နေပြည်တော်၊ ဇန်နဝါရီ ၈
ဗန်းမော်မြို့တွင် KIA ၏ စစ်ရေးချဲ့ထွင်မှု၊ အကြမ်းဖက်မှု နောက်ဆက်တွဲပြဿနာ ဒေသခံပြည်သူလူထုအကြား လုယက်ခံရမှု၊ နေအိမ်၊ ဆိုင်ခန်းဖောက်ထွင်းမှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ ဗန်းမော်မြို့ဒေသခံများအနေဖြင့် အခြားသော အရပ်ဒေသများသို့ တိမ်းရှောင်ကြရာ တွင် ကျန်ရစ်သည့် ဥစ္စာပစ္စည်းများကို မသမာသူများက ခိုးယူဖောက်ထွင်းလျက်ရှိပြီး လုယက်မှုများ လည်း ပိုများလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"သူခိုးတွေ အရမ်းပေါလာတယ်။ ဆိုင်ခန်းတွေကလည်း မတတ်သာလို့ ရှောင်ကြတဲ့အခါကျတော့ အခွင့်အရေးပေးသလို ဖြစ်နေတာ။ ဆိုင်ခန်းတော်တော်များများဆိုရင် ဖောက်ထွင်းခံရတာများတယ်"ဟု ၎င်းက ပြောသည်။
အလားတူ ဗန်းမော်မြို့တွင် KIA အနေဖြင့် စစ်ရေးချဲ့ထွင်သည်ဆိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုဒဏ်ကြောင့် အကျအရှုံးများလာသည့်အတွက် KIA သည် လူသစ်စုဆောင်းခြင်းများ၊ လူငယ်လူရွယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဗန်းမော်မြို့ ဒေသခံတစ်ဦးက ပြောသည်။
" KIA က လူသစ်စုနေတယ်။ ဗန်းမော်မှာ တော်တော်ကျလို့၊ လန်ဆယ်၊ ချန်းမောခုန်း၊ ကန်းဖန့်ဘက်မှာ စုနေတာ၊ ဗန်းမော်မှာတော့ တော်တော်အထိနာနေတာ။ လမ်းပေါ်တွေ့ရာလူကို ဆွဲနေကြတယ်"ဟု ၎င်းကပြောသည်။
ဗန်းမော်မြို့နည်းတူ မံစီမြို့တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့သည့် KIA / PDF ပူးပေါင်းအကြမ်းဖက်များက ဗန်းမော်မြို့ စကခ(၂၁) နှင့် ခလရ(၄၇)၊ မံစီမြို့ရှိ ခမရ (၃၁၉)၊ ခမရ (၆၀၁)နှင့် အမှတ် (၅၂၃) အမြောက်တပ် တပ်ရင်းဌာနချုပ် တို့ကို စတင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကွန်းဈာန်