ဖြူးမြို့နယ်၌ သကသ(စိစစ်ဆဲ)များမှ တံတား ၁ စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

၂၀၂၃ ၊ မတ် ၁၁ 
ယမန်နေ့ (မတ် ၁၀)မွန်းလွဲ ၃ နာရီတွင် တောင်ငူခရိုင် ဖြူးမြို့နယ်၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာ သပြေလဟာကျေးရွာနှင့် ကညွတ်ကွင်းမြိုတိုအား ဆက်သွယ်ထားသည့် အလျား ၃၀ ပေ၊ အနံ ၁၂ ပေခန့်ရှိ “မလှမင်းသား” ကွန်ကရစ်တံတား အား သကသ (စိစစ်ဆဲ)များမှ မိုင်းထောင်ဖောက်ခွဲပြီး စစ်တောင်းမြစ်ဘက်သိုပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထိုမိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားတစ်ခုလုံးပြိုကျခဲ့ပြီး လူ/ယာဉ်များသွားလာ၍မရတော့ကြောင်းနှင့် လူ/တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သပြေလဟာကျေးရွာရစဖမှူး မှ  သက်ဆိုင်ရာသို အကြောင်းကြားချက်အရ သိရှိရ၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာ၀န်ရှိသူများက အခင်းဖြစ်အရပ်သိုသွားရောက်စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ တပ်နယ်သိုသတင်းပိုတင်ပြထားရှိပြီး ခွင့်ပြုချက်ရရှိပါက ပူးပေါင်းလုံခြုရေးအဖွဲဖြင့် သွားရောက်စစ် ဆေးရန်စီစဉ်ထားရှိကြောင်း သိရသည်။

Total Views ~ 384

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43224

© 2022 - 2025 News. All Rights Reserved.