၂၀၂၃ ၊ မတ် ၂၃
နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ
လျှောက်ထားမှု စာရင်းအရ ယနေ့ (မတ် ၂၃)အထိပါတီပေါင်း ၄၀ အထိ ရှိလာပြီ ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ (UEC) ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပါတီ ၄၀ တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၈ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၃၂ ပါတီဖြစ်ကြောင်း UEC ထုတ်ပြန်ထားသည်
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျှောက်ထားသည့် ပါတီ စာရင်းများမှာ -
(၁) ပြည် ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ
(၂)ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီ
(၃) မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)
(၄)ပြည်ထောင်စု ဒီမိုကရေစီပါတီ ( UDP)၊
(၅)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊
(၆)ဒီမိုကရက်တစ်အင် အားစုလေဘာပါတီ၊
(၇)ဒီမိုကရေစီပါတီသစ်(ကချင်)[N.D.P(Kachin)]၊
(၈)ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ၊
(၉)အမျိုးသားဒီမိုကရေစီပါတီသစ်၊
(၁၀) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ၊
(၁၁)ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊
(၁၂)တိုင်းရင်း သားစည်းလုံးညီ ညွတ်ရေးပါတီ
(၁၃)ရခိုင့်ဦးဆောင်ပါတီ (AFP)
(၁၄)ပြည်သူ့အင်အားပါတီ
(၁၅)ဝံသာနုပါတီ
(၁၆)ဒီမိုကရက်တစ်ပါတီ၊
(၁၇)ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊
(၁၈) လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) (L.N.D.P)
(၁၉)တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(T.N.D.P)
(၂၀) ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(S.S.P)
(၂၁)လူထုပါတီ (The Party for People)
(၂၂) ခမီအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၂၃)ညီညွတ်သောတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ
(၂၄)ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
(၂၅)ပြည်သူ့ရှေ့ဆောင်ပါတီ
(၂၆)မွန်ညီညွတ်ရေးပါတီ
(၂၇)မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုး တက်ရေးပါတီ
(၂၈)ပြည်သူ့အ လုပ်သမားပါတီ
(၂၉)အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၃၀)အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)
(၃၁) ကချင် အမျိုး သားကွန်ဂရက်ပါတီ (KNC)]
(၃၂)ရခိုင်အမျိုးသားပါတီ (ANP)
(၃၃)လူ့ဘောင်သစ်ပါတီ
(၃၄)အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ
(၃၅)အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊
(၃၆)အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)
(၃၇)ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)
(၃၈)အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF)]
(၃၉)ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ
(၄၀)ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) တို့ ဖြစ်သည်။
ယင်း ၄၀ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်း ရုံးမည့်ပါတီ ၁၀ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာစည်းရုံးမည့် ပါတီ ၃၀ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။