ပအိုဝ်းဒေသ ပင်လောင်း နန်းနိမ့်ရွာ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ “KNDF”နှင့်အပေါင်းပါအဖွဲ့အစည်းများ ကျူးလွန်ခဲ့ကြောင်း PNO ထုတ်ပြန်

၂၀၂၃ ၊ မတ်လ ၁၅

နန်းနိန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်အပါအဝင်သံဃာ တော်(၃)ပါးတိုအား သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့ဒေသခံ ပအိုဝ်းပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတိုကို “KNDF”နှင့်အပေါင်းပါအဖွဲအစည်းများစသည့် အကြမ်းဖက်သည့်လုပ်ရပ်များကိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)က မတ် ၁၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အထူးဒေသ(၆) နယ်မြေဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို နယ်၊ လုံးပြင်ကျေးရွာအုပ်စုအတွင်း ပအိုဝ်းလူမျိုးများနေထိုင်သည့် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ ပင်ပံရွာနှင့် နန်းနိန်ရွာ အတွင်းသို “KNDF”နှင့်အပေါင်း ပါအဖွဲအစည်းများက ကျူးကျော်ဝင်ရောက်လာပြီး စစ်တလင်းနယ်မြေအဖြစ် ဖန် တီးကာ အပြစ်မဲ့ဒေသခံပအိုဝ်း ပြည်သူများကို လူသားဒိုင်းကာဓါးစာခံအဖြစ်လည်းကောင်း၊ ဒေသခံများ၏နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို ကာဗာကျင်းအဖြစ် လည်းကောင်း အသုံးပြုပြီး ဒေသခံများ၏ ဥစ္စာပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင်သွားခဲ့ကြောင်း PNO က ထုတ်ပြန်ခဲ့သည်။

“KNDF”နှင့်အပေါင်းပါအဖွဲအစည်းများ ဝင်ရောက်ကျူးကျော်လာသည့်နေ့မှစ၍တောင်မဲသင်းရွာနှင့် နန်းနိန်ရွာရှိ အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများအား အစု လိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ နန်းနိန်ရွာရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများအားမီးရှိဖျက်ဆီးခြင်း၊ နန်းနိန်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင်သံဃာ တော်(၃) ပါးတိုအား သတ်ဖြတ်ခြင်း စသည့်လူမျိုးရေးပြဿနာနှင့် ဘာသာရေးပြဿနာများဖြစ်ပွားအောင် လုပ် ကြံဖန်တီးကာ အကြမ်းဖက်သည့်လုပ်ရပ်များကိုရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ထုတ်ပြန်ခဲ့သည်။

ထိုအပြင် ဤကဲ့သိုသော အကြမ်းဖက်လုပ်ဆောင်ချက်များဖြစ်သည့် အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓါးစာခံအဖြစ်နှင့် ဒေသခံများ၏နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများကို ကာဗာကျင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံများ၏ ဥစ္စာပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားခြင်း၊ ဒေသခံများ၏နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများအား မီးရှိဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများနှင့် သံဃာတော်များအားအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းစသည့် လူသားမဆန်သည့်လုပ်ရပ်များကို PNOက  ပြင်းထန်စွာကန့်ကွက်ရှုတ် ချထားသည်။

ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO)သည် အထူးဒေသ(၆) နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူညလူထု၏ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတိုကိုဆက်လက်၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမျိုး ရေးပြဿနာ၊ ဘာသာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် စစ်တလင်းနယ်မြေအဖြစ် ထပ်မံမဖြစ်ပွား စေရန် ပအိုဝ်းနှင့်အတူနေညီနောင်တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ပအိုဝ်းအမျိုး သားအဖွဲချုပ်(PNO)က တိုက်တွန်းထားသည်။

Total Views ~ 268

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.