ရွေးကောက်ပွဲဆုလာဘ်နှင့် ပညာမဲ့တို့၏ တော်လှန်ရေး

၂၀၂၅ ၊ စက်တင်ဘာ ၂၀

အဖြူအမည်း
    အဖြူအမည်း သဲသဲကွဲကွဲ ချပြလိုက်ပြီဟု ပြော၍ရပါသည်။ စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိသည့် မဲဆန္ဒနယ်မြေများကို ထုတ်ပြန်ကြေညာလိုက် ပြီဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပရန်မရှိသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ်နှင့် ကိုးနယ်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် FPTP ၅၆ နယ်ကို ရွေးကောက်ဥပဒေပုဒ်မ ၁၀(စ)အရ ကြေညာလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
    ထိုကြေညာချက် ထုတ်ပြန်အပြီး သူငယ်ချင်းဖြစ်သူက ဖုန်းဆက်လေသည်။ "နှစ်ယောက်တစ်ပိုင်းနဲ့ ကလေးတွေပဲ ဆန္ဒပြတဲ့ရွာကတော့ ပျော်နေကြတယ်တဲ့။ ဗဟုသုတရှိသူတွေကတော့ ကိုယ့်မြို့၊ ကိုယ့်နယ် ရွေးကောက်ပွဲကျင်းပခွင့်မရတာကို နှမြောပြီး ရွေးကောက်ပွဲဖျက်ချင်တဲ့ကောင်တွေကို မေတ္တာ ပို့နေလေရဲ့။ ငါတို့နယ်လေးအတွက်ပဲ သနားပါတယ်"ဟု ဆိုလာလေသည်။ သူငယ်ချင်းဖြစ်သူက မုံရွာမြို့ပေါ်တွင် လက်ရှိနေထိုင် လုပ်ကိုင်စားသောက်သူဖြစ်ပြီး မုံရွာမြို့ပေါ်က ရွေးကောက်ပွဲ မကျင်းပသည့် နယ်မြေစာရင်းတွင် မပါသောကြောင့် ကျေနပ်ဖွယ်ရာ ဖြစ်သော်လည်း ယင်းမာပင် နယ်ဘက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဆိုခြင်းဖြစ်သည်။
    ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သော်လည်း ကျွန်တော်တို့ ဇာတိအခြေအနေနှင့် ပတ်သက်၍ 'အဖြူနဲ့အမည်း သဲသဲကွဲကွဲ သိရတော့မှာပါ။ ရွေးကောက်ပွဲအလွန်ကာလ တစ်နှစ်လောက်ကြာသွားရင် ပိုပြီး အဖြူအမည်း သိရတော့မှာပေါ့}}ဟူ၍ တော်လှန်ရေးအမည်ခံသည့် နယ်မြေနှင့် ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများ၏ ခြားနားချက်ကို ပြောလာသည်။ ဒီမိုကရေစီအတွက် တော်လှန်သူများက ရွေးကောက်ပွဲကို ရသည့်နည်းနှင့် ဖျက်ဆီးမည်ဆိုသည့် ဟာသကို ရွေးကောက်ပွဲအလွန် တစ်နှစ်ခန့်အကြာတွင် ရယ်မောဖို့ အားမွေးထားဦးမည်ဟု ကြုံး ဝါးထားလေသည်။


နှစ်ယောက်တစ်ပိုင်းဆိုသည်မှာ
