္ဇာတို့၏ စိတ်နှလုံးအလိုကို သူ့ဆိုင်ရာ အောက်လက် တာဝန်ခံတို့က အကောင်အထည် ဖော်ပေးရခြင်း။'
'ငါတို့ သာသနာတော်တွင်းမှ ပေါက်ဖွားကြ လေကုန်သော သရဏဂုံတည်ဝိဇ္ဇာတို့သည် အခြားလော ကီဝိဇ္ဇာတို့သို့ တစ်ကိုယ်စာမျှအတွက် သက်သက်မဟုတ်၊ သာသနာအရေးအခင်းအတွက်မျှသာ၊ လောကီဝိဇ္ဇာဆို သော်မှလည်း ဝိပဿနာÓဏ် အခြေခံမလွတ်၊ ငါတို့ အဘကား အရိယာဉာဏ်အမြင်ဝယ် သကဒါဂါမ်အဆင့် ထိ ပေါက်မြောက်၏။ ဆုထူးပန် လက်ကျန်ပါဉာဏ် လိုနေသေးသဖြင့် ရှေ့မတက်နိုင်ခြင်းမျှသာ၊ ပရမတ် ဉာဏ်အမြင်သန်ရာ၌ ဓာတ်လေးပါး ချောက်ချားစေခဲ့ သည်ဆို၏။' (စာ-၂၅၁)
အဘဝိမလရဲ့ ဝိပဿနာတရားပြဆရာဟာ အဘအောင်မင်းခေါင်ကြီး ဖြစ်နေတာလည်း အလွန်အံ့ သြဖွယ်ကောင်းလှပါတယ်။
'တရားပြကား အောင်မင်းခေါင်ကြီးဆို၏။ တရားပြ အလွန်ညက်ညောလှသည်ဆို၏။ တရားစစ်၊ တရားမှန် ဟုတ်မဟုတ်ကိုကား မဟာစည်ဆရာတော် ဘုရားကြီး၏ ဝိပဿနာရှုနည်း ကျမ်းကြီးများက အ ထောက်အကူပြုခဲ့သည်ဆို၏။ မိမိဉာဏ်အဆင့်ရောက်ရာ စာမျက်နှာလောက်သာ ဖတ်ကြည့်ပြီး မရောက်သေး သည်ကိုကား လှန်လှော မကြည့်ခဲ့ဆို၏။ ရောက်သ လောက်ဖတ်၊ ဖတ်သလောက် ရောက်ဖြင့် တစ်ယောက် ထီးတည်း အားထုတ်ခဲ့သည်ဆို၏။
'တစ်နေ့ ၎င်းအားထုတ်နေစဉ် အနီးအပါးမှ ဝိဇ္ဇာနှစ်ဦး ဖြတ်လျှောက်သွားကြပြီး တစ်ဦးကသည် ပုဂ္ဂိုလ်က 'သကဒါဂါမ်' အဆင့်ရောက်နေပြီဟူ၍ ဝေဖန် သွားခဲ့သည် ဆို၏။ ထိုအပြောကား အဘ၏ အမူအကျင့် များနှင့် ဟပ်ကြည့်သော် တစ်ထပ်တည်း ကျနေသည်သာ ဖြစ်၏။ အဘကား ပစ္စည်းလာဘ်လာဘတို့၌ ကပ်ငြိခြင်းမရှိ၊ မာနဒေါသ ထကြွခြင်းလည်း မရှိ၊ ကိစ္စတစ်ခုပေါ် လေတိုင်း သူ့ကိုယ်သူ အပြစ်ရှုလေ့ရှိ၏။' (စာ-၂၅၁)
အဘဝိမလဟာ ပညတ်တွေကို ကျော်လွန်ပြီး ပရမတ်တရားဆီ ဒုတ်ဒုတ်ထိ ဆိုက်ရောက်ခဲ့ပြီ ဖြစ်ပါ တယ်။ ဘာကိုကြည့်ကြည့် ဓာတ်လေးပါးတို့ရဲ့ တိုက်ခိုက် ဖောက်ပြန်နေပုံရဲ့ သဘောကိုသာ တွေ့ရပါတော့ တယ်။ စေတီရုပ်ပွား ဘုရားများကို ဖူးတဲ့အခါမှာတောင် ဘုရား ပုံတော် ဘုရားအဆင်းမရှိတော့ဘဲ ဓာတ်လေးပါး လှုပ် ရှားနေတာကိုပဲ သိမြင်ရပါတော့တယ်။ အဖေအမေလည်း ဒီလိုပဲ အားလုံးဟာ ဓာတ်ငွေ့မျှသာ အဲဒီမှ ဝိဇ္ဇာတစ်ပါး ကြွလာပြီး သတိပေးစကားဆိုပါတော့တယ်။
