ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏အိတ်ဖွင့်တင်ဒါ ခေါ်ယူထားချက်အရ သိရသည်။
    အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်းတယမြို့နယ် ရေဖြူကျေးရွာအုပ်စု ဇော်ဂျီရေထွက်မှ ရေသွယ်ယူ၍ ပင်းတယမြို့ ရေပေးဝေရေးလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
    ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားလုပ် ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး တင်ဒါနောက်ဆုံး ပြန်လည် တင်သွင်းရမည့်ရက်ကို ဖေဖော်ဝါရီ ၅ ရက်အဖြစ် သတ်မှတ်ထားသည်။
    ထို့အပြင် အိတ်ဖွင့်တင်ဒါ ဝယ်ယူတင်သွင်းရမည့်လိပ်စာမှာ ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်အား သီးခြားထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူရေး လုပ်ငန်းကော်မတီမှ အသိပေးကြေညာထားသည်။  နဒီ

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43228

© 2022 - 2025 News. All Rights Reserved.