    "နှစ်ယောက်တစ်ပိုင်း ဆန္ဒပြတဲ့ရွာကတော့ ပျော်မှာပေါ့"ဟု သူငယ်ချင်း၏ စကားကို အထူးသတိ ထားမိပါသည်။ သူပြောပြမှ ကျိုးတိုးကျဲတဲနှင့် ရက်ပေါင်းများစွာ ဆန္ဒပြနေသည့် ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်းက ဆန္ဒပြနေသူများကို သတိရသွားမိသည်။ 'သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး'စသည့် ကြွေးကြော်သံများဖြင့် လေးနှစ်ခန့် ဆန္ဒပြလာကြသည်။ ထိုဆန္ဒပြပွဲများကို ကြည့်ပြီးမှ သူငယ်ချင်း ပြောသည်ကို သတိထားမိသွားခြင်းဖြစ်ပါသည်။
    "အဲဒါ ပြည်သူ့ဆန္ဒ အစစ်လားကွာ"ဟု ဆန္ဒပြသူများ၏ Movie ကိုပြပြီး မေးခွန်းထုတ်ခြင်း ဖြစ်ပါသည်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသကဖြစ်သောကြောင့် မည်သည့်ရွာ၊ မည်သည့်အရပ်က ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ထိုဆန္ဒပြသည့် ရွာများတွင် အိမ်ခြေပေါင်း မည်မျှခန့်ရှိပြီး လူဦးရေ မည်မျှရှိကြောင်း အကြမ်း ဖျင်းသိရှိကြမည် သာဖြစ်၏။ သူဆိုလိုသည်က အိမ်ခြေ ၅၀၀ ခန့်ရှိသော ကျေးရွာက လူပေါင်း နှစ် ယောက်တစ်ပိုင်း ဆန္ဒပြခြင်းသည် ထိုရွာလူထု၏ ဆန္ဒအမှန်ဖြစ်ရဲ့လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ရွာတစ်ရွာတွင် လူဦးရေပေါင်း အနည်းဆုံး ၁၀၀၀ ကျော်ရှိပြီး ထိုအထဲက ၁၅ ယောက် မပြည့်သူတို့က ကန့်ကွက်ဆန္ဒ ပြသည်ဆိုသည်မှာ ထိုတစ်ရွာလုံး၏ ဆန္ဒအမှန်ဟု မှတ်ယူနိုင်ပါ မည်လော။
    ဆန္ဒပြသည့် ပုံစံကိုလည်း ကြည့်ကြည့်ပါဦး Sologan ရေးထားသည့် ပိတ်စနှစ်စကို အမျိုးသမီးသုံးယောက်က ကိုင်ထားသည်။ အလယ်က အမျိုးသမီးသည် ဘေးနှစ်ဖက်တွင်ရှိသည့် ပိတ်စကို တစ်ဦးတည်းက ကိုင်ထားသည်။ ဆိုလိုချင်သည်က ပိတ်စတစ်စကိုပင် လူနှစ်ယောက် ကိုင်မည့်သူမရှိဘဲ ပိတ်စနှစ်စကို လူသုံးယောက်က မျှ၍ကိုင်ထားရသည့် အခြေအနေ ဖြစ်နေလေသည်။ ဆိုင်းဘုတ်ပိတ်စကိုင် သုံးဦးနှင့် ကြွေးကြော်သူတစ်ဦး စုစုပေါင်းလေးဦး ၎င်းနောက်မှလိုက်၍ ကြွေးကြော်သူ၊ အရွယ်ရောက်သည့် အမျိုး သမီးငါးဦးခန့်နှင့် ကလေးသူငယ်လေး၊ ငါးဦးခန့် ခပ်ကျဲကျဲရပ်၍ ရှေ့မှာတိုင်လိုက်၊ နောက်က အောက်လိုက်နှင့် ဆန္ဒပြသည်ဟု သတင်းမီဒီယာဆိုသည်များကလည်း အရှက်မရှိ ထုတ်လွှင့်ပေးလေသည်။ ဤအခြေအနေ၊ ဤမြင်ကွင်းက ပြည်သူကို မဆိုထားနှင့် ထိုကျေးရွာတစ်ရွာလုံး၏ ဆန္ဒမဟုတ် သကဲ့သို့ ယုတ်စွအဆုံး သူတို့မိသားစုတစ်စုလုံး၏ ဆန္ဒအစစ်များ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။
