ဒလတံတားစီမံကိန်း၏ ဆင်ခြေလျှောတံတားများ သံမဏိယက်မများတပ်ဆင်ခြင်းလုပ်ငန်း မတ်လ ၁၈ တွင် စတင်မည်

‌၂၀၂၃၊ မတ် ၁၇

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ်ဖြစ်သည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ အ စိတ်အပိုင်းဖြစ်သည့် ဆင်ခြေလျှေတံတား(Ramp Bridge )များ သံမဏိယက်မများတပ်ဆင်ခြင်းလုပ်ငန်း မတ်လ ၁၈ တွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊တံတားဦးစီးဌာနမှ သိရသည်။

တံတားစီမံကိန်း၏ ဆင်ခြေလျှောတံတား(Ramp Bridge )တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန် ကမ်းနားဘက်ခြမ်း၊ ဝါးတန်းလမ်းမှ ရွှေတိဂုံ ဘုရာလမ်းထိပ်အထိ Ramp A နှင့် Ramp B ဟူ၍ ဆောင် ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ဆင်ခြေ လျှောတံတားများကို သံမဏိယက်မများတပ်ဆင်ခြင်းကို ကမ်းနားလမ်းသစ်ကို ဖြတ်သန်း၍ ဆောင် ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆင်ခြေလျှောတံတား Ramp A နှင့် Ramp B တံ တာ များတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်း တပ်ဆင်ရမည့် သံမဏိယက်မများတပ်ဆင်ချိန်တွင် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်း လမ်းနှင့်အလုံမြို့ နယ်၊စံပယ် လမ်းထိပ်ကြားအပိုင်းအား လုပ်ငန်းဆောင် ရွက်မည့် မတ် ၁၈ ရက်၊ ၁၉ ရက်၊ မတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့ တွင် ဖြတ်သန်းသွား လာခွင့်ယာ ယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ယာယီလမ်းပိတ်ပြီး လုပ်ငန်းဆောင် ရွက်မည့်နေ့ရက်များတွင် ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာ ကားများ၊ကုန်တင်ကားများအနေဖြင့် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ ( EDCF Loan )ချေးငွေဖြင့် ဖော် ဆောင်နေသော ဒလတံတားစီမံကိန်းမှာ ကိုဗစ်ကာလနှင့် အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သော်လည်း ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ စီမံကိန်းတစ်ခုလုံး၏ (၅၃) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ လာမည့် ၂၀၂၄ ဇန်နဝါရီတွင် ရာနှုန်းပြည့်ပြီးစီးရန်လျာထား လုပ် ဆောင်နေကြောင်း ဆောင်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

Total Views ~ 407

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43093

© 2022 - 2025 News. All Rights Reserved.