'ပရမတ်မှန် အမြင်သန်လားရန် အဝီစိ'
ဟုတ်ပေသားပဲ။ ဘုရားပုံတော်မှ ဘုရားဂုဏ်တော်တွေ ပျက်ပြယ်သွားပြီး ဓာတ်ငွေ့မျှသာဆိုတော့ ဘုရားကို ပြစ်မှားသလိုဖြစ်သွားနိုင်ပါတယ်။ လမ်းဘေးက ကျောက်တုံးလည်း ဓာတ်ငွေ့မျှသာ၊ ဘုရားစေတီ လည်း ဓာတ်ငွေ့မျှသာဆိုတော့ 'ပရမတ်မှန် အမြင်သန် လားရန် အဝီစိ'လို့ ဝိဇ္ဇာပုဂ္ဂိုလ်ကြီးက သတိပေးသွားတာ ဖြစ်ပေလိမ့်မယ်။ ဒီနေရာမှာ ကျေးဇူးတော်ရှင် မဟာဗော ဓိမြိုင်ဆရာတော်ဘုရားကြီး ရှင်းပြထားတာက ဘုရားရှင်ဟာ ပရမတ်သမားဖြစ်သော်လည်း ပညတ်ကိုမပယ်၊ မယ်တော် တော်စပ်ခဲ့ဖူးတဲ့ သေတကေ တုနတ်သားကို နို့ဖိုးဆပ်တရား အဘိဓမ္မာတရား ဟောကြားခဲ့ပုံနဲ့ သာ ဓကဆောင်ပြထားပါတယ်။ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာလည်း ပရမတ်သမား ဖြစ်ပေမယ့် ပညတ်မပယ်၊ ပရိနိဗ္ဗာန်စံဝင်ခါနီး မယ်တော်သာရီပုဏ္ဏေးမကြီးကို နို့ဖိုးဆပ်တရားဟောကြားသွားခဲ့ပုံကို ဖော်ပြထားပါတယ်။ မယ်တော် တော်စပ်ဖူးတဲ့ နတ်သား၊ မိခင် ပုဏ္ဏေးမဆို တာတွေဟာ ပညတ်တွေချည်း မဟုတ်ပါလား။
ဒါ့ကြောင့် ပညတ်နေရာ ပညတ်သုံး၊ ပရမတ် နေရာ ပရမတ်သုံးလို့ အဘဝိမလက ဆုံးမလမ်းညွှန်တော် မူခဲ့ပါတယ်။ ဝိဇ္ဇာထဲမှာ အဘဝိမလတို့လို ]အရိယာဝိဇ္ဇာ} ကြီးတွေ ပါဝင်နေတာကို သတိပြုမိခဲ့ဖို့ လိုပါတယ်။
'သာသနာတွင်း ဝိဇ္ဇာမှန်သမျှ ဆုပန်နှင့်ဖြည့် ကျင့်မှုလက်မလွတ်၊ ထိုဆုပန်နှင့် ဆုခံအံကိုက်မဖြစ် ကြသေးမီ စရိယသုံးပါး(လောကတ္ထစရိယ၊ ဥတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ)လည်း ကျင့်မြဲသာရှိချေလိမ့်မည်။ သာ သနာ့အကျိုး၊ လောကအကျိုး၊ ဆွေတော်အကျိုး၊ မျိုးတော်အကျိုး၊ မိမိအကျိုး...၊ ထို အကျိုးတရားများ တိုးပွားအောင် ဆောင်ကြဉ်းပေးနေမည်ကား မြေကြီး လက်ခတ်မလွဲပြီ။ ထိုဝိဇ္ဇာတို့တွင် အချို့ကား ဘုရားဆု ပန်၊ အချို့ကား သာဝက ဆုပန်ကွဲပြားကြဆို၏။'
