Breaking

လသာမြို့နယ် ၊သိမ်းကြီးစျေး D ရုံနှင့် E ရုံရှိ ပြည်သူများထံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်သူ မဲဆွယ်စည်းရုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉
   ရန်ကုန်တိုင်း လသာမြို့နယ်မှ ဝင်ရောက်ယှဥ်ပြိုင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်သူသည် လသာမြို့နယ် ၊သိမ်းကြီးစျေး D ရုံနှင့် E ရုံရှိ ပြည်သူများထံ မဲဆွယ်စည်းရုံးခြင်းနှင့် မဲပေးနည်းစနစ်များ ပြောပြပေးခြင်းကို ဒီဇင်ဘာ ၁၉ ရင်နေ့တွင် ပြုလုပ်ခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင် ဦးမြတ်သူ က "လသာမြို့နယ်နဲ့ သိမ်ကြီးစျေး D ရုံနဲ့ E ရုံကို လက်ကမ်းစာစောင်ဝေတယ်။ နောက်မဲရုံတွေမှာ မဲထည့်ရင် အဆင်ပြေအောင် ဘုတ်ပြားလေးနဲ့ မဲပေးပုံကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့သွားတဲ့ နေရာက စျေးဆိုတော့ လသာမြို့နယ်မှာနေတဲ့ ပြည့သူတွေကနည်းတယ်။ ပန်းဘဲတန်း၊ ဒဂုံ၊ ပုဇွန်တောင်မြို့နယ်က ပြည်သူတွေကများတယ်။ ဘယ်မြို့နယ်ကဘဲဖြစ်ဖြစ် မဲပေးတဲ့စနစ်လေး သိစေချင်တဲ့အတွက်ပါ။ မြေပြင်က ပြည်သူတွေက (ppp)ပါတီကိုလည်းသိပါတယ်။  မဲဆွယ်စည်းရုံးတာကိုလည်း လက်ခံပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကတော့ အခက်အခဲကတော့ ကုန်စျေးနှုန်း ကြီးမြင့်နေတဲ့အတွက် အရောင်းအဝယ်ပါးတယ်လို့ ပြောကြတယ်။ ဒါလေးတွေကို ဘယ်လိုလုပ်ပေးမလဲမေးလာကြတယ်။ ဒါကိုပြန်ရှင်းပြပေးရတာတော့ရှိတယ်"ဟု ပြောကြားခဲ့သည်။ 
     ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ကုန်စျေးနှုန်းကျဆင်းရေးနှင့်ပတ်သက်၍ ရက်တစ်ရာစီမံကိန်းများကိုလည်း ပါတီမှုဝါဒတွင် ရေဆွဲပြီးသား ဖြစ်ကြောင်း၊လက်ရှိ ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးခြင်းအာဖြင့် အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာပါက စီးပွားရေးပိတ်ဆို့မှု များ ဖြေလျှော့ပေးပါက ကုန်စျေးနှုန်း ကြီးမြင့်မှု ပြဿနာများကိုလည်း ဖြေရှင်နိုင်မည့်အရာများကိုလည်းပြည်သူများ သိရှိစေရန် ရှင်းပြပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင် ဦးမြတ်သူက ပြောကြားခဲ့သည်။
   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်သူသည် ၂၀၁၉ခုနှစ် မှ ၂၀၂၀အထိ (UBP)ပါတီတွင် လသာမြို့နယ်ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းနေရာမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရှုံး၊အနိုင်မရှိခဲ့ကြောင်း ၊ဒီဇင်ဘာလ ၁၉ရက်နေ့မဲဆွယ်စည်းရုံးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်သူ ၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင် ဦးရဲထွဋ်တို့ဖြစ်ကြောင် သိရသည်။ သက်မှူး

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59133

© 2022 - 2025 News. All Rights Reserved.