ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၂၉၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ နိုဝင်ဘာ ၁၉ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်တွင် ချမ်းငြိမ်းဇော်(ခ)ဖိုးသား မောင်းနှင်ပြီး တိုးပိုင်၊ မောင်မောင်အေးနှင့် မျိုးဝင်း(ခ)အောင်ကိုလတ်တို့လိုက် ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ (ဒေသကာလပေါက် ဈေးတန်ဖိုး ငွေကျပ်သိန်း ၂၉၀၀)နှင့် လက်ကိုင်ဖုန်း ခြောက်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော် ထုတ်ချက်အရ နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကိုနိုင်(ခ)ဇော်မင်းအောင်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်းနှစ်လုံးနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်တွင် ရာဇာဖြိုး(ခ)ပခူးလူညီအား ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်ရှိ ၎င်းင်း၏နေအိမ်တွင် လက်ကိုင်ဖုန်း နှစ်လုံးနှင့် လည်းကောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် မဌေးဌေးစိန်အား ရွှေပြည်သာ မြို့နယ် (၉)ရပ်ကွက်ရှိ ၎င်းင်း၏နေအိမ်တွင် လက်ကိုင်ဖုန်းနှစ်လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ချမ်းငြိမ်းဇော်(ခ)ဖိုးသား(၂၉)နှစ်၊ တိုးပိုင်(၃၂)နှစ်၊ မောင်မောင်အေး(၆၂)နှစ်၊ မျိုးဝင်း(ခ)အောင်ကို လတ်(၃၈)နှစ်၊ ကိုနိုင်(ခ)ဇော်မင်းအောင် (၄၀)နှစ်၊ ရာဇာဖြိုး(ခ)ပခူးလူညီ(၃၇) နှစ်နှင့် မဌေးဌေးစိန်(၃၉)နှစ်တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၂၄ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မခိုင်သီတာဝင်း (ခ)သီတာအား စစ်ဆေးရှာဖွေရာ ၎င်းင်းထုတ်ယူသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် မခိုင်သီတာဝင်း(ခ)သီတာ(၅၂)နှစ်အား မြောက်ဥက္ကလာပမြို့မရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ထူးမြတ်