ဒလတံတား သတ်မှတ်ချိန်အမီ အပြီးတည်ဆောက်သွားရန် ဆောက်လုပ်ရေးဝန်ကြီး မှာကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅
    ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ဆက်သွယ်တည်ဆောက်နေသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အမီ အပြီးတည်ဆောက်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မှာကြားခဲ့သည်။
    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အတူ ဒီဇင်ဘာ ၂၂ ရက်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယင်းသို့ မှာကြားခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှော တံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတစ်လျှောက် ချဉ်းကပ်တံတား လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဒလဘက်ခြမ်းရှိ ပင်မတံတားရေလယ်တာဝါတိုင် (Pylon-1) သို့ ရေယာဉ်ဖြင့်သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအားလုံး သတ်မှတ် ချိန်အမီပြီးစီးရေး တည်ဆောက်သွားရန်တို့ကို မှာ ကြားခဲ့ကြောင်း သိရသည်။
    ထို့အပြင် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော Consultant  အဖွဲ့မှ တာဝန်ရှိသူက လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး ရေးအပိုင်းလိုက် ဆောင်ရွက်နေမှုအခြေ အနေတို့နှင့်ပတ်သက်၍ ထို့နောက် ပြည်ထောင်စုဝန် ကြီးနှင့်အဖွဲ့ကို ရှင်းလင်းတင်ပြ ခဲ့ကြပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းရာ  ပြည်ထောင်စုဝန် ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
    မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ် ကြည်ရေး (ဒလ)တံတားသည် ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးတံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံး ကြိုးဆိုင်းတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက်မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက် တစ်ချက်တွင် တပ်ဆင်ထားသည့်အပြင် တံတားကြီးရေ ရှည်တည်တံ့ခိုင် မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခ ကောက်ခံရေးစခန်း (Toll Plaza) နှင့် တန်ပိုယာဉ်များထိန်းသိမ်း ကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။   နဒီ

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43436

© 2022 - 2025 News. All Rights Reserved.