'ထိုတွင် ဘုရားဆုပန်ဝိဇ္ဇာကား ဘုရားရှင်၏ ဇာတ်သိမ်းပွဲဖြစ်သော ရောင်တော်ပြန်ကာလ ယူခွင့်ရ ရန် ကျင့်နေကြပြီး သာဝကတို့တွင်ကား ရင့်လေပြီးသော သာဝကဆုပန်ဝိဇ္ဇာကား မိမိအား အဆုံးအမ ပေးသနား သော ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးတွေ့ပြီးနောက် အရိယာအကျင့်ကျင့်လျက်က နိဗ္ဗာန်ဝင်စံရန် ရောင် တော်ပြန်ပွဲ အားခဲ၍ ကျင့်နေသည်ဆို၏။ အခြားတို့ကဲ့သို့ သူယောင်တောသွား သူယောင်မနှင့် ပျော်ပါးရန်ကား မဟုတ်ပြီ။' (စာ-၂၅၂)
ဝိဇ္ဇာတွေ ကျင့်ကြံအားထုတ်ထားတဲ့ အဘိ ညာဉ်တွေထဲမှာ'ဣဒ္ဓိဝိဇအဘိညာဉ်'ဆိုတာ သာသနာပြု ရာမှာ အသုံးချရုံမှတစ်ပါး အခြားမရှိလို့ ဆိုပါတယ်။ ဝိပဿနာအရာမှာ အထူးထင်ရှားတော်မူသော ကျေးဇူး တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသော်မှ မဟာ စည်ရိပ်သာကြီး တည်ထောင်ခါစက သမထအင်အား ထူထောင်လုပ်ဆောင်သွားရပုံကိုပါ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးက မှတ်မှတ်ရရ ဖော်ပြရေးသားသွားခဲ့ပါတယ်။
မဟာစည်ရိပ်သာ စတင်တည်ထောင်စဉ်က အနှောင့်အယှက်များ ရှိနေခဲ့ပါတယ်။ မဟာရာမ်တံတိုင်း နှင့် မုခ်ဦးကြီးများ တည်ဖန်ရန် ရည်သန်လျက် ပန်းရန်တွေကို ညစဉ် အဓိဋ္ဌာန်ဝင်ခိုင်းပါတယ်။ ဆရာတော် ဘုရားကြီးက ပန်းရန်အလုပ်သမားတို့ရဲ့ ထိပ်မှာ ကုလား ထိုင်တစ်လုံးပေါ်ထိုင်ပြီး မေတ္တာကမူဋ္ဌာန်း စီးဖြန်းတော် မူခဲ့ပါတယ်။ သမာဓိအရှိန်ရလာတဲ့ တစ်ရက်မှာတော့ ပန်းရန်ခေါင်းဆောင်ရဲ့ အာရုံမှာ မိန်းမချောလေးတစ်ဦး အနီးသို့ လာကပ်တယ်ဆိုပါတယ်။
'ဒါ မလိုချင်လို့ တရားအားထုတ်နေတာ၊ ဘာ လာနှောင့်ယှက်တာလဲ'
ပြောပြောဆိုဆို လက်သီးနဲ့ ထထိုးလို့ ဆရာ တော်ကြီးက 'ဟဲ့...ဒကာ ကိုယ့်အလုပ် ကိုယ်လုပ်'လို့ သတိပေးခဲ့ရပါသတဲ့။ ပြီးတော့ ပန်းရန်နောက်လိုက်တစ် ဦးကို နွားကြီးတစ်ကောင်က လာနမ်းရာ 'ကဲဟာ ... ကဲဟာ'ဆိုပြီး နွားကြီးပါးစောင်ရိုးကို လက်သီးနဲ့ ထထိုး လေရာ မဟာစည်ဆရာတော်ကြီးက ... 