    ထိုအကြောင်းအရာနှင့် ဆက်စပ်၍ပြောရလျှင် တော်လှန်ရေးဆိုသော နီနီတို့ရပ်ကွက်တွင် ပြည်သူ၊ ပြည်သူဆိုသည့်စကားကို အလွန်အမင်း အသုံးချခဲ့ရဲ့ မဟုတ်လား။ သူတို့အဆိုအရ တစ်တိုင်းလုံး၊ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးက တော်လှန်ရေးလုပ်နေသယောင် အသံဟစ်ထားကြ၏။ တစ်ရွာလုံးရှိ လူနှင့် လေး၊ ငါးယောက်သာ ဆန္ဒပြသည်ကို တစ်ရွာလုံး ဆန္ဒပြသကဲ့သို့ အသံဟစ်အော်သည့် သဏ္ဌာန်ပင်ဖြစ် သည်။ သူတို့ လက်မခံနိုင်သည့် အမှန်တရားတစ်ခုက တိတိကျကျကို ရှိပါသည်။ နယ်ပယ်တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ 
    ဥပမာ ရုပ်ရှင်သရုပ်ဆောင်ထဲက ဘယ်နှယောက်တော်လှန်ပြီး ဘယ်နှယောက် ကိုယ့်အလုပ်ကို ဆက်လုပ်နေကြသနည်း။ ဂီတဘက်တွင်လည်း ဘယ်လောက်တော်လှန်ပြီး ဘယ်လောက် ကိုယ့်အလုပ် ကိုယ် လုပ်နေကြသူက ပိုများသည်ထင်သနည်း။ စိုက်ပျိုးရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ ကုန်စည်ကူး သန်းရေးနယ်ပယ်၊ ဥပဒေရေးရာ နယ်ပယ်စသည်ဖြင့် နယ်ပယ်တစ်ခုချင်းစီက တော်လှန်ဆန္ဒပြသူနှင့် ကိုယ့်အလုပ်ကို လုပ်နေသူ၊ ကိုယ့်အလုပ်ကို အေးအေးချမ်းချမ်း လုပ်ချင်သူ မည်သူကပို၍ များမည်ထင်သနည်း။ သည်အမှန်တရားကို နှစ်ယောက်တစ်ပိုင်း ထောက်ခံပြီး ပြည်သူ့ ဆန္ဒပါဟုဆိုကာ ပြည်သူကို ဒုက္ခတွင်းထဲ နစ်မွန်းစေသူကို မဖြေရဲသည့် မေးခွန်းလည်းဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။


ပညာမဲ့တို့ ဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေး
    ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်ကြောင့် တပ်မတော်က အာဏာထိန်းခဲ့ရပြီး သူလုပ်ရမည့်အလုပ်ကို စနစ်တကျ လုပ်နေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုစနစ်တကျ လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေသည်မှာ အားလုံးအသိပင် ဖြစ်သည်။ သည်အခြေအနေနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပခွင့်မရသေးသည့် နယ်မြေများက ပြည်သူအများစုက သူတို့ဒေသ ရွေးကောက်ပွဲ မကျင်းပနိုင်ရခြင်းသည် ပညာမဲ့လက်နက်ကိုင် တော်လှန်ရေးသမားများကြောင့် ရေရှည်တွင် အဘက်ဘက်က နိမ့်ကျကျန် ရစ်မည်ကို စိုးရိမ်နေကြရလေသည်။ "ပညာမဲ့တို့ ဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုပြီး အကြောင်းမဲ့ပြောတာတော့ မဟုတ်ဘူး"ဟု လတ်တလော ကနီနယ်က ဖြစ်စဉ်အကြောင်းကို ပြောပြလေသည်။
