စီမံကိန်းများကို အမှန်တကယ် လိုအပ်ချက်ရှိသည့်ဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးအလိုက် စီမံဆောင်ရွက်ရန် နယ်စပ်ရေးရာ ဝန်ကြီးပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၂၅ 
    ၂၀၂၅-၂၆ ဘဏ္ဍာနှစ်လျာထား စီမံကိန်းများကို စနစ်တကျစိစစ်၍ အမှန်တကယ်လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ် ငန်းများကို ဦးစားပေးအလိုက် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်း အဝေးခန်းမတွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကွပ်ကဲမှုအောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီ၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် လျာထားစီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    လုပ်ငန်းဆပ်ကော်မတီအနေဖြင့်လည်း စီမံကိန်းများ လျာထားဆောင်ရွက်ရာ တွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုမှုအပေါ် အခြေခံပြီး ဦးစားပေးအလိုက် လျာထားဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ယခင်လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးထားဆောင်ရွက်သွားကြရန် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မှာကြားခဲ့သည်။
    ထို့အပြင် နာဂဒေသ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ရွှေ့ပြောင်းတောင် ယာစိုက်ပျိုးမှု တားဆီးနိုင်ရေး ကုန်းမြင့်လယ်ယာ ဖော်ထုတ်မှု နှစ်စဉ်လျာထားဆောင်ရွက်ရန်၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အထောက်အကူပြုနိုင်ရေး ကြက်၊ ဝက် ထောက်ပံ့ရာတွင် ဒေသဝက်မျိုးများအစား မျိုးမြင့်ဝက်အမျိုးအစားများ ပြောင်းလဲထောက်ပံ့နိုင်ရေး သုံးသပ်ဆောင်ရွက်ရန်၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ထိရောက်သော ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်း မှာကြားခဲ့သည်။ နဒီ

 

Total Views ~ 136

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43228

© 2022 - 2025 News. All Rights Reserved.