၂၀၂၄ ၊ မတ် ၅
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non - programmable scientific calculator အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
မည်သည့် Non-Programmable Scientific Calculator အမျိုးအစားမဆို အသုံးပြုနိုင်ပြီး Brand, Model မကန့်သတ်ထားဘဲ Programmable Calculator ဖြစ်လျှင် အသုံးပြုခွင့်ပေးမည် မဟုတ်ဘဲသိမ်း ဆည်းမည်ဖြစ်ကြောင်း သိရသည်။ ဖြေဆိုမည့်သူများ မိမိကိုယ်ပိုင် Non-Programm-able Scientific Calculator ယူဆောင်လာရန်၊ ခက်ခဲဒေသများနှင့် ဝေးလံဒေသများရှိ စာစစ်ဌာနများအတွက် စာမေးပွဲခန်းတွင် အသုံးပြုနိုင်ရန် Calculator များခွဲဝေပေးထားသော်လည်း ဖြေဆိုသူ အယောက်စေ့ တစ်ယောက်တစ်လုံးစီသုံးနိုင်မည်မ ဟုတ်ဘဲ အလှည့်ကျသာ သုံးနိုင်မည်ဟု သိရသည်။
ဃေူခကူအေသမ အဖုံးနှင့်ဘူးခွံများ ယူဆောင်ခွင့်ပြုမည်မဟုတ်ဘဲ ကိုယ်ပိုင်ယူ ဆောင်လာမည့် Calculator ပေါ်တွင် မသမာမှုပြုလုပ်ရန် မည်သည့်တစ်စုံတစ်ရာမှ ပြုလုပ်လာခြင်း လုံးဝမရှိစေရန် အထူးသတိပြုရန်နှင့် စာမေးပွဲခန်းမဝင်မီ စစ်ဆေးသည့်အခါ Calculator ပေါ်တွင် မသမာမှုပြုလုပ် ရန် ပြုလုပ်ထားသည်ကို တွေ့ရှိပါက ချက်ချင်းသိမ်းဆည်းမည်ဖြစ်ကာ စာမေးပွဲခန်းအတွင်းရောက်မှ စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းများနှင့် အရေးယူမည် ဖြစ်ကြောင်း သိရသည်။