၂၀၂၃ ၊ မတ်လ ၂၈
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ ယနေ့ (မတ်၂၈) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (နေပြည်တော်) တွေ့ဆုံခဲ့သည်။

ယင်းအစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦးအဖွဲ့ တက်ရောက်ခဲ့ကြပြီး NCA-S-EAO (၇)ဖွဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့မှလည်း အဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးကြီးစဝ်စိုင်းငင်း(RCSS) ၊ ဒုတိ ယအဖွဲ့ခေါင်း ဆောင်များဖြစ်ကြသည့်စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ကြီးစောကျော်သန်းဌေး(DKBA)၊ ဗိုလ်မှူးကြီးစောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး (LDU)၊ ဗိုလ်မှူးခွန်မင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိသည်။
အစည်းအဝေး ပထမနေ့တွင် NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်သူအားလုံးပါ ဝင်သည့် နိုင်ငံရေးဆွေးနွေးမှုအခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အဆင့်ဆင့်နှင့်ဖက်ဒရယ်အခြေခံမူများ စသည့်အကြောင်း အရာများကို ဆွေး နွေးခဲ့ကြပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ်လ (၂၉) ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။