၂၀၂၃ ၊ မတ် ၁၅
ယမန်နေ့( မတ် ၁၄)နံနက် ၁၁နာရီ အချိန် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၏ တောင်ဘက် ၃ မိုင်ခန့်အကွာ အလယ်ကျွန်းကျေးရွာသို သကသ(စိစစ်ဆဲ)များမှ Drop Bomb ၂ လုံးအားပစ်ချဖောက်ခွဲခဲ့၍ အရပ်သား ၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ တာ၀န်ရှိသူများက အခင်းဖြစ်အရပ်သို ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို စစ်ဆေးခဲ့ရာ ဦးဝင်းဇော်(၄၆)နှစ်(မြို့မ(၁)ရပ်ကွက် ဇေယျဝတီမြို ဖြူးမြို့နယ်နေသူတွင် ယာတံတောင်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာပုခုံး ဗုံးစထိမှန် ဒဏ်ရာ ၂ ချက်၊ ကျောကုန်းဗုံးစထိမှန်ဒဏ်ရာ ၅ ချက်၊ ယာနံဘေးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာခြေကျင်းဝတ်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ ၁၁ ချက်(စိုးရိမ်ရ)၊ ဦးဝင်းဇော် ၏ဇနီးဖြစ်သူ ဒေါ်သန္တာဌေး(၃၈)နှစ်တွင် ယာလက်သန်းဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲဒူးဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ)၊ ဦးဝင်းဇော် ၏သမီးများဖြစ်သော မပြည့်ပြည့်(၁၃)နှစ်တွင် ယာလက်မောင်း ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)နှင့် မအိဝင်းဇော်(၄)နှစ်တွင် ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို အသီးသီးရရှိသည်ကိုတွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ Drop Bomb ၂ လုံး၏ အမြှီးပိုင်းအား နိုင်လွန်ကြိုးအဝါရောင်ဖြင့် ချည်ထားသည့်အပိုင်းအစများအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အားစိစစ်ရာ ဦးဝင်းဇော် သည် ဇနီးဖြစ်သူ ဒေါ်သန္တာဌေး၊ သမီးများဖြစ်သော မပြည့်ပြည့်နှင့် မအိဝင်းဇော် တို ၃ ဦး အား ဘေးတွဲသုံးဘီးဆိုင်ကယ်ဖြင့်တင်ဆောင်ပြီး ဇေယျဝတီမြိုမှကျောက်တံခါးမြိုသို ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း)အတိုင်းမောင်းနှင်လာစဉ် မိုင်တိုင် ၁၀၃/၂ နှင့် ၁၀၃/၃ကြား အလယ်ကျွန်း ကျေးရွာသိုအရောက်တွင် သကသ(စိစစ်ဆဲ)အဖွဲမှ Drop Bomb ၂ လုံးအား ပစ်ချဖောက်ခွဲခဲ့၍ ဒဏ်ရာများရရှိခြင်းဖြစ်ကြောင်း သိရှိခဲ့ကြောင်း သိရသည်။
ထိုနောက် ဦးဝင်းဇော် ပါ ၄ ဦးအား ကျောက်တံခါး မြိုနယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် ပဲခူးခရိုင်ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ခဲ့ပြီး သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။