ရန်ကုန်၊ သြဂုတ် ၂၈
နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သြဂုတ် ၂၆ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများနှင့်လက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အဆိုပါ အချိန်တွင် တာဝန်ယူထားသည့် အစိုးရအနေဖြင့် ၎င်းင်းတို့ပါတီအ နိုင်ရရှိစေရေး ကြိုတင်မဲပေးရာ တွင်လည်းကောင်း၊ မဲစာရင်းပြုစုရာတွင်လည်းကောင်း မဲမသမာမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ မဲမသမာမှုများဖြင့် ရရှိလာသည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုများကိုလုပ်ဆောင်ရာတွင် NLD ပါတီ ဗဟိုအမှုဆောင်များနှင့် အချို့ဒေသများတွင် ဝန်ကြီးချုပ်များ ပင် ပါဝင်သည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍နိုင်ငံတော်ကိုခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေးအတွက်စည်း ကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ် ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေ ဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာ ဖော်ထုတ် ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေး ဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန် တိုက်တွန်းပြောကြားခဲ့သည်။
ထူးမြတ်