ဒရုန်းသုံးတိုက်ခိုက်မှု အမြန်ဆုံးထိရောက်စွာ ကာကွယ်နိုင်ရန် ဆောင်ရွက်နေ

၂၀၂၃ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ် တာမိုးညဲဒေသရှိ ခြေလျင် တပ်ရင်းကို သောင်းကျန်းသူများက Drop Bomb အလုံး ရာကျော်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဒရုန်းသုံးတိုက်ခိုက်မှု အမြန်ဆုံးထိရောက်စွာ ကာကွယ်နိုင်ရန် ဆောင်ရွက်နေဟု ပြော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင်ရှိသော အချို့သော စခန်းများကိုလည်း ဒရုန်းအသုံးပြုပြီး Drop Bomb များဖြင့် အကြိမ်ကြိမ်လာရောက် တိုက်ခိုက်မှုများရှိနေခြင်းကြောင့် စခန်းအချို့ကို စစ်ရေးဗျူဟာအရ ပြန်လည်ပေါင်းစည်းထားခဲ့ပြီး ပြောင်းလဲလာသည့် စစ်နည်း ဗျူဟာများအရ ဒရုန်းသုံးတိုက်ခိုက်ခံရမှုများကို အမြန်ဆုံးထိရောက်စွာ ကာကွယ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ လောက်ကိုင်နားလေးမှာရှိတဲ့ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ ပြီးရင်တော့ အမှတ် ၂၉၀ ခြေလျင်တပ်ရင်း တာမိုးညဲကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ အဲဒီ တာမိုးညဲမှာတော့ မနက်ကတည်းက ဒရုန်းတွေနဲ့ Drop Bomb အလုံးရာကျော်လောက် ချပြီး တိုက်ခိုက်နေတာရှိတယ်။ တာမိုးညဲမှာရှိနေတဲ့ အရာရှိစစ်သည်များ၊ တပ်မှီခိုမိသားစုဝင်များအနေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက် ဆောင်ရွက်နေတာမျိုးရှိပါတယ်။ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေအရ ဒရုန်းသုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံးထိရောက်စွာကာကွယ်နိုင်ဖို့ ဆောင်ရွက်နေလျက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှု အရေးကြီးပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ အသက်၊ ချွေး၊ သွေးများ ပေးပြီး နိုင်ငံတော်အတွက် တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဆက်လက်၍ရှမ်းမြောက်ဒေသတွင် အရာရှိရဲမေများကလည်း နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်တို့ဖြင့် ကြံ့ကြံ့ခံကာကွယ်နေများရှိနေသည့်အတွက် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများက အထူးအသိမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 433

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43063

© 2022 - 2025 News. All Rights Reserved.