မတ္တရာမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံး

၂၀၂၃ ၊ မတ် ၁၁ 

ယမန်နေ့ (မတ် ၁၀) မွန်းလွဲ ၁နာရီခွဲအချိန် အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ တံတားကုန်းကျေးရွာနေ ဦးစိန်ခင်(၅၅)နှစ်မှာ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းအရ သက်ဆိုင်ရာက သတင်းအတည်ပြု စုံစမ်းခဲ့ရာ မတ်လ၉ ရက် ည ၉နာရီခွဲအချိန် ဦးစိန်ခင် သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များကိုင်ဆောင်ရောက်ရှိလာပြီး ဦးစိန်ခင် အား လက်နောက် ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆည်တော်လေးသုသာန်အနီး၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဦးစိန်ခင် တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့သဖြင့် မိသားစုဝင်များမှ အလောင်းအား တံတားကုန်းကျေးရွာသိုပြန်လည်သယ်ဆောင်ခဲ့ပြီး တံတားကုန်းသုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်းသိရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံတပ်နှင့်ပူးပေါင်း၍သက်ဆိုင်ရာတာ၀န်ရှိသူများက အခင်းဖြစ်နေရာသို သွားရောက် စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 367

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43317

© 2022 - 2025 News. All Rights Reserved.