စစ်ရေးချဲ့ထွင်သည့် KIA အထိနာပြီး မတရား လူသစ်စုဆောင်းနေ

နေပြည်တော်၊ ဇန်နဝါရီ ၂၂
    ကချင်ပြည်နယ် ဒေသတွင်း၌ ကိုယ်တိုင်စစ်ရေး ချဲ့ထွင်ခဲ့သည့် KIA အနေဖြင့် အထိနာမှုများလာခြင်းကြောင့် မတရားသဖြင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကချင်ပြည်နယ် ဒေသခံများထံမှ သိရသည်။
    KIA ပူးပေါင်း PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် လူသစ်စု၍ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ အင်အားလျော့နည်းသွားသည့်အခါ ပြန်လည်စုဆောင်းခြင်းစသဖြင့် ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 
    "KIA လား ငြိမ်းချမ်းရေးစကား ပြောနိုင်ဖို့ မနီးသေးပါဘူး။ အထိနာနေလို့ စောင့်နေတဲ့သဘော။ အခုနှစ်စမှာ လူ ၂၀၀၀ စုမယ်ပြောတာ။ မပြည့်သေးလို့စောင့် နေတဲ့သဘော။ ဗန်းမော်မှာ တော်တော်ကျတယ်။ သူက လူရှိရင် လာတိုက်လိုက်၊ မရှိရင် နားလိုက်လုပ်နေတာ။ တပ်မတော်အနေနဲ့ကတော တန်ပြန်တုံ့ပြန်နေတာ။ လူကိုငဲ့ညှာလို့ ထိုးစစ်တော့ မလုပ်သေးဘူး။ လေကြောင်းနဲ့လည်း ရှင်းလင်းတာ ရှိတယ်။ အမုန်းသိပ်နေတယ်။ ကံပိုက်တီးဘက်ကိုတော့ ရွာနှစ်ရွာ ပြန်သိမ်းထားတယ်" ဟု ၎င်းက ပြောသည်။
    ပြီးခဲ့သည့် ဇန်နဝါရီ ၉ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသအတွင်း KIA, PDF အကြမ်းဖက်များ ပူးပေါင်း၍ လူငယ် ၂၀၀ ဝန်းကျင်ကို (ပေါ်တာဆွဲ) ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ 
    "KIA, PDF က ဓားပြ ဆန်တယ်။ ပစ္စည်းတွေ အဓမ္မသိမ်းတယ်။ လူတွေကို ဖမ်းခေါ်တယ်။ စစ်အသုံးစရိတ်လည်း ပြတ်လာတော့ မတရားလုပ်နေကြတာ။ ထင်တိုင်းကြဲနေတော့ ပြည်သူတွေက ကြောက်လန့်နေရတယ်"ဟု ကချင်ပြည်နယ်ဒေသခံတစ်ဦးက ပြောသည်။ 
    လုံးတုံ(ခေါ်)အင်းတော်ကြီးမြို့နှင့် မမုန်ကိုင်ကျေးရွာကြားရှိ လမ်းပိုင်းတွင် အင်းတော်ကြီးမြို့သား ၇၀၊ မမုန်ကိုင်ရွာသား ၁၀၀ ကျော်ကို KIA, PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အလားတူ အင်းတော်ကြီးဒေသက နမ့်ပဒဲနှင့် လွဲမွန်ကျေးရွာများရှိ လူငယ်များကိုလည်း KIA, PDF က ဖမ်းဆီး ခေါ်ဆောင်သွားမှု များ ရှိခဲ့သည်။
    KIA, PDF အကြမ်းဖက်များသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ ဥရုချောင်းတစ်လျှောက်၊ ချင်းတွင်းမြစ်တစ်လျှောက်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတစ်လျှောက် စသည်ဖြင့် စစ်ရေးချဲ့ထွင်မှုများ ဖော်ဆောင်ခဲ့သော်လည်း ယခုအခါ စစ်ရေးအရ အထိနာလျက်ရှိကြောင်း သိရသည်။
    အဆိုပါ စစ်ရေးချဲ့ထွင်မှုကို KIA အနေဖြင့် PDF များ၊ ABSDF? AA တို့နှင့် ပူးပေါင်းရေး ဖော်ဆောင်နေပြီး  မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးသို့လည်း ညာသံပေးနေကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ 
    ထို့အပြင် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံအများစုမှာ တိုက်ပွဲရှောင်ခဲ့ကြသော်လည်း တိမ်းရှောင်နိုင်ခြင်းမရှိသော ပြည်သူများကို KIA အဖွဲ့မှ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
    KIA? PDF အကြမ်းဖက် အဖွဲ့များမှ ဗန်းမော်မြို့အား တိုက်ပွဲဖော်ဆောင်ခဲ့ချိန် ပြည်သူများ၏ နေအိမ်များသို့ ဝင်ရောက်နေထိုင်ကာ တိုက်ပွဲ ဖော်ဆောင်ခဲ့ကြသည့် အတွက် ပြည်သူများ၏ နေအိမ်များစွာ ပျက်စီးခြင်း၊ မီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ အဆိုပါတိုက်ပွဲကြောင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးသူအချို့ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။  ကွန်းဈာန်

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.