နိုင်ငံဖွံ့ ဖြိုးမှုနည်းပါးခြင်းမှာ တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့်ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ၊ မတ် ၂၈
    မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးခြင်းသည် ပြည်တွင်းပဋိပက္ခများ၏ အကျိုးဆက်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းမှာ အရင်းခံအကြောင်းရင်းဖြစ်ပြီး တည်ငြိမ်မှုရအောင်လည်း ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန် သံတမန် ခန်းမ၌ မတ်လ ၁၈ ရက် နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား-မြန်မာ နှစ်နိုင်ငံကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
    "တည်ငြိမ်အေးချမ်းရေးမှာလည်း နှစ်ခုရှိတာပေါ့၊ တစ်ခုကတော့ ဒီအရေးပေါ် ကာလဖြစ်ပြီးတဲ့ အချိန်မှာလည်း သဘောထားကွဲလွဲတဲ့ သူတွေကတော့ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာ တစ်ပိုင်း ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ပြန်ပြီးတော့ တည်ငြိမ်အောင် ကြိုးစားရတာပေါ့။ နောက်တစ်ခု ကတော့ ၁၉၄၈ ခု လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ စခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိ ကျွန်တော်တို့ ဖြစ်နေတုန်းပါ။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှု အခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးတော့လုပ်ရတာ ရှိတယ်။ အဲ့ဒီမှာ ၂၀၁၅ ခုနှစ်က ကျွန်တော်တို့က ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီ ချက်တစ်ခု ရခဲ့ပါတယ်။ အဲ့ဒါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ဖြစ်ပါ တယ်။ ဒါကိုလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ ရအောင်ထိန်းသိမ်းခဲ့တာ၊ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အခုထိ ကျွန်တော်တို့ ဒါကိုပဲထိန်းသိမ်းပြီး ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ ဒီတည်ငြိမ်အေး ချမ်းမှုမရှိတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာတော့ အရင်း ခံအကြောင်းရင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တည်ငြိမ်မှုရအောင်လည်း ကျွန်တော်ကြိုးစား ဆောင်ရွက်ခဲ့ ရတာ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    တွေ့ဆုံမေးမြန်းမှုတွင် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ တက်လာခြင်းမှာ မဲမသမာမှု ကြောင့်ဖြစ်လာသည့် အကျိုးဆက်တစ်ခုဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ပြန်လည် ကျင်းပရေးမှာ နောက်ဆုံးရည်မှန်းချက်ဖြစ် ကြောင်းဖြေကြားခဲ့သည်။
    "အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာ ဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်။ ပြန်လွှဲပြီးတော့ အဲဒီရဲ့ ဦးဆောင်မှုနဲ့ ခြောက်လအတွင်းမှာ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ် နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်း မှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထား လုပ်ရမှာ၊ မဲစာရင်း မှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ် ပါမယ်။ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည် ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့ အပိုင်း လိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့   ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်}}ဟု ဖြည့်စွက်ဖြေကြားခဲ့သည်။

Total Views ~ 405

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43100

© 2022 - 2025 News. All Rights Reserved.