'ဒကာ ကိုယ့် အလုပ်ကိုယ်လုပ်လေ'လို့မိန့်တော်မူပြီး 'တယ်လဲအနှောင့် အဖျက်ပေါတဲ့ နေရာပေကိုး'လို့ ညည်းညူတော်မူရှာ သတဲ့။ တစ်ပတ်ခန့်မျှ ညစဉ်တရားရှုမှတ်လာကြရာ တစ်ညမှာ 'မီးလိုပူပြင်းတဲ့ ဝေဒနာများ ခါးဆစ်ရိုးမှ ထကြွလာပြီး ကျောရိုးတစ်လျှောက် တဖျဉ်းဖျဉ်း ထရောက်လာလေရာ ဆရာတော်ဘုရားကြီးက 'မလျှော့နဲ့၊ သည်းခံပြီး အားထုပ်၊ ရပ်မပစ်နဲ့၊ မျက်စိမှတ်ပြီးသာ အားထုတ်ဟေ့'လို့ ခေါင်းရင်းကနေ သတိပေးနေရတယ် ဆိုပါတယ်။ ဝေဒနာကတော့ ပိုပြီးပူ၊ ပိုပြီးတက်လာကာ ငယ်ထိပ်ရောက်တော့ ရုတ်တရက် ပျောက်သွားတယ်လို့ ဆိုပါတယ်။
ဆရာတော်ကြီးက 'အေး ...အောင်သွား ပြီကွ'လို့ မိန့်တော်မူသတဲ့။
'ထူးခြားသည်မှာ ထိုအဓိဋ္ဌာန်ရက် အောင်မြင် သည်၏ နောက်တစ်နေ့ နံနက်တွင်မူ မဟာစည်ကျောင်း ဝင်းကြီး၏ အတွင်းရှိ ထိန်ပင်ကြီးများ ကိုးပင်တိတိ အလိုလို ရုတ်တရက်လျှင် လောင်မီးကျသော သစ်ပင်များ ပမာ သေဆုံးသွားကြသောဟူ၏။' (စာ-၂၅၃)
ပွင့်ကောင်းငံပြာရည် စက်ရုံပိုင်ရှင် ဦးပွင့် ကောင်းရောက်လာပြီး ]ဤကျောင်း၏ လိုသမျှ တပည့် တော်တာဝန်ယူပါရစေဗျာ}လို့ လျှောက်ထားခဲ့ပါတယ်။ ဒီလိုနဲ့ မဟာရာမ်တံတိုင်းကြီးများ၊ မုခ်ဦးကြီးများ စတင် ပြုလုပ်ခွင့်ရခဲ့တဲ့အကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ ပိဋကတ် မောင်ထွန်းကြိုင်က မဟာဗောဓိမြိုင် ဆရာတော်ဘုရား ကြီးကို ပြန်လည်လျှောက်ထားခဲ့ခြင်း ဖြစ်ပါတယ်။
'ဤသို့ ရေးပြရသည်မှာ ပဋိပတ်ဆိုသော ဝိပဿနာဓူရဆောင် ဆရာတော်ကြီးပင် ဖြစ်လင့်က စား 'သမထအင်အား ထူထောင်ရခြင်း'ကိုလည်း သိစေလို၏။ ပရမတ်နေရာ ပရမတ်၊ ပညတ်နေရာ ပညတ်သူ့နေရာ နှင့်သူ သုံးသပ်ရသည်ကိုလည်း သိစေလို၏။ အရိယာ ဝိဇ္ဇာနှင့် လောကီဝိဇ္ဇာ အပ်နှင့်ချည်ပမာ နှစ်ဖြာကွဲဖက် သာသနာ့အကျိုး လက်ဆက်ကြရပါသည်ကိုလည်း သိ စေလိုရင်းပင် ဖြစ်ပါချေ၏' (စာ-၂၅၄)
