မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များတွင်  ယာယီဖြတ်သန်းခွင့်လက်မှတ် TBP အပြင်  Passport ဖြင့်ပါ ဝင်ထွက်သွားလာနိုင်တော့မည်

၂၀၂၃ စက်တင်ဘာ ၂၅
    မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်များတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက် မှတ်(TBP)အပြင် Passport ဖြင့်ပါ ဝင်ထွက် သွားလာနိုင်တော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှသိရသည်။
    မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေး ဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာ မှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့် ဂိတ်များဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့်သာ ဖြတ်သန်းခွင့်ပြုခဲ့ရာမှ နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာ ယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့်ပါ ခွင့်ပြုပေးလျက်ရှိရာ နယ်စပ်ဂိတ်များမှ ပြည်သူများ ဝင်ထွက်မှု ပိုမိုများပြားလာကြောင်း၊ ထို့ပြင် မကြာမီ ကာလတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်(Passport)ဖြင့်ပါ ဝင်ထွက်သွား လာနိုင်တော့မည်ဖြစ်၍ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့် မူဆယ်နယ်စပ် စစ်ဆေးရေးဂိတ်များကို စက်တင်ဘာ ၂၄ ရက် လှည့်လည် ကြည့်ရှုစဉ် ထည့်သွင်းပြောကြားခဲ့သည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ် ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ ရောက်ရှိကြပြီး တရုတ်နိုင်ငံဘက်အခြမ်းရှိ ကြယ်ဂေါင်လူဝင် မှုစစ်ဆေးဂိတ်ကို လှည့်လည်ကြည့်ရှုလေ့ လာခဲ့ကြပြီး ရွှေလီမြို့တော်ဝန်နှင့် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများကလည်း ရွှေလီနယ် စပ်ဂိတ် ဖွင့်လှစ်ခဲ့မှုသမိုင်းကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
    ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်မြို့ ရွှေနန်းတော် လူဝင်မှုစစ်ဆေးရေး ဂိတ်တွင် ပြည်သူများအား နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်(Border Pass – BP)နှင့် ယာ ယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temp-orary Border Pass – TBP)တို့ဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်သွားလာနိုင်ရေး စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ရွှေနန်းတော်ဂိတ်တာ ဝန်ရှိသူများကလည်း မူဆယ်ဒေသတွင်း အခြေအနေနှင့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ရွှေနန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်းစစ်ဆေးရေးဂိတ်များမှတစ်ဆင့် အပြန်အလှန် ကူးလူးဆက်သွယ် သွားလာနေမှုနှင့် ယာဉ်ကြီးယာဉ်ငယ်များဖြင့် ကုန်စည်စီးဆင်းနေမှု၊ နှစ်နိုင်ငံ ပြည် သူများအား ယာယီဖြတ်သန်းခွင့်လက်မှတ် (TBP)ဖြင့် ဆောင်ရွက်ပေးနေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများကို နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ထွက်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိမှု၊ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာရာတွင် အဆင်ပြေ မြန်ဆန်စေရေးအတွက် ညှိနှိုင်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
    ထို့အပြင် ပြည်ထောင်စုဝန်ကြီး သည် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနနိုင်ငံတကာ ဆက်ဆံ ရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူးနှင့် ရွှေလီမြို့ တော်ဝန်တို့ကို ရွှေလီမြို့မုန်းမော် ဟန့်ဟိုတယ်၌ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် လူဝင်မှုစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ ပြည်သူများ ဝင်ထွက်သွားလာနိုင်ရေးနှင့် နယ်စပ်စစ်ဆေးရေးလုပ်ငန်းများ အဆင် ပြေစေရေးအတွက် နယ်စပ်ဂိတ်များ၌ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး၊ ကုန်တင်ယာဉ်ကြီး ယာဉ်မောင်း များ ဝင်ထွက်သွားလာမှု အဆင်ပြေစေရေး အတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံသားများ နိုင်ငံကူးလက်မှတ်(Passport)ဖြင့် ဝင်ထွက်သွားလာရာတွင် အဆင်ပြေစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

Total Views ~ 378

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43261

© 2022 - 2025 News. All Rights Reserved.