    ကနီနယ်ဘက်က သူငယ်တန်းပင်မအောင်သည့် PDF နိုင်မင်းဆိုသူသည် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်စဉ် သေဆုံးသွားခဲ့၏။ ထိုနိုင်မင်းဆိုသည့် PDF ခေါင်းဆောင် စစ်ကြောင်းမှူးအကြောင်း လက်နက်ကိုင် PDF တို့က ဘုန်းတော်ဘွဲ့များ ရေးသားထားလေသည်။ "ကျွန်တော်က ဘာအတန်းပညာမှ မသင်ခဲ့ရဘူးဆိုပြီး ငါတို့ကို လမ်းတွေအများကြီး ခင်းပြသွားသူ၊ ကျွန်တော်က ဂျစ်ကန်ကန်ဗျဆိုပြီး သည်းခံခြင်းတရားတွေ သင်ပြသွားခဲ့သူ၊ ကျွန်တော်က နိုင်ငံရေး နားမလည်ပါဘူးဆိုပြီး တပ်ပေါင်းစုဖွဲ့သွားသူ" ဟူ၍ သေဆုံးသွားသည့် PDF စစ်ကြောင်းမှူး နိုင်မင်း၏ ဂုဏ်ပုဒ်များကို ဖော်ထားလေသည်။ 
    "ဒီလို စာမတတ်၊ ပေမတတ်တွေက နယ်မြေလက်နက်ကိုင်ပြီး ဦးဆောင်နေမှတော့ အဲဒီနယ်မြေမှ ချွတ်ခြုံမကျရင် ဘယ်လိုနယ်မြေဒေသ ချွတ်ခြုံကျတော့မလဲ"ဟူ၍ သူငယ်ချင်းဖြစ်သူက ဆိုလေသည်။ ထို PDF နိုင်ငံတို့လှုပ်ရှားသည့် နယ်မြေက မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းက ချောင်းမဆိုသည့် ကျေးရွာ နှင့် ချင်းတွင်းမြစ်အနီး အုန်းပင်ဆိပ်ကျေးရွာ ဝန်းကျင်များတွင် လှုပ်ရှားသည်ဟု ဆိုလေသည်။ လက်နက် ကိုင်ပြီး အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းက သစ်ခိုးထုတ်၊ ချောင်းမရွာအစပ် မဟူတောင်မှ သစ်ခိုး၍ ချင်းတွင်းမြစ်ကိုဖြတ်၍ သစ်ခိုးထုတ်သည့်လုပ်ငန်း လုပ်ကိုင်ကြသူများသာ ဖြစ်သည်။ ဒါကိုပင် ပြည်သူ့အတွက် တော်လှန်သည်ဟုဆိုကာ ကိုယ့်နယ်မြေတစ်ခုလုံးရှိ ပြည်သူများ၏ ဘဝကို ဒုက္ခတွင်းထဲ ဆွဲချခဲ့ကြသူများပင် ဖြစ်လေသည်။
    လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူများက မည်မျှစက်ဆုတ်လာသည်၊ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားလာချေပြီဖြစ်သည်။ လက်နက်ကိုင်တော် လှန်နေသူများကို မကျေနပ်ပေမယ့် မပြောသာ၍ နေနေရသော်လည်း PDF တို့၏ အုတ်ဂူများကိုပါ အမြင်ကပ်၍ ဖျက်ဆီးလာကြသည်အထိ ဖြစ်လာသည်မှာ ဖုံးကွယ်၍မရသော အမှန်တရားပင်ဖြစ် လာလေတော့သည်။ PDF အုတ်ဂူထိ ဖျက်ဆီး ရုံသာမက PDF တို့ ငတ်နေပါပြီပြော၍ မည်မျှပင် အလှူခံကြပါစေ ထည့်ဝင်သူ မရှိတော့သည်က ပစ္စက္ခအရှိတရားပင် မဟုတ်လား။ သည်အခြေအနေကို အမှန်မြင်၍ အမြင်မှန် အမြန်ရကြပါစေဟုသာ။
(ရွှေထီး  )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52231

© 2022 - 2025 News. All Rights Reserved.