ရဟန္တာတစ်ဆူ ဖြစ်တော်မူပါသော ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးနှင့် အဘအောင် မင်းခေါင်ကြီးတို့ရဲ့ ရိယာနှင့် ဝိဇ္ဇာ နှစ်လွှာကွဲ၍ သာသ နာ့အောင်ပွဲ ဆင်နွှဲပုံအချို့ကိုတော့ ၂၀၂၃ ဇူလိုင် ၁၃- ဇူလိုင် ၁၉ ထုတ် Trend ဂျာနယ် အမှတ်-၂၊ အမှတ်-၂၅ မှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးနှင့် ဝိဇ္ဇာတို့ရဲ့ ဆက်နွှယ်ပေါင်းကူး ထူးခြားသော အခန်းကဏ္ဍများကိုလည်း မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မမေ့မလျော့ ဖော်ပြခဲ့ပါတယ်။
'ငါတို့ မမီလိုက်ရသော လယ်တီဆရာတော် ဘုရားကြီး (အဘိညာဉ်ရ အနာဂါမ်ပုဂ္ဂိုလ်ကြီး) လက်ထက် တော်ကာလတုန်းကလည်း တစ်ပြည်လုံး ကပ်ရော ဂါကျသဖြင့် မနေမနားကြွရောက် ကယ်မçတော်မူရစဉ် မြဝတီမြို့အရောက် ဝိဇ္ဇာက 'ကယ်ကျော်အင်း' ကပ်လှူ သည်ကို လက်ခံတော်မူခြင်း၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပင်လျှင် ပြည်နိဗ္ဗိန္ဒဆရာတော်အား အင်းလက် ဖွဲ့ ချီးမြှင့်တော်မူခဲ့ခြင်း၊ ဆရာတော်ဘုရားကြီး သက် တော်ရှည်ရှည်ဖြင့် သာသနာပြုနိုင်ရန်ဝိဇ္ဇာမှ 'ပြာ' ကပ်လှူခြင်း၊ လယ်တီဘိုးဘိုးကြီးခေါ် နတ်မင်းကြီးကိုယ်တိုင် အစောင့်အရှောက်များ၊ အကူအညီများ ပေးရခြင်းများလည်း သူ့ဆိုင်ရာစာများ၌ မှတ်တမ်းများ ပါရှိပြီးကို သုတစကား ဖတ်ရှုမှတ်သားခဲ့ရဖူးသေး၏။'
'ဤ၌ လယ်တီဆရာတော်က အင်းလက်ဖွဲ့ချီး မြှင့်သည်ဆိုသဖြင့် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် အင်းကစားခြင်း၊ လက်ဖွဲ့စီရင်ခြင်းများ ပြုကျင့်တော်မူ ချေသည်ဟု အယူအဆ မမှားလေလင့်။' (စာ-၂၅၅)
အရိယာဝိဇ္ဇာကြီးတွေဆိုတာ လောကီအလုပ် တွေ ရှောင်ကြဉ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
'ဝိဇ္ဇာသည်လည်းကောင်း၊ နတ်သည်လည်း ကောင်း စရိယသုံးပါးတို့ကို ပြုကျင့်လိုရာ၌ မည်သူသည် မည်မျှ သာသနာ့အဖွင့် တွန်းဖွင့်နိုင်ပြီး ဖြစ်သနည်း။ မည်သူသည် မည်မျှ ထွန်းပေါက်နိုင်သနည်း။ ထိုအချက် များကို ၎င်းင်းတို့၏ အဘိညာဉ် ကမ္မဇိဒ္ဓိများဖြင့် တွက်ချက် ကြည့်မြဲဖြစ်၏။ အဖြေတွေ့သော် ထိုပုဂ္ဂိုလ်ထံ ချည်းကပ် ၍ ကူပံ့ရန် အဆင်သင့်သာဖြစ်ပေလိမ့်မည်။' (စာ-၂၅၅)
