ရန်ကုန် သြဂုတ် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် သြဂုတ်လ ၃၁ ရက် ညနေပိုင်းက တရုတ်နိုင်ငံ တီရန်ကျင်းမြို့တွင် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့သို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် တီရန်ကျင်းမြို့ရှိ Hotel Wanda Vista ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးသည့်အကြောင်းအရာများကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့သည် BIMSTEC အစည်းအဝေးကို တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိချိန် ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက နောက်ဆုံးအချိန် တွေ့ဆုံဆွေးနွေးထားသည်။
ထိုစဥ်က အိန္ဒိယနှင့် မြန်မာအကြား အပြန်အလှန်ဆက်ဆံရေးများ၊ အထူးသဖြင့် ဆက်သွယ်ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်တည်ဆောက်မှု၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။