ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်း မြို့မှ ဟေလုံကျန်းပြည်နယ် ဟာပေးမြို့သို့ ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၄

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းမြို့မှ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့သိူ့ ဆက်လက်ထွက်ခွာခဲ့ကာ နံနက်၉ နာရီ ၃၀မိနစ်ခန့်တွင် ဟာပင်းလေဆိပ်သို့ ရောက်ရှိခဲ့ ဟေလုံကျန်းပြည်နယ်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ယနေ့(စက်တင်ဘာ ၄ ရက်) ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ Beijing Capital International Airport မှ ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့သို့ ထွက်ခွာလာသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘေဂျင်းမြူနီစီပယ် အစိုးရမှ တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်  ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

Total Views ~ 76

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52230

© 2022 - 2025 News. All Rights Reserved.