ပြည်နယ်နှင့်တိုင်း ဖူဆယ်ပြိုင်ပွဲတွင် ရန်ကုန်ကိုယ်စားပြုအသင်းများ အောင်မြင်မှုရရှိ

ရန်ကုန်၊ သြဂုတ် ၂၁
    ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၄ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းအသင်းသည် ပြိုင်ပွဲနှစ်ရပ်လုံး၌ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
    ကနဦး ယှဉ်ပြိုင်ကစားခဲ့သည့် အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းအမျိုးသမီးဖူဆယ်အသင်းသည် ကချင်ပြည်နယ်အမျိုးသမီးဖူဆယ်အသင်းကို ၉ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုကို  ရယူနိုင်ခဲ့ပြီး ရန်ကုန်တိုင်းအမျိုးသမီးဖူဆယ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်၊ ၁၈ မိနစ်၊ ၃၅ မိနစ်နှင့် ၃၉ မိနစ်တွင် သန်းသန်းဝေ၊ ပွဲချိန် ၁၄ မိနစ်နှင့် ၂၃ မိနစ် တွင် ယမင်းသန့်ဇင်၊ ပွဲချိန် ၁၅ မိနစ်တွင် မေဇင်ဦး၊ ပွဲချိန် ၂၂ မိနစ်တွင် လွင်လွင်သက်၊ ပွဲချိန် မိနစ် ၃၀ တွင် ဝတ်ရည်လွင် တို့က သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထို့အပြင် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း ရန်ကုန်တိုင်းအမျိုးသား ဖူဆယ်အသင်းက ကချင်ပြည်နယ် အမျိုးသားဖူဆယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိခဲ့ကာ ရန်ကုန်တိုင်းဖူဆယ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃ မိနစ် နှင့် ၂၁ မိနစ်တွင် စည်သဥအောင်၊ ပွဲချိန် ၈ မိနစ်တွင် စိုင်းဉာဏ်မင်းထက်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 
    ထို့ကြောင့် ရန်ကုန်တိုင်း ဖူဆယ် အသင်းသည် ၂၀၂၄ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ခုလုံးတွင် ချန်ပီယံဆု ရရှိခဲ့သည့် အသင်းအဖြစ် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။
ထူးမြတ်

Total Views ~ 415

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.