၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၃
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မင်း ဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၏ဇနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီဝင်များ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြိုင်ပွဲဝင် လှယဉ်ကျေးမယ်များက လှပကျော့ရှင်း ကိုယ်ခန္ဓာအချိုးအစားများကို နောက်ခံတေး ဂီတနှင့်အတူ သတ်မှတ်ကိုယ် ဟန်လေးမျိုးဖြင့် လှစ်ထုတ်ပြသကြခြင်း၊ ပြိုင်ပွဲဝင် ကာယအလှမယ်များက ငယ်မူငယ်သွေးလှပကျော့ရှင်းမှု ကိုယ်ခန္ဓာအချိုးအစားများကို သတ်မှတ် ကိုယ်ဟန်လေးမျိုးဖြင့် နောက်ခံတေးဂီတနှင့်အတူ လှစ်ထုတ်ပြသခဲ့ ကြကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင်လှယဉ်ကျေးမယ် ၄၄ ဦးမှ ၁၀ ဦးကိုလည်းကောင်း၊ ကာယအလှမယ် ၄၄ ဦးမှ ၁၀ ဦးကိုလည်း ကောင်းရွေးချယ်ခဲ့ကြကာ၊ နောက်ဆုံး ဆန်ကာတင်အဆင့် ယှဉ်ပြိုင်ရန် လှယဉ်ကျေးမယ် ၁၀ ဦးနှင့် ကာယအလှမယ် ၁၀ ဦးထဲမှ ငါးဦးစီကို ရွေးချယ်ခဲ့ပြီး ဗဟုသုတမေးခွန်းများကို ဖြေဆိုစေခဲ့သည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကျင်းပရာ လှယဉ်ကျေးမယ် ပြိုင်ပွဲတွင်လမ်းမတော် မြို့နယ်မှ ဟေမာန်စိုးဝင်းမှ ပထမ၊ ဒဂုံ (အရှေ့)မြို့နယ်မှ ယဉ်မွန်မွန်အောင်မှ ဒုတိယ၊ လှိုင်မြို့နယ်မှ အိမ့်မှူးသက်က တတိယ၊ ကာယအလှမယ်ပြိုင်ပွဲတွင် ပန်းဘဲတန်းမြို့နယ်မှ ယွန်းအိမွန်မှ ပထမ၊ သာကေတမြို့နယ်မှပန်း မြတ်မွန်မှ ဒုတိယ၊ အင်စိန်မြို့နယ်မှ မေ ဘုန်းသွင်ခန့်မှ တတိယဆု ရရှိခဲ့ကြကြောင်း၊ ပထမဆုအနေဖြင့် ဆုကြေးငွေကျပ်သိန်း၃၀၊ ဒုတိယဆုအနေဖြင့် ဆုကြေးငွေကျပ် သိန်း ၂၀၊ တတိယဆုအနေဖြင့် ဆုကြေးငွေ ကျပ် ၁၅ သိန်းစသည်တို့ကို ချီးမြင့်ခဲ့ကြောင်း သိရသည်။