ဝိဇ္ဇာကြီးများရဲ့ တာဝန်ကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးရေးသားထားပါတယ်။
'သာသနာပြုပုဂ္ဂိုလ် အာဇာနည်တို့၏ သာ သနာ့ကိစ္စတွင်းသာ ဖောက်သာ၊ သွားသာ၊ လာသာ၊ ဝင် သာ၊ ထွက်သာစေရန် ရှေ့ပြေးလမ်းခင်းပေးခြင်း၊ နောက် ကူတွန်းအား ပံ့ပိုးပေးခြင်း၊ အတူယှဉ်တွဲလျက်က အောင် ပွဲဆင်စေခြင်းများသည် သာသနာဝင် ဝိဇ္ဇာတို့၏ တာဝန် ပင်ဖြစ်ချေ၏။ တစ်ဖက်၏ မယုံစိတ်ကို ယုံစိတ်သို့ ညွှတ် ပေးခြင်းမှာ ဝိဇ္ဇာတာဝန်၊ တစ်ဖက်၏ အယူသီးစိတ်ကို သွေးတိတ်စေခြင်းမှာလည်း ဝိဇ္ဇာတာဝန်၊ ဤဘက်၏ အဝင်အထွက် အခက်အခဲကို ချောမွေ့ ကျေညက်စေခြင်း မှာလည်း ဝိဇ္ဇာတာဝန်ပင်တည်း။' (စာ-၂၅၆)
'မမြင်ကွယ်ရာ၌ စိတ်တန်ခိုး စိတ်သတ္တိ၏ စွမ်းပကားသည် အတိုင်းအဆမရှိ၊ တန်ခိုးအာနိသင် အပြည့်ရှိ၏။ မြင်အပ်ရာရာရှိ ကိုယ်နှုတ်တို့၏ သတ္တိစွမ်း ပကားများထက် သာလွန်ထိရောက်လှပါသည်ကို ဘုရား ရှင်ကိုယ်တော်တိုင် ဥပါလိသုတ်၌ ဟောကြားထားသည် မဟုတ်ပါလော။ သဒ္ဓါအား သက်သက်၏ စိတ်စွမ်းအင် ထက် သီလအားစင်ကြယ်သူ၏ စိတ်စွမ်းအင်က ပိုလွန်၏။ သီလအားရှင်၏ စိတ်စွမ်းအင်များထက် သမာဓိ စွမ်းပကား ကြီးမားသူက ပိုလွန်၏။ တစ်ဖန် ...သာမန် သမာဓိစွမ်းအားရှင်ထက် အပ္ပနာသမာဓိမှာ စိတ် မကလက် လွန်ငြိမ်သက်သူ၏ စိတ်စွမ်းအင်များက အဆသာ၏။ တစ်ဖန်ရိုးရိုး...အပ္ပနာသမာဓိရှင်ထက် အဘိညာဉ်သမာဓိရှင်၏ အလွန်သန့်ပြန့်စင်ကြယ်သော စိတ်စွမ်းအင်က အဆရာထောင်လွန်ကာမြင့်မြတ်၏။}
'ထိုအဘိညာဉ် စွမ်းအားရှင်၏ စိတ်ညွှတ်ရာ အရာဌာနတိုင်းတို့၌ ပညတ်သွားရာ ဓာတ်သက်ပါစေမူ ကား ပြောမကုန်ကြုံမှသိမည်သာတည်း။' (စာ-၂၅၆)
ကျေးဇူးတော်ရှင် အဘဝိမလဆရာတော် ဘုရားကြီးကို အကြောင်းပြု၍ သမထဝိပဿနာ၊ ပညတ် ပရမတ်၊ ဝိဇ္ဇာနှင့် အရိယာစသော တရားသဘောတို့ကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မှတ်သားဖွယ် ရေးသားဖော်ထုတ်ခဲ့ပါကြောင်း။ ။
မောင်သွေးချွန်
(TREND News ဂျာနယ် အတွဲ(၂)၊ အမှတ် (၄၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)