၂၀၂၃၊ ဧပြီ ၂
၂၀၂၃ ခုနှစ်ဧပြီလ ၁ ရက်နေ့ ည ၁၀ ခန့် တွင် တနင်္သာရီမြိုနယ် ဆင်ခြေဖုံးအုပ်စု လယ်တောင်ယာကျေးရွာ နှင့် တမုတ်ချုံးအုပ်စု တမုတ်ချုံးကျေးရွာအကြား မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ် ဒေသအခေါ်ချောင်းဇောက် တွင် ရန်ကုန်မြို မှ ကော့သောင်းမြိုသို ထွက်ခွာလာသည့် ယာဥ်မောင်း အောင်ကိုကိုထက် ပါအကူယာဥ်မောင်း(၂)ဦး ယာဥ်နောက်လိုက် (၂) ဦးမောင်းနှင်၍ ခရီးသည် သံဃာတော် (၄) ပါး အမျိုးသမီး (၄) ဦး အမျိုးသား (၂) ဦး မိန်းခလေး(ကလေးငယ်) (၂) ဦး စီးနင်းလိုက်ပါလာသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဥ်အား လမ်းမကြီး၏အနောက်ဖက်ရာဘာတောအတွင်းမှ အကြမ်းဖက်အဖွဲမှ လက်နက်ငယ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ရာ ယာဥ်ပေါ်ပါ ခရီးသည်များအနက် မယဥ်သဇင်အောင် အသက် (၇) နှစ်၊ ပုလုံးတုံးတုံးကျေးရွာ ကော့သောင်းမြိုနယ်နေသူ နှင့် ဒေါ်ခင်မာကြည် အသက် (၄၅) နှစ် ရှော်တောမော်ကျေးရွာ ကျွန်းစုမြိုနယ်နေသူတို (၂) ဦး လက်နက်ငယ်ထိမှန်သေဆုံးပြီးသံဃာတော် (၂) ပါးနှင့်အမျိုးသား (၂) ဦးပေါင်း (၄) ဦးလက်နက်ငယ်ထိမှန်ဒဏ်ရာများရှိခဲ့ကြောင်း သိရသည်။