ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားသူ ၅၀၀၀ ကျော်မှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စောင်ရေ ၁၇၀၀‌ ကျော် လုပ်ကိုင်ခွင့်ပြု

ရန်ကုန်၊ သြဂုတ် ၂၇
    ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားသူ ၅၀၀၀ ကျော်မှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အစောင်ရေ ၁၇၇၂ ကို ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်မှာပါသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုထားပြီး ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
    ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားသူ ၅၅၀၃ များအနက်မှ ၁၇၇၂ စောင်ကို ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်မှာ ပါသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုလိုက် ခြင်း ဖြစ်သည်။
    ယနေ့အချိန်ထိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လျှောက်ထားမှုအခြေအနေကတော့ သက်ဆိုင်ရာ ကနဦးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး လုပ်ငန်းလိုင်စင် စိစစ်ရေးအဖွဲ့ နေပြည် တော်ကို လိုင်စင်ပုံစံ(၁) လျှောက်လွှာ ၂၁၂ စောင်နှင့် ပုံစံ(၂) လျှောက်လွှာ ၅၂၉၁ စောင် စုစုပေါင်း ၅၅၀၃ စောင် ပေးပို့ထားပြီးဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ် (၂)သတ္တုတွင်းလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
    ၅၅၀၃ စောင်အနက် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ပုံစံ ၁(က) ၇၂ စောင်နှင့် ပုံစံ ၂(က) စောင်ရေ ၁၇၀၀ စုစုပေါင်း ၁၇၇၂ စောင်ကို ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်မှာပါသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြု ထားကြောင်း သိရသည်။
    အဆိုပါ ခွင့်ပြုထားသည့်အထဲမှ လက်ရှိအချိန်အထိ အစောင်ရေ ၁၃၁၂ စောင်အား လာရောက် ထုတ်ယူပြီးဖြစ်ကြောင်း သိရသည်။
    ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခွင့် လုပ်ငန်းလုပ်ကိုင်ခြင်း လုပ်ငန်းလိုင်စင်ခွင့် ပြုထားသည့် အမည်စာရင်း ပါသူများသည် နေပြည်တော်တွင် ဖောင်ဖြည့်ပြီး လုပ်ငန်း လိုင်စင် ထုတ်ယူခြင်းများကို ဆက်လက်ပြု လုပ်သွားနိုင်ကြောင်း သိရပါသည်။
    လိုင်စင်လျှောက်ထားခြင်းများမှ လျှောက်လွှာလေးစောင်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၅-၁၀-၂၀၂၄ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် ၀၅၅^၂၀၂၄ နှင့် ထုတ်ပြန်ထားသည့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်အရ  သတ်မှတ်ချက်နှင့် ညီညွတ်မှုမရှိခြင်းကြောင့် လိုင်စင်ထုတ်ပေးတာငြင်းပယ်ထားကြောင်းလည်း သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရ သည်။
    အဆိုပါ လျှောက်လွှာ‌လေးစောင် လျှောက်ထားသူသုံးဦးမှာ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်မှာပါရှိသည့် အချက်များကို လိုက်နာမှုမရှိ၍ တရားစွဲဆိုထားရသူများ ဖြစ်ကြောင်း သိရသည်။
    သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်သူများကို လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း အသိ ပေးထုတ်ပြန်ထားပြီးနောက်မှာ လုပ်ငန်းလိုင်စင်လျှောက်ထားမှု ၅၅၀၃ စောင်ထိ လက်ခံထားပြီးဖြစ်ကြောင်း သိရသည်။ Phyu

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52237

© 2022 - 2025 News. All Rights Reserved.